ရွှေပြည်သာတံတား လုံခြုံရေးရဲကင်းတွင် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ခံရ

Posted by Black Magic | Posted in , , | Posted on 11:57 AM

လှိုင်သာယာမြိုနယ်နှင့် ရွှေပြည်သာမြို့နယ်ကို ဆက်သွယ်ပေး ထားသော ရွှေပြည်သာတံတား၏ လုံခြုံရေးရဲကင်းတွင် သြဂုတ်လ ၃၀ ရက် နံနက် ၃ နာရီခန့်က ခင်ပွန်းဖြစ်သူနှင့် စကားများရန်ဖြစ်ကာ မိဘနေအိမ်သို့ တစ်ဦးတည်း ပြန်လာသော ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးကို ရဲတပ်ဖွဲ့ဝင်တစ်ဦးက အဓမ္မပြုကျင့်ခဲ့ကြောင်း အဆိုပါ မိန်းကလေး၏ ဆွေမျိုးသားချင်း များက ပြောကြားသည်။

လှိုင်သာယာမြို့နယ် (၂၀) ရပ်ကွက်၊ ဗိုလ်တေဇ ပတ်လမ်းတွင် နေထိုင်သော မိန်းကလေးသည် ခင်ပွန်းဖြစ်သူနှင့် စကားများရန်ဖြစ်ကာ ယင်းနေ့ နံနက် ၁ နာရီခွဲခန့်တွင် မင်္ဂလာဒုံမြို့နယ်ရှိ မိဘဖြစ်သူ၏ နေအိမ်ပြန်ရန် ဆိုင်ကယ်ကယ်ရီ မောင်းသမားကို တညင်းကုန်းလမ်းဆုံသို့ ပို့ဆောင် ခိုင်းစဉ်

ရွှေပြည်သာတံတား ရဲကင်းအရောက်၌ ဆိုင်ကယ်ပျက်သွားသဖြင့် ဆိုင်ကယ်မောင်းသူက ကယ်ရီခ ငွေတစ်ထောင်ကျပ်ကို တောင်းယူပြီး ရဲကင်းတွင် ထားခဲ့ရာမှ အဆိုပါ ရဲကင်းတွင် တာဝန်ကျသူ ဒုတပ်ကြပ်ဝင်းဌေးက အလိုမတူဘဲ သားမယားအဖြစ် တစ်ကြိမ် ပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါမိန်းကလေး ၏ ယောက္ခမဖြစ်သူက ပြောကြားသည်။

“အဲဒီညက မိသားစုတွေ ဒိုးဇက်ကစားရင်း သူ့ယောက်ျားနဲ့ စိတ်ဆိုးပြီး ည ၁ နာရီခွဲလောက်မှာ တစ်ယောက်တည်း ထွက်သွားတာ သူ့ယောက်ျား လိုက်ရှာတော့ မရှိတော့ဘူး။

မနက် ၅ နာရီလောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့က လာအကြောင်းကြားမှ ဒီကိစ္စဖြစ်မှန်း သိရတာ။ သမီးက ပြောတာတော့ အဓမ္မပြုကျင့်ခံရတဲ့ အချိန်မှာ ကျန်တဲ့ရဲနှစ်ဦးက မီးသီးသွားဝယ်နေ တယ်လို့ ပြောတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဓမ္မပြုကျင့် ခံရသူသည် ငယ်ရွယ်စဉ်က ငှက်ဖျားပိုး ခေါင်းထဲ သို့ရောက်ကာ ဆေးကုသခဲ့ရသောကြောင့် တစ်ခါတစ်ရံတွင် စိတ်လွတ်လေ့ ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဆိုင်ကယ်ကယ်ရီ မောင်းသူသည် ဆိုင်ကယ်ကိုတွန်းကာ ပြန်လှည် ထွက်သွားပြီး အလယ်ရွာ ကယ်ရီဂိတ်တွင် ဆိုင်ကယ်ကို အပ်ထားခဲ့၍ ဂိတ်သို့ပြန်ကာ သူငယ်ချင်းများကို ရွှေပြည်သာ တံတားလုံခြုံရေး တာဝန်ကျရဲများက ၎င်းကို ထိုးကြိတ်ပြီး ဆိုင်ကယ်ကို သိမ်းယူကာ ခရီးသည် အမျိုးသမီးကို ရဲကင်းတွင် ခေါ်ထားသည်ဟု ပြောဆိုကြောင်း၊

ယင်းနောက် ဆိုင်ကယ်ကယ်ရီ သမားလေးဦးနှင့်အတူ အဆိုပါရဲကင်းသို့ ပြန်လည် ရောက်ရှိ လာပြီး ရဲများကို ရိုက်နှက်ခြင်း၊ ရဲကင်းတွင် တပ်ဆင်ထားသောမှန်ကို ခဲဖြင့်ထုခွဲ ဖျက်ဆီးခြင်း ပြုလုပ်သဖြင့် ရဲတပ်ဖွဲ့ဝင်သုံးဦး ထိခိုက်ဒဏ်ရာရရှိကာ ဆေးကုသ ခံယူနေရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်း ထုတ်ပြန်သည်။

“တာဝန်ကျ ရဲသုံးဦးကို ရဲစည်းကမ်း ဥပဒေအရ အရေးယူသွားမှာပါ” ဟု လှိုင်သာယာ မြို့မရဲစခန်းမှ စခန်းမှူးက ပြောကြားသည်။

ရဲတပ်ဖွဲ့ဝင်များ ရိုက်နှက်ခံရခြင်းနှင့် ပတ်သက်၍ ဖြစ်စဉ် အမှန်ပေါ်ပေါက်ရန် ထန်းတပင်မြို့နယ် သောင်ကြီးနှင့် အဖျောက်တို့မှ စခန်းမှူးသုံးဦးတို့ အဖွဲ့ဖြင့် ခုံရုံးဖွဲ့ စစ်ဆေးနေပြီး ဖြစ်ကြောင်း၊ လှိုင်သာယာ မြို့မရဲစန်းက (ပ) ၉၈၀/၁၃၊ ပုဒ်မ ၃၃၂/၁၁၄ ဖြင့်လည်းကောင်း၊ (ပ) ၉၈၁/၁၃၊ ပုဒ်မ ပပက ၆(၁) ဖြင့်လည်းကောင်း စစ်ဆေးလျက် ရှိကြောင်း ၎င်းကထပ်မံပြောကြားသည်။

TheVoice Weekly

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.