Posted by Black Magic | Posted in ထူးထူးခြားခြား , ဗဟုသုတများ | Posted on 7:18 AM
လူသားတွေက အမြဲတမ်း ပြီးပြည့်စုံနေဖို့ ကြိုးစားရင်းက တစ်ခါတစ်ရံမှာ အလွန်အကျွံတွေ ဖြစ်ကုန်တတ် ပါတယ်။ တချို့ပြင်ဆင် ခွဲစိတ်မှုတွေက ငွေအလွန် အကျွံကုန်စေရုံသာမက ကျန်းမာရေးကိုပါ ထိခိုက်စေနိုင် တယ်ဆိုတာ သတိထားသင့်ပါတယ်။ အဲဒီလိုအလှပြင် မှုတွေထဲက ထူးထွေဆန်းပြား အလှပြင်နည်း
အချို့ကတော့....
(၁) Joker အပြုံးခွဲစိတ်မှု
သင့်မျက်နှာပေါ်မှာ ၀မ်းသာသာ၊ ၀မ်းနည်းနည်း အပြုံးမျက်နှာတစ်ခုကို လိုချင်ပါသလား။ ဒါဆိုရင်တော့ Joke smile Surgery ကို လုပ်လိုက်ပါ။ ဒီခွဲစိတ်မှုက သင့်ရဲ့နှုတ်ခမ်းတစ်ဝိုက်က ကြက်သားတွေ၊ အထူးသဖြင့် မေးစေ့တစ်ဝိုက်က ကြက်သားများကို ပြုပြင်ပြောင်းလဲပေး လိုက်တာပါ။ ဒီခွဲစိတ်မှုက ထာဝရဖြစ်ပြီး လွဲမှားတာ တစ်ခုခုရှိခဲ့ရင်တော့ ရုပ်ပျက်ဆင်းပျက်နဲ့အဆုံး သတ်သွား နိုင်ပါတယ်။ ခွဲစိတ်မှုမလုပ်ဘဲနဲ့လည်း ဘိုတောက်ခ်ထိုးခြင်း အားဖြင့် Joker အပြုံးပြုလုပ်နိုင်ပါတယ်။ ဘိုတောက်စ် ထိုးခြင်းကတော့ သုံးလကြာရင် နဂိုအတိုင်း ပြန်ဖြစ်နိုင်ပါ တယ်။
(၂)လက်ဖ၀ါးပေါ်က အရေးအကြောင်းများကို ခွဲစိတ်ပြုပြင်မှု
ဒီခွဲစိတ်မှုကိုတော့ ဂျပန်လူမျိုးတွေ အများစုက လုပ်လေ့ရှိပြီး ရည်ရွယ် ချက်ကတော့ ကံတရားပြောင်းလဲစေ တယ်လို့ ယုံကြည်လို့ပါပဲ။ ယင်းပြုပြင်မှုကိုတော့ ဆောင် ရွက်သူတွေက ၁၅ မိနစ်အတွင်းမှာ လက္ခဏာ အရေးအကြောင်း ၅ ခုမှ ၁၀ ခုထိ ပြုပြင်ပေးတယ်လို့ သိရပါတယ်။ ဒါပေမယ့် လက်ဖ၀ါးဟာ အာရုံကြောပေါင်း မြောက်မြားစွာရှိတဲ့အတွက် တစ်စုံတစ်ခုမှားသွားရင်တော့ လက်ဖ၀ါးသာမက ယင်းနဲ့ ဆက်စပ်နေတဲ့ အာရုံကြောတွေပါ ပျက်စီးပြီး ဒုက္ခရောက်သွားနိုင်ပါတယ်။
(၃) ခြေမခွဲစိတ်ပြုပြင်ခြင်း
သင့်ရဲ့ ခြေမနဲ့ပတ်သက်ပြီး စိတ်ညစ်နေလား၊ သင့်ရဲ့ခြေမက ကြီးလွန်းနေလား၊ တိုလွန်းနေလား၊ ရှည် လွန်းနေလား၊ Toe Tuck Surgery လုပ်လိုက် ပါ။ ထိပ်ရှူးဖိနပ်တွေစီးတာကြာလို့ သင့်ခြေမပုံပျက်နေ ရင်တော့ ဒီခွဲစိတ်မှုက ကူညီနိုင်ပါလိမ့်မယ်။ ဒီခွဲစိတ်မှုက ထာဝရမခံသလို အလွန်လဲနာကျင်ပါတယ်။ ရလဒ်အ နေနဲ့အရိုးမရှိတဲ့ခြေမဖြစ်လာနိုင်ပြီး ခွဲစိတ်မှုမမှန်ကန်ရင် တော့ အာရုံကြောတွေပါ ပျက်စီးနိုင်ပါ တယ်။
မိုင်ကိ
ref:IANS
Comments (0)
Post a Comment