Posted by Black Magic | Posted in ဟာသများ | Posted on 8:02 PM

ကိုကျေးညို အရက်မူးပြီး ကားမောင်းလာတယ်။
ခဏနေတော့ ရဲကားတစ်စီး လိုက်လာပြီး သူ့ကို အရပ်ခိုင်းတယ်...
ယာဉ်ထိန်းရဲနှစ်ယောက် ဆင်းလာပြီး သူ့ကိုစစ်ဆေးတယ်... ...
'လူကြီးမင်း အရက်သောက်လာသလား'
'သောက်ပါဝူးဂျ -_- '
'ဒါဆို အောက်ခဏဆင်းပြီး လမ်းလျှောက်ပြပါ'
'ရတာပေါ့' ... ဆိုပြီး လမ်းလျှောက်ပြတယ်
အဲဒီအချိန်မှာဘဲ သူတို့နဲ့မလှမ်းမကမ်းမှာ ဝုန်းဒိုင်း ဆိုပြီး ယာဉ်တိုက်မှု ဖြစ်ပါလေရော.....
သူ့ကိုစစ်နေတဲ့ ရဲတွေလည်း ပြသနာပိုကြီးတဲ့အဲဒီနေရာကို ပြေးတော့တာပေါ့တော်တော်ကြာတဲ့အထိ
အဲဒီရဲတွေ ပြန်ပေါ်မလာတာနဲ့ ကိုကျေးညိုလည်း ဆက်စောင့်မနေတော့ဘဲ
ကားပေါ်တက် မောင်းထွက်ခဲ့တယ် ။
နောက်ရက်မနက် အိမ်တံခါးလာခေါက်လို့ ကြည့်လိုက်တော့ မနေ့ကရဲနှစ်ယောက် ဖြစ်နေတယ်။
မသိချင်ယောင်ဆောင်ပြီး မေးလိုက်တယ်....
'ဘာကိစ္စလဲ ဗျာ -_- '
'မနေ့ညက အရက်မူးပြီး ကားမောင်းမိပါသလား'
'ကားမောင်းပါတယ်၊ အရက်လုံးဝမသောက်ပါဘူး '
ဟွင်း ငြင်းလို့ရပြီလေ ခုချိန်ကျမှ ဘာနဲ့မှ စစ်လို့မရတော့ဘူးမို့လား :)
ရဲက ဆက်ပြောတယ်... ...
'မနေ့ညက ကျနော်တွေ့တာတော့ တော်တော်မူးနေသလားလို့'
'စွပ်စွပ်စွဲစွဲဗျာ'
'လူကြီးမင်း မနေ့ညက မောင်းလာတဲ့ ကားရော'
'ဂိုထောင်ထဲမှာ ရှိပါ့'
'ကြည့်လို့ ရမလား'
'ရတာပေါ့'
ကားကို ဆယ်ခါပြန်တောင် စစ်လို့ရတယ် ... ကျေးညို မှတ်မိတယ် ! မနေ့က ဘယ်မှ မတိုက်ခဲ့ဘူး
ခပ်တည်တည်ဘဲ ဂိုထောင်တံခါးကို ဖွင့်ပြလိုက်တာ
အထဲမှာ ရပ်ထားတာက... ...
ရဲကားကြီးတစ်စီးအမိုးပေါ်က မီးလေးတွေတောင် တဖျပ်ဖျပ်နဲ့ ရှိနေဆဲ .... :S










Myanmar Kyat Converter
Comments (0)
Post a Comment