Posted by Black Magic | Posted in သတင်းများ | Posted on 6:13 PM

Miss Supranational ပြိုင်ပွဲ ရဲ့ Official Webpage မှာ မိမိနှစ်သက်ရာ ပြိုင်ပွဲဝင်ကို အနဲဆုံးသတ်မှတ်
ထားတဲ့ ၁၀မဲကို ၅ဒေါ်လာပေးပြီးတော့ Credit/Debit Card Payment System နဲ့ ငွေချေပြီးတော့ မဲ
ပေးရတဲ့ Online Voting ပြိုင်ပွဲကတော့ ပြီးဆုံးသွားပါပြီ။
Miss Myanmar Khin Wint Wah က မဲ အရေအတွက် 3600 နဲ့ ကျန်တဲ့ ပြိုင်ပွဲဝင်တွေ အားလုံးကို အပြတ်အသတ် ဖြတ်ကျော်ပြီး Miss Supranational Internet! ဆုကို ရရှိသွားပါတယ်။
Miss Supranational Internet! ဆုကိုရရှိသွားတဲ့အတွက် ခင်ဝင့်ဝါဟာ ဒီညမှာ ကျင်းပမဲ့ Miss Supranational ပြိုင်ပွဲရဲ့ Final ပွဲစဉ်မှာ Top (20) စာရင်းထဲကို အလိုအလျောက်ပါပြီးသားဖြစ်သွားပါပြီ။
မူရင်းပြိုင်ပွဲကပေးတဲ့ Miss Supranational Internet! ဆုအပြင် Missosology website ကနေပေးတဲ့ People Choice Award!, Face of Miss Supranational 2013!, Belarus website ကပေးတဲ့ Most Beautiful Girl in the World! စတဲ့ Title (4) ခုကို လက်ရှိ အချိန်မှာ ခင်ဝင့်ဝါ တစ်ယောက် ပိုင်ဆိုင်
နေပြီ ဖြစ်ပါတယ်။
Miss Myanmar Khin Wint Wah ရရှိခဲ့တဲ့ ဆုလေးခု စလုံးဟာ အွန်လိုင်း မဲအရေအတွက် အများဆုံး ရရှိမှုကို ဆုံးဖြတ်ပြီး ပေးအပ်ချီးမြှင့်တာ ဖြစ်တဲ့အတွက် Vote လုပ်ပေးခဲ့ကြတဲ့ ပရိတ်သတ်များနဲ့ BHG ရဲ့ ကျေးဇူးကြောင့် ရရှိခဲ့တာလို့ ပြောရင် လွန်မယ်မထင်ပါဘူး။
ယနေ့ည မြန်မာစံတော်ချိန် ၁၀ နာရီခန့်မှာ ကျင်းပမယ့် Miss Supranational 2013 ပြိုင်ပွဲရဲ့ Final ပွဲစဉ် မှာ Miss Myanmar Khin Wint Wah တစ်ယောက်1st Runner-up ဆုကို ရရှိပါစေလို့ ဆုမွန်ကောင်း
တောင်းရင်း ရင်ခုန်စွာနဲ့ စောင့်မျှော် အားပေးကြပါဦး ပရိတ်သတ်ကြီးရေ။
အောက်က လင့်ခ်တွေမှာ စောင့်ကြည့်နိင်ပါတယ်။
http://www.misssupranational.com/
http://ont.by/projects/projects/misssupranational2013
http://www.missosology.info/forum/viewtopic.php?f=1&t=203872
From : mg satan










Myanmar Kyat Converter
Comments (0)
Post a Comment