Posted by Black Magic | Posted in $ မြင်ကက်စရာများ , သတင်းများ | Posted on 12:16 PM
ဘုတလင်၊ စက်တင်ဘာ ၂၂
မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ သခွတ္တနယ်ကျေးတွင် ဗိုလ်မှူးဆိုသူလူတစ်ဦးမှ ကျေးလက်သူနာပြု ဆရာမ
တစ်ဦးထံမှ ငွေကျပ် (၃၅) သိန်း လိမ်လည်ရယူခဲ့သည့် ပြစ်မှုဖြစ်စဉ်တစ်ရပ်အား ယခုနှစ်၊ ဧပြီ ၁၅ ရက်နေ့
ခန့်က ဖြစ်ပွားခဲ့ သော်လည်း ယခုလ ၁၈ ရက်နေ့ ညနေ ၂ နာရီခွဲ အချိန် ရောက်မှ အမှုဖွင့်... တိုင်တန်းခဲ့
ကြောင်း သိရသည်။
ထိုသူမှ နေပြည်တော်တွင် အိမ်းဝင်းခြံမြေများပြန်လည်ရောင်းချလိုသဖြင့် မြေကွက်တစ်ကွက်လျင် (၁၅)
သိန်းနှုန်းဖြင့် မြေ(၂)ကွက်ရောင်းချပေးမည်ဟု ဆိုသူသည်။ ထိုသူ၏ ပြောဆိုချက်များအပေါ် ယုံကြည်မိ
သည့် ကျေးလက်သူနာပြု ဆရာမကြီး ဒေါ်စန်းလင်းမှ ယုံကြည်မိသဖြင့် ငွေ(၃၀)သိန်းကျပ်အား ထိုသူထံ
ပေး၍ မြေကွက်မျက်ကွယ်၌ အရောင်းအ၀ယ်ပြုလုပ်ခဲ့ကြသည်။
ထို့နောက် ဗိုလ်မှူး ဆိုသူ ထိုသူမှ ၎င်း၏ မိခင်ကျန်းမာရေးမကောင်းသဖြင့် ပိုက်ဆံ (၅) သိန်းချေးပေးလိုက်
ရန် ထပ်မံတောင်းဆိုပြန်သည်ဟု သူနာပြုဆရာမကြီး၏ ခင်ပွန်းဖြစ်သူ ဦးသိန်းထွေးမှ ဆိုသည်။
အဆိုပါ ဗိုလ်မှူး ဆိုသူမှာ ဖြူးမြို့နယ်၊ ကညွတ်ကွင်းကျေးရွာအနီးရှိ အမှတ်(၄၃၉) ခြေမြန်တပ်ရင်း၌ တာ
ဝန်ထမ်းဆောင်နေသူ ကိုယ်ပိုင်အမှတ် တ/၃၁၂၅၁၅ ဒုတပ်ကြပ် မင်းချစ်ညို(ခ) ကောင်းမြတ် ဆိုသူဖြစ်
သည်ဟု စုံစမ်းသိရှိရသည်။
၎င်းကိစ္စရပ်အား သီးခြား သတင်းအတည်ပြုချက်ရယူနိုင်ရန် သက်ဆိုင်ရာ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့
ထံသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ယင်း ကိစ္စရပ်သည် တပ်တွင်းရေး ကိစ္စဖြစ်သည့်အတွက် ပြန်
လည်ဖြေကြားပေးရန် မဖြစ်နိုင်ကြောင်း င်ြဆို၍ ဖုန်းချသွားခဲ့သည်။
သို့သော် သူနာပြုဆရာမကြီး၏ တိုင်တန်းချက်အား ဘုတလင်မြို့မ ရဲစခန်းမှ (ပ)၂၀၆/၂၀၁၃ ပြစ်မှုပုဒ်မ
၄၂၀ အရ အမှုဖွင့်ထားသည်ဟု စုံစမ်းသိရှိရသည်။
Monywa Times
(အင်း... ၉၀ ရာခိုင်နှုန်းလောက်က လူလိမ်၊လူကောက်၊လူယုတ်မာ၊မုဒိမ်းကောင်၊ကလိမ်ကကျစ်တွေ ချည်းပဲလို့ပြောရင် မောင် Magic ပြောတာအလွန်ပဲဖြစ်ဦးမယ်..။ :P )











Myanmar Kyat Converter
Comments (0)
Post a Comment