ဖုန်းသိမ်းလို့ အတန်းပိုင်ဆရာကို သတ်တဲ့ကျောင်းသား...

Posted by Black Magic | Posted in , | Posted on 10:27 PM

 
ယခုလ စက်တင်ဘာ (၁၄)ရက်နေ့က တရုတ်နိုင်ငံက အထက်တန်းကျောင်းတခုမှာ ဖြစ်ပွားခဲ့တာပါ... အသက် (၁၈)နှစ်အရွယ် ၁၂ တန်းကျောင်းသား Lei X ဆိုသူက အခင်းမဖြစ်ပွားခင် ၂ ရက်လောက်က သူနဲ့ အတန်းပိုင်ဆရာအကြားမှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး မကျေနပ်လို့ အခုလို ဓါးနဲ့ထိုးသတ်ခဲ့တာပါ...

 
ဖြစ်စဉ်နဲ့ပတ်သက်ပြီး သတင်းထောက်တွေအဆိုအရ... ကျောင်းသားဖြစ်သူ Lei X ဟာ ဆရာစာသင်နေချိန်အတွင်း ဖုန်းကစားနေတာတွေ့လို့ အတန်းပိုင်ဆရာဖြစ်သူက သိမ်းလိုက်တယ်လို့ ဆိုပါတယ်... အဲဒီကိစ္စကို အတန်းပိုင်ဖြစ်သူက ကျောင်းသားမိဘတွေကို အကြောင်းကြားခဲ့ပါတယ်... အဲဒါကို မကျေမနပ်ဖြစ်နေသေးတဲ့ ကျောင်းသားက နောက် ၂ ရက်အကြာ ရုံးခန်းထဲမှာ အတန်းအတွက် သင်ခန်းစာပြင်ဆင်နေတဲ့ သူ့ရဲ့အတန်းပိုင်ဆရာထံသွားပြီး သစ်သီးလှီးတဲ့ ဓါးနဲ့ ပွဲချင်းပြီး ထိုးသတ်ခဲ့တာလို့ ဆိုပါတယ်...
 
Ref: ChinaSmack

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.