ဆိုက်ဘာရာဇ၀တ်မှုများကို ဖြေရှင်းရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ဆိုက်ဘာရဲတပ်ဖွဲ့ သီးသန့်ဖွဲ့စည်းပြီးဖြစ်

Posted by Black Magic | Posted in , | Posted on 11:11 AM



ဆိုက်ဘာရာဇ၀တ်မှုများကို ဖြေရှင်းရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ဆိုက်ဘာရဲတပ်ဖွဲ့ သီးသန့်ဖွဲ့စည်းပြီးဖြစ်
---------------------------------------
နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ကမ္ဘာ့ အင်အားကြီးနိုင်ငံများတွင် ကြုံတွေ့ရလေ့ရှိသော Cyber Crime နှင့်ပတ်သက်၍ ရင်ဆိုင်ဖြေရှင်းနိုင်ရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် Cyber Police Development ကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ၂၀၁၃ခုနှစ်၊ စက်တင်ဘာ(၁၆)ရက်နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ဒုတိယညွှန်ကြားရေးမှူး(ဆက်သွယ်ရေး) ဒုတိယရဲမှူးကြီး ဦးထွန်းနေ၀င်းက ပြောကြားခဲ့သည်။
““အခုလောလောဆယ်တော့ Cyber Law နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တိုက်ရိုက်တိုင်ကြားထားခြင်းမရှိသေးပါဘူး။ ဒါကြောင့် Cyber Law နဲ့ပတ်သက်ပြီး အရေးယူမှုများမရှိသေးပေမဲ့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနက တင်ထားတဲ့ ဆက်သွယ်ရေးဥပဒေမူကြမ်း အတည်ပြုပြီးနောက်ပိုင်း Cyber Law က ခိုင်ခိုင်မာမာထွက်ပေါ်လာမှာပါ””ဟု ဒုတိယရဲမှူးကြီး ဦးထွန်းနေ၀င်း က ပြောကြားခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် နိုင်ငံတကာစံချိန်စံညွှန်း များနှင့်အညီ ရဲတပ်ဖွဲ့ကို ဖွဲ့စည်းတည်ထောင်သွားရန်အတွက် နည်း ပညာပိုင်းဆိုင်ရာ လိုအပ်ချက်များသာမက လူ့စွမ်းအားအရင်းအမြစ် (HR) လိုအပ်ချက်များပြီးပြည့်စုံရန်လိုအပ်ကြောင်း ဒုတိယရဲမှူးကြီး ဦးထွန်းနေ၀င်းက ထပ်မံပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ရဲဇာနည် Facebook နှင့် www.myanmarpoliceforce.org ဟူသော တရားဝင် websites များကို ထားရှိကြောင်းသိရှိရသည်။ အဆိုပါ တရားဝင် websites များတွင် ပြည်သူများအတွက် ဥပဒေနှင့်ပတ် သက်သော စာအုပ်များအပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ပတ်သက်၍ ဝေဖန်အကြံပြုချက်များနှင့်ဖြေရှင်းချက်များကို အဆိုပါ websites များမှ တစ်ဆင့် ချက်ချင်းထုတ်ပြန်ထားရှိသည်။ ထို့အပြင် နိုင်ငံတော် သမ္မတဦးသိန်းစိန်မှာကြားထားသော e-government လုပ်ငန်းစဉ်ကို (၁)နှစ်အတွင်း အကောင်အထည်ဖေါ်ဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းသတင်းဌာန (CID) တွင် ဖွဲ့စည်းထား ရှိသော Cyber Crime နှင့်ပတ်သက်သော အဖွဲ့အစည်းကို နိုင်ငံ တကာအဆင့်မီဖွဲ့စည်းထားရှိသည့်အပြင် နိုင်ငံတကာက နည်းပညာရှင်များ interpol မှ အဖွဲ့အည်းများအပြင် ဆက်သွယ်ရေးသတင်း အချက်အလက်နှင့်နည်းပညာဝန်ကြီးဌာနမှ Cyber Crime နှင့်ပတ် သက်သော လုံခြုံရေးသင်တန်းများနှင့်အသိပညာပေးပို့ချမှုကို ပြုလုပ် လျက်ရှိကြောင်းသိရှိရသည်။
Digital Life Journal

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.