ကိုယ့် Drive ကို CMD သုံးပြီးဖွက်ကြည့်မယ်

Posted by Black Magic | Posted in | Posted on 6:10 AM

ကိုယ့် ကွန်ပျူတာက D:\ drive, E:\ drive တွေကို သူများမမြင်စေလိုရင် ဖျောက်ထားလို့ရပါတယ်။ အလွယ်တကူလည်း ပြန်ဖော်လို့ ရပါတယ်။ အောက်ပါအတိုင်း အဆင့် အနည်းငယ်နဲ့ စမ်းသပ်ကြည့်ပါ။



ဖျောက်မယ်။
  1. ကီးဘုတ်က Windows Key + R Key ကိုတွဲနှိပ်ပြီး Run Box ကို ခေါ်ပါ။
  2. Run box ထဲမှာ cmd လို့ ရိုက်ထည့်ပြီး Enter ခေါက်ပါ။ 
  3. cmd ပွင့်လာရင် diskpart လို့ ရိုက်ပြီး Enter ခေါက်ပါ။
  4. ပြီးရင် list volume လို့ ထပ်ရိုက်ပြီး Enter ခေါက်ပါ၊ အဲ့ဒိ အခါမှာ Volume Number နဲ့ Drive တွေရဲ့ Drive letter တွေကို တွေ့ရမှာပါ။ 
  5. ကိုယ်ဖျောက်လိုတဲ့ Drive က D:\ ဆိုရင် နံပါတ် ၂ မှာ တွေ့ရမှာပါ၊ E:\ ဆိုရင် နံပါတ် ၃ ဖြစ်မှာပါ။
    အခု D drive ကိုဖျောက်မှာ ဖြစ်တဲ့ အတွက် select volume 2  လို့ ရိုက်ထည့်လိုက်ပါတယ်။
    D drive ကို ရွေးချယ်ပြီးသွားပါပြီ။
  6. နောက်ဆုံး အနေနဲ့ remove letter D လို့ ရိုက်ပြီး Enter ခေါက်ပါ။ D drive ပျောက်သွားပါပြီ။

 ပြန်ဖော်မယ်။
ပြန်ဖော်မယ်ဆိုရင် အထက်ပါ အဆင့်တွေ ထဲက အဆင့် (၅) အထိ ပြန်လုပ်ပါ။
ပြီးတဲ့ နောက် assign letter D လို့ ရိုက်ပြီး Enter ခေါက်ပါ။ D ဆိုတဲ့ နေရာမှာ ကိုယ်ရွေးချယ်ထားတဲ့ 
Drive ရဲ့ နာမည်ကို ထည့်ရမှာနော်။ ခုနက ဖျောက်ထားတဲ့ Drive ပြန်ပေါ်လာပါပြီ။
Credit to MM IT Helper

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.