၁၀ တန်းအောင်းရင် DV Visa လျှောက်လို့ရတယ်နော်...!

Posted by Black Magic | Posted in | Posted on 3:38 PM


ရန်ကုန် စက်တင်ဘာ ၂၈

ကမ္ဘာပေါ်ရှိ နိုင်ငံ အသီးသီးကို အမေရိကန်နိုင်ငံမှ အခြေချ နေထိုင်ခွင့်ပြုခဲ့ရာ မြန်မာနိုင်ငံ အနေဖြင့် ပြည်ဝင်သူ ဦးရေ နည်းပါးသည့် စာရင်းတွင် ပါဝင်နေသည့်အတွက် ပညာအရည်အချင်း အနိမ့်ဆုံး တက္ကသိုလ် ဝင်တန်းအောင် မြန် မာ နိုင်ငံသား မည်သူမဆို အောက်တိုဘာ ၂ရက်မှစပြီး www.dvlottery.state.gov မှ လျှောက်ထား နိုင်ပြီဖြစ်ကြောင်း ယမန်နေ့ ညနေ ၆ နာရီတွင် ရန်ကုန်မြို့
မဟာဗန္ဓုလလမ်းရှိ YMCA ခန်းမ၌ ကျင်းပသော အမေရိကန် နိုင် ငံ ပြည်ဝင်ခွင့် DV ဗီဇာကံစမ်းမဲ သတင်း စာရှင်းလင်းပွဲတွင် အမေရိကန် သံရုံးမှ Vice consul. Jonathan Chestnut က ပြောကြား သည်။

''မြန်မာနိုင်ငံရဲ့ အမေရိကန် ပြည်ဝင်သူ ဦးရေဟာ နှစ်စဉ် နိုင်ငံတကာထက် နည်းပါးပါတယ်။ ဒါကြောင့် DV ဗီဇာ ကံစမ်းမဲ ဝင်ခွင့် အခွင့်အလမ်းဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲတွေကို အမေရိကန်သံရုံး (ရန်ကုန်)အနေ နဲ့ ပြု လုပ် ပေးတာပါ။ ဘယ်နိုင်ငံသား မဆို အမေရိကန် နိုင်ငံမှာ အခြေချနေထိုင်ခွင့် ရှိပါတယ်။ ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးမှ အမေရိကန် နိုင်ငံကို နှစ်စဉ်ပြည်ဝင်ခွင့် ဦးရေ ငါးသောင်း သတ်မှတ် ထားပါတယ်။ တစ်နိုင်ငံကို ၇ ရာခိုင်နှုန်း ပြည်ဝင် ခွင့် ရှိပါတယ်။ အဲ့ဒီထဲမှာ မြန်မာနိုင်ငံလည်း အပါအဝင် ဖြစ်ပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးမှု နည်းတဲ့ နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို အထူးအခွင့် အရေး ပေးတာပါ'' ဟု ၎င်းက ဆက်လက် ပြောကြားသည်။

လျှောက်ထားသူ မြန်မာနိုင်ငံသားများ အနေဖြင့် www.dvlottery.state.gov ကို ဝင်ကြည့်ပြီး လိုအပ်သည့် အချက် အလက် များကို ရယူနိုင်သည်။ အနိမ့်ဆုံး ပညာအရည်အချင်း တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူ ဖြစ်ရမည်။ အလုပ်လုပ် ကိုင် သူများအတွက် အနည်းဆုံး လုပ်သက် ၂နှစ် ရှိရမည်။ မိမိလုပ်ခဲ့သော အလုပ်အကိုင် ရာထူးသည် Job Zone ၄ နှင့် ၅ ရှိ Specific Vocational Preparational အဆင့် ၇နှင့် အထက်တွင် ရှိရမည် ဖြစ်သည်။

လျှောက်ထားသူများအနေဖြင့် DV ဗီဇာကို အောက်တိုဘာ ၂ ရက်မှ စတင် ပြီး www.dvlottery.state.gov တွင် နိုဝင်ဘာ ၂ ရက်အထိ တစ်လကြာ လျှောက်ထား နိုင်မည်ဖြစ်သည်။ ထိုသို့ လျှောက်ထားလျှင် DV information ကုတ်နံပါတ် ရရှိမည် ဖြစ်သည်။ ထိုကုတ်နံပါတ်ကို မိမိကိုယ်တိုင် လျှို့ဝှက်မှတ် ထားရမည် ဖြစ်ပြီး ၂ဝ၁၄ခုနှစ် မေလ တွင် www.dvlottery.state.gov ၌ DV information ကုတ်နံပါတ်ကို ရိုက်ထည့် ပြီး DV ဗီဇာဝင်ခွင့် ပါမပါ ကြည့်ရှုနိုင် မည်ဖြစ်သည်။ ထိုသို့ လျှောက်ထားမှုများတွင် ဗီဇာကျသည်အထိ ငွေကြေး ကုန်ကျမှု လုံးဝမရှိဘဲ ဗီဇာကျပြီး အမေ ရိကန် သံရုံး (ရန်ကုန်)တွင် အင်တာဗျူး ဝင်မှသာ ငွေကြေးကုန်ကျမည် ဖြစ်ကြောင်း သိရသည်။

မောင်မျိုး(ဧရာဝတီ)
မြ၀တီသတင်း

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.