Posted by Black Magic | Posted in Internet Download Manager , နည်းလမ်းများ | Posted on 6:09 PM

သိပြီးသားသူတွေကတော့ ထုံးစံအတိုင်း သည်းခံပေးပါဦးခင်ဗျာ.. သိရင်တော့ လွယ်ပေမယ့် မသိရင်ကျတော့ ရွာလည်နေတတ်လို့ပါ...
IDM ကိုInstall လုပ်ပြီးပြီးချင်းမှာ APK တို့ iOS File Type တွေမပါတော့ ဒေါင်းလို့မရပါဘူး...
သူ့ကိုသပ်သပ်ထပ်ထည့်ရပါတယ်.. လုပ်နည်းလေးကိုတော့ အောက်မှာကြည့်ကြည့်ပါဗျာ..
အရင်ဦးဆုံး IDM ကိုဖွင့်လိုက်ပါ ။
Option ကိုဆက်နှိပ်လိုက်ပါ။

OPTION ကိုနှိပ်လိုက်ရင် အောက်ပုံအတိုင်းကျလာမယ်။

File types ကို ဆက်နှိပ်လိုက်ပါ။
File types ဆိုတာ IDM နဲ့ ဒေါင်းလို့ ရမယ့် ဖိုင်အမျိုးအစားတွေပါ ။
အဲ့ဒီထဲမှာ APK ဆိုတာ မပါ ပါဘူး။ ဒါကြောင့် APK တွေကို ဒေါင်းလို့ မရပါဘူး ခင်ဗျာ။
(ဒေါင်းရမယ့် လင့် URL ကို copy လုပ်ပြီးတော့ IDM ရဲ့ Add Url မှာ လာထည့်ရင်တော့ ရပါတယ်)

အဲ့ဒီ ထဲမှာ APK ဆိုပြီးတော့ ကျနော် တို့က ထပ်ပြီး ရေးထည့်ပေးရပါမယ်..

အဲဒီလို ထည့်ရေးပေးလိုက် တာနဲ့ ဒေါင်းလို့ ရသွားပါတယ် ခင်ဗျာ..

Apk မှမဟုတ်ပါဘူး.. ကိုယ်ဒေါင်းလို့မရတဲ့ File Type တွေကိုထည့်ပေးလိုက်ပါခင်ဗျာ...
အခြားသော Browser တွေ မှာလည်း ဒေါင်းမရဘူး ဆိုရင် ဒီနည်း အတိုင်းနဲ့ ရနိုင်ပါတယ် ခင်ဗျာ။
အားလုံးကိုကျေးဇူးတင်ပါတယ်...။
Ref:ကိုလတ်(ကျွဲဆင်း)

Myanmar Kyat Converter
Comments (0)
Post a Comment