ဒါဖတ်ပြီးမှ iOS 7 Update လုပ်ပါ...

Posted by Black Magic | Posted in , | Posted on 7:13 PM



iOS 7 ကို September 18th မှာ ထုတ်ပေးမယ်လို့ Apple က ကြေငြာထားခဲ့တဲ့ အတွက် မကြာမီ နာရီပိုင်းအတွင်းမှာ အားလုံးအတွက် iOS 7 final version ထွက်လာတော့မှာ ဖြစ်ပါတယ်။ iOS 7 ကို စောင့်ရတာကြာလို့ ထွက်လာတာနဲ့ တင်ပစ်လိုက်မယ်လို့ အားခဲထားတဲ့ မိတ်ဆွေများအတွက် သတိပြုနိုင်ဖို့ အချက်တစ်ချို့ကို ကြိုတင် အသိပေးပါရစေ..

iOS 7 ကို မတင်ရရင် မနေနိုင်လို့ တင်ကို တင်မယ့် မိတ်ဆွေများ၊ မိမိတို့ရဲ့ iDevice သည် iOS version တစ်ခုခု Jailbreak ဖြစ်ပြီးသားဆိုရင် iOS 7 ကို မတင်မိ "ShSh blob" ကို Cydia ကနေဖြစ်စေ TinyUmbrella နှင့် ဖြစ်စေ iSHSH နှင့် ဖြစ်စေ Save လုပ်ထားသင့်ပါတယ် (iOS 6.1.3 နှင့် 6.1.4 ထက်နိမ့်သော iOS များအတွက် ShSh blob ကို အခုမှ Save လုပ်နိုင်ဖို့ ဆိုတာတော့ မသေချာပါ)။ iOS 7 ကနေ Downgrade လုပ်နိုင်ရန် မသေချာသေးသော်လည်း ShSh blob သိမ်းထားတာဟာ မမှားပါဘူး။ ဒါ့အပြင် iDevice ကို iTunes နှင့်ဖြစ်စေ iCloud နှင့် ဖြစ်စေ Backup လုပ်ရန် မမေ့ပါနှင့်...
Jailbreak လုပ်ပြီးသုံးရမှ စိတ်ကျေနပ်မယ့် မိတ်ဆွေတွေ အတွက်တော့ iOS 7 ကို အလောတကြီး မတင်သင့်ပါဘူး။ အထူးသဖြင့် unlock-able baseband ပြောင်းထားတဲ့ iPhone တွေ အတွက်တော့ လုံးဝကို Update မလုပ်သင့်သေးပါဘူး။
iOS 7 မှာ ဆွဲဆောင်စရာ features တွေနဲ့ ပြည့်နှက်နေပေမယ့် ကောင်းမွန်စွာ အလုပ် လုပ်နိုင် မလုပ်နိုင်ဆိုတာ နဲ့ အခြား အားနည်းချက်တွေကို အနည်းငယ် စောင့်ကြည့်ဖို့တော့ လိုပါတယ်။ အဆိုး အကောင်းတွေရဲ့ သတင်းတွေကို ထိုက်သင့်သလောက် နားစွင့်ပြီးမှ update လုပ်တာဟာ ပိုမို စိတ်ချနိုင်စရာဖြစ်ပါတယ်။

iOS 7 အတွက် Jailbreak ဟာလည်း ထွက်လာဖို့ အချိန်အတော်အသင့် ယူဦးမှာမို့ အနည်းဆုံး မြန်မာစာ မမြင်ရတဲ့ ပြဿနာတော့ ရှိနေဦးမှာပါ။
ယခု ဒီဆောင်းပါး ရေးနေစဉ် အထိ iOS 7 final version မထွက်သေးပါဘူး... အားလုံး Good Luck ပါ...

အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

Credit to မိုးသိကြား

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.