ကိုယ့်မှာ Sony Ericsson java ဖုန်း၊ ဒါမှမဟုတ် တခြား Keypad java ဖုန်း၊
Nokia ဖုန်းရှိတယ်ဆိုရင် Bluetooth သုံးပြီး ချိတ်ဆက်ထားတဲ့ အခြား java
ဖုန်းတစ်လုံးကို Hack နိုင်ပါတယ်။ လိုအပ်တာကတော့
Super Bluetooth Hack ဆော့ဝဲပါ။ Java ဖုန်းတွေ အတွက် သီးသန့်ဖြစ်ပါတယ်။ ဒီဆော့ဝဲလေးကို သုံးပြီး
ကလိကြည့်မယ်ဆိုရင် ကိုယ့်ဖုန်းကနေ အခြားဖုန်းကို
(1) Message လှမ်းဖတ်နိုင်မယ်
(2) Contacts တွေ လှမ်းကြည့်နိုင်မယ်
(3) Profile ကို ပြောင်းနိုင်မယ်
(4) သူ့ဖုန်းထဲက သီချင်းတွေ ဖွင့်နိုင်မယ်
(5) Ringtone သံကို ဖွင့်နိုင်မယ် (သူ Silent လုပ်ထားချိန်မှ တစ်ပါးပေါ့..)
(6) ဖုန်းကို ပါဝါပိတ်နိုင်မယ်
(7) Restart ချနိုင်မယ်
(8) factory settings ကို Restore လုပ်နိုင်မယ်
(9) Ringing volume ကို ချိန်းနိုင်မယ်
(10) သူ့ဖုန်းကို အသုံးပြုပြီး ကိုယ့်ဖုန်းကနေ ဖုန်းပါခေါ်နိုင်မယ်ဗျာ
အောက်က ဒေါင်းလုပ်လင့်ခ် တစ်ခုခုကနေ ဖိုင်ကို ဒေါင်းလိုက်ပါ။
ပြီးရင်ဖိုင်ကို ခွဲလိုက်ပါ။ အထဲမှာပါတဲ့ ဖိုင်ကို ဖုန်းထဲက Internal Memory ဒါမှမဟုတ် SD card ထဲ ထည့်
ပါ။ Install တာကတော့ အဲ့ဒိဖိုင်ကို ရွေးပြီးနှိပ်လိုက်ရင် ပြီးပါတယ်။ Language ရေးရပါမယ်။ English ကို
လိုက်ရှာပြီးရွေးပါ။ အဲ့ဒိနောက် တစ်ဖက်ဖုန်းကိုလည်း Bluetooth ဖွင့် (ကိုယ့်ဖုန်းကိုလည်း Bluetooth ဖွင့်)
Inquiry ကိုနှိပ်ပြီး Search လုပ်၊ တစ်ဖက်ဖုန်းကို တွေ့ပြီဆိုရင် ရွေးလိုက်ပါ။ Password အနေနဲ့ 0000
ပေးလိုက်ပါ။ စမ်းသပ်ကြည့်ကြပါဦး၊ အဆင်ပြေမှာပါ။ ကျွန်တော်တော့ Sony Ericsson ရယ်၊ Nokia keypad ဖုန်းလေးရယ်ကို သူများဆီက ငှားပြီးစမ်းသပ်ပြီးသွားပါပြီ။ အောက်ပါပုံတွေကတော့ ရိုက်စရာ
ဖုန်းမရှိတော့တာနဲ့၊ အင်တာနက်က ပုံတွေပဲ ရှာပြီး တင်ပေးလိုက်ပါတယ်။
Thanks & Credit to IT Field Net

Download Super Bluetooth
Thanks & Credit to IT Field Net

Myanmar Kyat Converter
Comments (0)
Post a Comment