Open With... မပေါ်တော့လျှင်ဖြေရှင်းနည်း

Posted by Black Magic | Posted in | Posted on 10:28 PM

ကိုလွယ်ရေ ကျွန်တော် laptop မှာ openwith မရဘူးဖြစ်နေတယ်ဗျာ ပြီးတော့ winrar file တွေလဲ ပုံစံပြောင်းနေတယ် အရင်ပုံစံနဲ့ လဲမတူတော့ဘူး စာရွက်အဖြူချပ်ထဲမှာ winrar ပုံစံလေးကသေးသေးလေးမြင်နေရတယ် သီချင်း video
ဒီလုပ်နည်းလေးကတော့ Open With သုံးလို့မရတဲ့ ဝင်းဒိုးတွေမှာ ပြန်လည် အသုံးပြုလို့ ရအောင် ပြုလုပ်နည်းလေးပဲ ဖြစ်ပါတယ်..။ ကြုံခဲတဲ့ ဝင်းဒိုး Error မျိုးပါ..။ အများဆုံး ဖြစ်တတ်တာကတော့ Registry Error တွေကို Cleaner ဆော့ဝဲလ်တခုခုနဲ့ ရှင်းပြီးတဲ့ အခါမျိုးတွေမှာ ဖြစ်တတ်ပါတယ်..။ အခု ဒီပိုစ့်ကနည်းနဲ့ လုပ်ပေးလိုက်ရင် ပြန်လည် ကောင်းသွားမှာ ဖြစ်ပါတယ်..။ လုပ်နည်းကတော့ သိပ်တော့မခက်ပါ..။ Notepad နဲ့ အသုံးပြုပေးရမှာ ဖြစ်ပြီး .. တခါတည်း လုပ်တတ်သွားအောင်ပါ အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။
 နောက်တခုကတော့ WinRAR အယ်ရာပါ..။ ပုံမှန် Winrar နဲ့ ချုပ်ထားတဲ့ ဖိုင်တွေကို ဖွင့်လို့ မရတဲ့ အခါ အောက်ဆုံးပုံလေးတွေ အတိုင်း အဆင့်ဆင့် လိုက်ပြောင်းပေးလိုက်ပါ..။ အဆင်ပြေသွားပါလိမ့်မယ်..။ ကျနော့်စက်မှာတော့ အဲ့ဒီ Error မျိုး အခုမရှိပါ..။ ဒီပိုစ့်အတွက် ကြည့်ရလွယ်အောင် ဒီအောက်ကပုံလေးတွေနဲ့ပဲ ပြပေးလိုက်ပါတယ်..။
နောက်ပြီး သီချင်း ၊ Video တွေကိုလည်း မိမိအသုံပြုလိုတဲ့ Player နဲ့ အမြဲတမ်း ဖွင့်လိုတဲ့ အခါ ဒီနည်းအတိုင်းပဲ အထဲဝင်ပြီး Player ပုံလေးကို သွားယူပေးလိုက်ရင် အဆင်ပြေသွားပါတယ်..။ အခုဒီ Winrar ပြောင်းနည်းနဲ့ လုပ်နည်းတူတဲ့ အတွက် မသိသေးတဲ့ သူများကတော့ လေ့လာထားသင့်ပါတယ်..။
 ဒီလုပ်နည်းလေးတွေကို လိုရမယ်ရ လေ့လာထားလိုတဲ့ သူများကတော့ အောက်မှာ ဆက်ကြည့်နိုင်ပါတယ်..။

ကျနော့်စက်မှာ ဒီ Error မျိုး မဖြစ်ပါ..။ လုပ်နည်းရှိထားတဲ့အတွက်၊ ဒီ Error နဲ့ ကြုံတဲ့လူ မေးလာလို့ တိုက်ဆိုင်လာတဲ့အတွက် ဒီနည်းလေးကို ပိုစ့်တခုအနေနဲ့ တင်ပေးလိုက်ပါတယ်..။
အရင်ဆုံး အောက်ကပုံလေးအတိုင်း Start ကနေ Search မှာ Notepad လို့ ရိုက်ထည့်လိုက်ရင် အပေါ်ပိုင်းမှာ Notepad ပုံလေးနဲ့ ပေါ်လာတဲ့အခါ ကလစ်ပြီး ဖွင့်လိုက်ပါ..။


ပြီးရင်တော့ အောက်မှာ ပေးထားတဲ့ ကုဒ်အားလုံးကို copy-paste နဲ့ Notepad ထဲကို ကူးထည့်လိုက်ပါ..။ အောက်ကပုံလေးအတိုင်း..
Windows Registry Editor Version 5.00
[HKEY_CLASSES_ROOT\*\shellex\ContextMenuHandlers\Open With]
@="{09799AFB-AD67-11d1-ABCD-00C04FC30936}"
 ထည့်ပြီးသွားရင်တော့ ဒီ Notepad လေးကို File >> Save as နဲ့ သိမ်းလိုက်ပါ..။ အောက်ကပုံလေးအတိုင်း အဆင့်ဆင့်လုပ်သွားလိုက်ပါ..။


 ဖိုင်လေးကို သိမ်းတဲ့အခါမှာ အောက်ကပုံလေးအတိုင်း Name နေရာမှာ "OpenWith.reg" ဆိုပြီး နာမည်ပေးပြီး သိမ်းပေးရပါမယ်..။ ရှာရလွယ်အောင် Desktop မှာရွေးပေးပြီး Save ကိုနှိပ်ပေးလိုက်ပါ..။


အောက်ကပုံလေးအတိုင်း Desktop မှာ .reg ဖိုင်လေး ရောက်လာရင်တော့ ဒီ Notepad လေးကို ပိတ်ပစ်လိုက်ပါ..။


ပြီးရင်တော့ အဲ့ဒီ OpenWith.reg ဆိုတဲ့ Registry ဖိုင်လေးကို ၂-ချက်တောက်ပြီး Run ပေးလိုက်ပါ..။ အောက်ကပုံလေးတွေ အတိုင်း အဆင့်ဆင့် Yes >> OK ပေးလိုက်ရင် .. Open With အသုံးပြုလို့ မရတဲ့ Error ပြန်ကောင်းသွားပါပြီ..။ လိုအပ်ရင်တော့ စက်ကို Restart ချပေးလိုက်ပါ..။ ပြီးမှ ပြန်စမ်းကြည့်ပါ..။




 <<>====================<>>
 နောက်တခုကတော့ WinRAR ပါ.. ပုံမှန် Winrar နဲ့ ချုပ်ထားတဲ့ ဖိုင်တွေကို ဖွင့်လို့ မရတဲ့ အခါ အောက်ကပုံလေး အတိုင်း အဆင့်ဆင့် လိုက်ပြောင်းပေးလိုက်ပါ..။ အဆင်ပြေသွားပါလိမ့်မယ်..။ ကျနော့်စက်မှာတော့ အဲ့ဒီ Error မျိုး အခုမရှိတဲ့ အတွက် ဒီပိုစ့်အတွက် ကြည့်ရလွယ်အောင် ဒီအောက်ကပုံလေးတွေနဲ့ပဲ ပြပေးလိုက်ပါတယ်..။
နောက်တခု သီချင်း ၊ Video တွေကိုလည်း မိမိအသုံပြုလိုတဲ့ Player နဲ့ အမြဲတမ်း ဖွင့်လိုတဲ့ အခါ ဒီနည်းအတိုင်းပဲ အထဲဝင်ပြီး Player ပုံလေးကို သွားယူပေးလိုက်ရင် အဆင်ပြေသွားပါတယ်..။ အခုဒီနည်းနဲ့ လုပ်နည်းတူတဲ့ အတွက် မသိသေးတဲ့ သူများကတော့ လေ့လာထားသင့်ပါတယ်..။
အဆင့်ဆင့်လိုက်ပြောင်းပေးရမှာကတော့ အောက်ကပုံလေး အတိုင်းပါပဲ..။ 



အပေါ်ပုံအတိုင်း Winrar ကို တွေ့ရင်တော့ တခါတည်း ကလစ်ပြီး ၊ OK ဆက်ပေးပြီး Apply >> OK နဲ့ ထွက်လိုက်ရင် ရပါပြီ..။ ဒီအဆင့်မှာ Winrar ပုံလေးကို မရှိရင်တော့ အပြာရောင်ဝိုင်းပြထားတဲ့ နေရာ Browse ကနေ ဝင်းဒိုးအထဲထိ သွားရှာယူပေးရမှာပါ..။ အောက်ကပုံလေးတွေ အတိုင်း ဆက်ပြီး ရှာယူပေးရမှာပါ..။



ပုံမှာ ပြထားတဲ့ အတိုင်း အဆင့်ဆင့် Winrar ပုံလေးကို ကလစ်ယူပြီး Open >> OK >> Apply >> OK ပေးပြီး ပြန်ထွက်လိုက်ရင် အဆင်ပြေသွားပါပြီ..။

ဒါဆိုရင်တော့ ဒီ Error လေးတွေကို အလွယ်တကူ ဖြေရှင်းတတ်သွားပါပြီ..။
အောက်ကပုံလေးတွေကတော့ GOM Player နဲ့ ဖွင့်ရတဲ့ Video တွေကို Windows Media Player နဲ့ လာအောင် အပေါ်ကနည်းအတိုင်း လိုက်ပြောင်းပေးလိုက်တာပါ..။ အောက်ပုံလေးတွေ အတိုင်းပါပဲ..။ စာတွေ အများကြီး မရေးပေးတော့ပါဘူး..။ ပုံလေးတွေ ကြည့်ပြီး အဆင်ပြေလိမ့်မယ် ထင်ပါတယ်..။






အောက်ဆုံးပုံလေးအတိုင်း Windows Media Player နဲ့ ဖွင့်လို့ ရသွားပါပြီ..။ အားလုံးပဲ အဆင်ပြေပါစေ..။
Credit to LwinMinBo

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.