PyaPal Account အလွယ်ကူဆုံး လျှောက်နည်း , မြန်မာ IP နှင့် PayPal Acc အိပ်မက်

Posted by Black Magic | Posted in , , | Posted on 12:56 PM






ကျွန်တော်တို့ Paypal Account လုပ်တဲ့အခါမှာမြန်မာနိုင်ငံကနေ လုပ်မရတဲ့အတွက် တခြားနိုင်ငံတွေကိုရွေးပြီးလုပ်ရပါတယ်....။
ဒါပေမယ့် အခုမြန်မာ IP နဲ့ PayPal Account မကြာခင်မှာလုပ်လို့ရတော့မယ်လို့ ပြောပါတယ်ခင်ဗျာ...။အဲဒီကျရင်လည်း ထပ်တင်ပေးပါမယ်..။အခုဟာကတော့ Thailand နဲ့ဖွင့်နည်းလေးပါ...။ အရင်ကလည်းတင်ဖူးပါတယ်...။ အခု ကျနော့ Blog ကတော်တော်လေးကို လေး နေတော့ နောက်လှန်ကြည့်ရမှာ ခက်နေမှာစိုးလို့ပါ...။  အကယ်၍ဖွင့်မရခဲ့ရင် အကူညီတောင်းနိုင်အောင် အောက်မှာ ဖုန်းနံပါတ်ရယ် Facebook Adress ရယ်ပေးထားပါတယ်ခင်ဗျာ...။ 
အဆင်ပြေပါစေ..။ Black Magic

အခု တစ်ခေါက် ကျွန်တော် တင်ပြမှာကတော့ PayPal  အကောက် လျှောက်နည်းဘဲ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ နေထိုင်သူများ အတွက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ PayPal အကောက်လျှောက်တဲ့ အခါမှာ နိုင်ငံရွေးတဲ့ဆီမှာ မြန်မာနိုင်ငံမပါလို့ပါဘဲ။ အဲ့ဒါကြောင့် မို့လို့ မြန်မာနိုင်ငံက လူတွေ လျှောက်လို့ လွယ်အောင် တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။မြန်မာပြည်ကလူများကတော့

paypal.comကိုဒီအတိုင်းဝင်လို့ ရမှာမဟုတ်ပါဘူး....။ Freedom သုံးပြီးဝင်ရမှာပါ...။ Freedom အသုံးပြုနည်းကို ဒီမှာ  တင်ပေးထားပါတယ်ခင်ဗျာ...။
 
            အရင်ဦးဆုံး https://www.paypal.com/ ထဲ ၀င်ပြီးတော့ Sign Up ကလစ်လိုက်ပါ။



နိုင်ငံရွေးတဲ့ နေရာမှာ ထိုင်းနိုင်ငံကို ရွေးလိုက်ပါ ခင်ဗျာ။  တကယ်လို့ မိတ်ဆွေတို့က မလေးတို့ ၊ စ လုံး တို့ ကိုးရီးယား 

တို့မှာ နေတယ် ဆိုရင်တော့ ကိုယ်နေတဲ့အတိုင်း ထည့်ပြီး လျှောက်နိုင်ပါတယ်။



Personal ကိုရွှေးပြီးကလစ်ပါ  ။ Email address  ထည့်တာတို့ First Name Last Name ထည့်တာတို့ကတော့ သိမှာပေါ့။

Password မှာတော့  စာလုံးအကြီးတစ်လုံးနဲ့ အသေးတစ်လုံးပါပါစေ။
 
ဥပမာ  Zh12345678  ပေါ့
                                              

ဒီအပိုင်းမှာ ဖြည့်ရမှာက အရေးကြီးပါတယ်။ အမှန်အတိုင်း ဖြည့်ရမှာပါ။ Address မှာ ကြိုက်တာ ထည့်ပါ။ City/District မှာတော့ Phuket  ရေးပါ။ Province မှာလဲ Phuket ကိုဘဲရွေးပေးပါ။ Postcode မှာတော့ 83000 လို့ ဖြည့်ပါ။ Phone number မှာကတော့ 08 နဲ့ စပြီးတော့ ဂဏန်းဆယ်လုံး ပြည့်အောင် ထည့်ပါ အမှန်အတိုင်း ရေးရင်တော့ ကောင်းပါတယ်။0846261126 ဒါကတော့ ကျွန်တော့် Phone No ပါ။ မိတ်ဆွေတို့ သုံးချင်တယ် ဆိုရင် သုံးနိုင်ပါတယ်။
                                              

             ပုံမှာပြထားတဲ့ Line နံဘေးက အမှတ်ကိုဖြုတ်ပြီး Agree and Crate အကောင့်ကို နှိပ်လိုက်ပါ
                                  
    အခုလိုပုံစံလေးတွေ့ရမှာဖြစ်ပါတယ် သူပေးထားတဲ့ စာလုံးတွေကို ထည်ပြီး Continue ကိုကလစ်ပါ။ ဘဏ်အကောင့်ဖြည့်ခိုင်းပါမယ် ဖြည့်စရာမလိုပါဘူး MY Accoute ကိုကလစ်လိုက်ပါ ။ပြီးရင်ကိုယ်အကောင့်ဖွင့်ထားတဲ့ မေးထဲတစ်ချက်ကြည့်လိုက်ပါ။ paypal ဆိုဒ်က ကုတ်ပို့ထားတာတွေ့ရပါမယ်။ ကော်ပီလုပ်ပီးထည့်လိုက်ပါ  အဆင်ပြေပါပြီ။ Security questions  ဖြည့်တဲ့အခါမှာ သတိထားပါ။ သေသေချာချာမှတ်ထား အကြောင်းအမျိုးအမျိုးကြောင့် Pass မေ့တဲ့အခါ  Security questions  မသိရင် ၀င်မရပါဘူး။
                                

                                      
                                       ဒီလိုပုံလေးရနေပြီးဆိုရင်တော့
                                    

ဒါဆိုရင်တော့  အကောက် လျှောက်ခြင်း ပြီးဆုံး သွားပါပြီ ။  မှတ်ချက်=> Paypal Account ရပြီဆိုတာနဲ့ Activate ဖြစ်ဖို့ VisaCard လိုပါတယ်..အဲဒီ ကဒ်အတွက် www.shwemoney.com မှာစုံစမ်းဝယ်ယူနိုင်ပါတယ်..ဈေးနှုန်းကတော့ တစ်နှစ်စာခြောက်သောင်း သက်တမ်းတိုရင် တစ်သောင်းခွဲပါခင်ဗျာ။ Activate မဖြစ်လဲဘဲ အင်တာနက်မှ ရှာထားတဲ့ ပိုက်ဆံတွေကို ငွေလွဲ ငွေပို့ လုပ်လို့ရပါတယ်။

PyaPal အကောက်လျှောက်ရန်အခက်အခဲရှိသူများအောက်ပါလိပ်စာတွင်အကူအညီတောင်းနိုင်ပါသည်။

Facebook
https://www.facebook.com/zawlin3000
Facebook Page
http://www.facebook.com/ZawlinITWorld
Blog
http://zawlinitworld.blogspot.com/
Mobile
084-626-1126  ......... သို့ မဟုတ်

Facebook
https://www.facebook.com/pyaephyo.nyeinchan
Facebook Page
https://www.facebook.com/pyaephyo.technolog
Blog
http://pyaephyo.blogspot.com/
Moible
+66875956059


Myanmar IP ဖြင့်သာ Verifyဖြစ်သော PayPal ပြုလုပ်အသုံးပြုနည်း အတွက် ကြိုတင်သဘောတူညီချက်ထုတ်ပြန်ခြင်း ( နိုင်ငံသူ/သားများအားလုံးအတွက် )


မကြာခင် ထုတ်ဝေတော့မှာဖြစ်တဲ့ PayPal အသုံးပြုနည်းအတွက် သဘောတူညီချက်..လိုက်နာချက်များဖြစ်
ပါတယ်...သင်ဟာ ခေတ်မှီသူတစ်ယောက်..ခေတ်နဲ့တစ်ပြေးတည်းလိုက်ချင်သူတစ်ယောက်..နိုင်ငံတစ်ကာမှာ
မျက်စိပွင့်နားပွင့် သူတစ်ယောက်ဖြစ်တယ်ဆိုရင် ဒီသဘောတူညီချက်များကိုဖတ်ပါ..မကြာခင်ထွက်
လာတော့မယ့် စာအုပ်ကိုလည်းဖတ်ပါ ခေတ်မှီသော မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးအတွက် ထုတ်ပြန်လိုက်ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံသားများအားလုံး အကျိုးရှိလာတဲ့ အင်တာနက်ပေါ်မှာ မျက်စိသူငယ်နားသူငယ်ဖြင့် မဖြစ်ရလေအောင် ပထမဆုံးအကြိမ်အဖြစ်ထုတ်ဝေလိုက်ခြင်းဖြစ်ပါသည်။
အားလုံးပဲ မင်္ဂလာပါခင်ဗျာ..
ကျွန်တော် မြန်မာနိုင်ငံကနေ မည်သည့် Proxy မှ မသုံးပဲ Myanmar IP နဲ့ Verify ဖြစ်တဲ့ Pay Pal အကောင့်ကို ပြောပြမယ်လို့ ကတိပေးခဲ့ပါတယ်။
ကျွန်တော် အခု မကြာခင် အချိန်အတွင်း မှာ Myanmar IP နဲ့ ပဲ Verify ဖြစ်တဲ့ PayPal အကောင့် ရအောင်လုပ်နည်းပြောပြပါတော့မယ်။
ကျွန်တော် ကိုယ်တိုင် အခုလက်ရှိသုံးနေတာဖြစ်သလို ၆လ ကျော်၊ သွားပြီလဲ။ ကျွန်တော် ဒီနည်းကို ရဖို့ $100 နည်းပါး  စမ်းသပ်ရင်းနဲ့ ကုန်ကျ ခဲ့ပါတယ်။ ကျွန်တော့်ကို  အဲ့အတွက် ShweMoney Company က Sponsor အနေနဲ့ $50 ထုတ်ပေးခဲ့သလို
ကျွန်တော် အဲ့ဒီ $50 ကိုလည်း ကိုယ်ကျိုး မကြည့်ပဲ PayPal စမ်းသပ်တဲ့ အထဲထည့်ခဲ့ပါတယ်။
ဒီနည်းကို မည်သည့်နေရာကမှ Clone ရိုက်ထားခြင်း မရှိသလို Copy ကူးထားခြင်း မရှိပါဘူး။ Idea ပင် Copy ကူးထားခြင်းမရှိပါဘူး လို့ ပြောကြားလိုပါတယ်။ Myanmar IP နဲ့ Verify ဖြစ်တဲ့ Pay Pal အကောင့် လုပ်နည်းရှာ စိတ်ကူးရှိလာတာက တော့
ကျွန်တော့် Proxy နဲ့ အသုံးပြုနေတဲ့ Verify လုပ်ပြီးဖြစ်တဲ့ PayPal အကောင့် နှစ်ခု Lock ကျပြီး စိတ်ဆင်းရဲရာက စခဲ့ပါတယ်လို့ ၀န်ခံ ပြောကြား လိုက်ပါရစေ။
ဒီနည်းလမ်းဟာ မြန်မာ ပြည်သူ ပြည်သား အားလုံးအတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။ Myanmar IP နဲ့ Verify ဖြစ်တဲ့ Pay Pal ပြုလုပ်နည်း တင်ပြရခြင်းရည်ရွယ်ချက်ကတော့ မြန်မာ့ စီးပွားရေးကို တစ်ဖက်တစ်လှမ်းက တိုးတက် ကောင်းမွန်စေချင်တဲ့ ရည်ရွယ်ချက်ကြောင့်ပါ။
PayPal က တရားဝင် ခွင့်ပြုထားတာ မဟုတ်သော်လည်း Online ပေါ်မှာ ဘာမှ အကျိုးမရှိ အချိန်ကုန်နေမဲ့ အစား Online ပေါ်ကနေ စီးပွားရေး အဆင်ပြေပြေလုပ်နိုင်ပါစေ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပဲဖြစ်ပါတယ်။ ကျွန်တော် တစ်ယောက်တစ်ယောက်ထဲ သိပြီး မိမိကိုယ်တိုင် လုပ်နေလဲ ရပါတယ်။
ဒါပေမဲ့ အားလုံးကို အဆင်ပြေပါစေ ၊ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီနည်းလမ်းကို အချိန်ကြာမြင့်အောင် ရေးသား ပြောကြားလိုက်ရပါတယ်။
PayPal account ရပြီဆိုတာနဲ့ သင်ဟာ ငွေလက်ခံရရှိနိုင်ပါပြီလို့ ပြောကြားလိုက်ပါရစေ.. PayPal မှာ ငွေရှိလာပြီး ဆိုရင် PayPal ကနေ မြန်မာ နိုင်ငံဘဏ်ကနေ ငွေထုတ်ဖို့ ပြောကြားပေးသွားဦးမှာဖြစ်ပါတယ်။ အားလုံးပဲ စိတ်အားထက်သန်စွာဖတ်ရှု နိုင်ပါတယ်။
ကျွန်တော်အနေနဲ့ နိုင်ငံ အားဖြင့် Thai,Malaysia,Singapore,US စတဲ့ နိုင်ငံတွေကို ကို မြန်မာနိုင်ငံ IP နဲ့ ၀င်ရောက် ပြီး စမ်းသပ်ခဲ့ပါတယ်။ အဲ့ထဲမှာမှ Thai နဲ့ Malay က Myanmar IP နဲ့ ၀င်ရောက် အသုံးပြုလို့ ရခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် Myanmar IP ကို အသုံးပြု ပြီး Credit Card ချိတ်ကြည့်တဲ့ အခါမှာ Thai ရော Malay ရောဟာ Location Confirm ခိုင်းတဲ့ ပြဿနာ တက်ပြီး အကောင့် တွေ Suspend ဆိုပြီး Lock ကျ ကုန်ပါတယ်။အဲ့လိုနဲ့ စိတ်ဆင်းရဲ စွာနဲ့ လိုက်ရှာရင်း နောက်ဆုံး မှာ ကျွန်တော် နိုင်ငံ တစ်နိုင်ငံကို တွေ့ ခဲ့တယ်။ အဲ့နိုင်ငံက စမ်းလုပ် ကြည့်တော့ အဆင်ပြေတာ ကို တွေ့ ရပြီး နောက်ဆုံးမှာ အခုထိ Lock မကျ ပဲ Myanmar IP နဲ့ပဲ Verify ဖြစ်တဲ့ အကောင့်ကို ရယူ ပိုင်ဆိုင်ခဲ့ပါတယ်။
ကျွန်တော် တစ်ခု ကြိုမှာ ထားချင်တာကတော့ မြန်မာ နိုင်ငံကနေ Pay Pal ကို အသုံးပြုဖို့ PayPal က ခွင့်ြ့ပုထားခြင်း မရှိတဲ့ အတွက် ဒီနည်းလမ်းဟာ Legal ဖြစ်မှာ မဟုတ်ပါဘူး။ တကယ်လို့ Policy Updates ကြောင့် အကြောင်းတစ်ခုခု ဖြစ်ပျက်ခဲ့ပါက ကျွန်တော် ကယ်တင်နိုင်မှာ မဟုတ်ပါဘူး။
Myanmar IP နဲ့ Verify ဖြစ်တဲ့ PayPal ရအောင် ကျွန်တော့် အတွေ့ အကြုံ နဲ့ ပြန်လည် ကူညီပေးခြင်းသာဖြစ်ပါတယ်။ ထို့ကြောင် ဒီနည်းလမ်းကို ကျွန်တော့် အကြံပြုချက်အတိုင်း အသုံးပြုစေချင်ပါတယ်။ အကယ်လို့ မိမိစိတ်ကြိုက် လုပ်မယ်ဆိုပါက Make Your Own Risk လို့သာ ပြောကြားပါရစေ။
အကြောင်း တစ်ခု ဖြစ်ပျက်ခဲ့ပါက ကျွန်တော် အကြံပေးရုံသာ တတ်နိုင်မှာဖြစ်ပါတယ်။
အခု ကျွန်တော် Myanmar IP နဲ့ ဖြစ်ပေမဲ့ Verify ဖြစ်တဲ့ Pay Pal ကို ရယူ အသုံးပြုနည်းကို ပြောပြပေးသွားမှာပါ။
Myanmar IP နဲ့ Verify ဖြစ်တဲ့ Pay Pal ကို ရယူ အသုံးပြုနည်း ဖတ်ရှု ဖို့ အောက်ပါအချက်များကို သဘောတူညီ ပေးဖို့လိုပါတယ်။
1) ကျွနှုပ်သည် Myanamr IP ဖြင့်သာ Verify ဖြစ်သော PayPal အကောင့် ရယူ အသုံးပြုနည်းကို ဖတ်ရှုလိုသည်။
2) လမ်းညွှန်ချက်ကို အပြည့်အစုံ သေချာစွာဖတ်ရှုပါမည်။ ပြုလုပ်နည်းမှ ညွှန်ကြားချက်များကို သတိထားလိုက်နာမည် ဟု ကတိပေးပါသည်။
3) မြန်မာနိုင်ငံမှနေပြီး Verify ဖြစ်သော PayPal အကောင့် ရယူ အသုံးပြုနည်း နှင့် ပတ်သက်ပြီး အချိန်မရွေး ပြောင်းလဲ သော ညွှန်ကြားချက်များကို လိုက်နာပါမည်။
4) စာရေးသူသည် သူတစ်ပါးအား စေတနာဖြင့် ပြောကြားပေးခြင်းဖြစ်သည်။ ကျွနှုပ် စာရေးသူ၏ စေတနာကို နားလည်ပါသည်။ အကြောင်း တစ်ခုခု ဖြစ်ပျက်ခဲ့ပါက သူ့ကို အပြစ်ပြောမည်မဟုတ်ဘဲ သူ့ထံမှ အကြံဥာဏ် အကူအညီ ရယူမည်ဟု ကတိပေးပါသည်။

အားလုံးပဲ သဘောတူတယ်ဆိုရင် Comment ပေးထားပါ။ နောက်ပြီး ဆက်လက် မဲ့ PayPal အကောင့် ပြုလုပ်နည်း အတွက် သဘောတူတဲ့ သူတွေ ပဲ ကျွန်တော့် အနေနဲ့ ဖတ်ခွင့် ပေးမှာ ဖြစ်ပြီး အချက်ကို မလိုက်နာ နိုင်တဲ့ သူ များအား တစ်စုံတစ်ရာညွှန်ကြား ပြောဆိုမှာ မဟုတ်ပါဘူး။
မကြာခင် ကျွန်တော် Myanmar IP ဖြင့်သာ Verifyဖြစ်သော PayPal ပြုလုပ် အသုံးပြုနည်း တင်ပေးသွားပါ့မယ်။

Special Credit => http://www.techmilo.tk

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.