Q: Can I get hacked in Facebook?

Posted by Black Magic | Posted in , | Posted on 12:34 AM


 
Operation Rohingya ကနေ ဦး Bug Lab ရေးထားတဲ့ပို့စ်ကို တိုက်ရိုက်ကူးယူဖော်ပြလိုက်ပါတယ်။ ခုတလော ဖေ့ဘွတ်အသုံးပြုသူတွေရဲ့အကောင့် ခဏခဏအခိုးခံရတယ်ဆိုတာ ကြားနေရပါတယ်။ ဒါကြောင့် ဒီပို့စ်လေးက ဘယ်လိုလုပ်ရင် သင့်ရဲ့ဖေ့ဘွတ်အကောင့် အခိုးမခံရအောင် ကူညီပေးပါလိမ့်မယ်။ အောက်ကပို့စ်တွေကတော့ bro Bug Lab ရဲ့အာဘော်ဖြစ်ပါကြောင်း။ အားလုံးပဲ ဖေ့ဘွတ်ကို လုံခြုံစွာ အသုံးပြုနိုင်ကြပါစေဗျာ။
 A : Facebook မှာ သတိမရှိတဲ့သူတွေသာ ဟက်ခံရတတ်မြဲပါ။ အကောင့်တစ်ခုကို ဟက်တဲ့အပိုင်းတွေက အများကြီးရှိပါတယ်။ အခြေအနေအထားအရပါ။ နှစ်ပိုင်းခွဲပြီးပြောကြတာပေါ့… ပထမတခုက Public ပါ။ နောက်တခုက Private ပါ၊ Public ဆိုတာ လူအများတကာ Share လုပ်တဲ့ဟာကို ပြောတာပါ… (ဥပမာ … ကွန်ပြုတာ ဆိုင်။ ကျောင်းသုံးကွန်ပြုတာ။ နောက် သူများကွန်ပြုတာလို့ လဲပြောလို့ ရပါတယ်) Private ဆိုတာ ကိုယ့်ဟာကိုယ် သုံးတဲ့စက်ပေါ့ဗျာ…တကယ်လို့ သာ ကွန်ပြုတာ သုံးသူဟာ ၁) Public ကို သုံးတဲ့သူဟာ.. သူ့ အကောင့်ကို ၁၀၀% ဘယ်တော့မှ secure မဖြစ်ပါဘူး… ဥပမာ အင်တာနက်ဆိုင်ဆိုပါတော့ အင်တာနက်ဆိုင်က ကွန်ပြုတာတွေဟာ ဘယ်တော့ မှ ၁၀၀% clean မဟုတ်ပါ။ သူတို့ က ပိုက်ဆံရလျှင် သုံးလို့ ရအောင် သတ်သတ်သာဖွင့်ထားကြတာ သုံးတာတောင် License ရှိတဲ့ ဟာတွေ မရှိတာကများပါတယ်။ ဒါပေမယ့် လူတိုင်းကိုင် လူတိုင်းသုံးတော့ဗျာ Keylogger တွေခံရတတ်သလို Virus တွေလည်းခံရတတ်ပါတယ်၊
အင်တာနက်ဆိုင် လက်ဖက်ရည်ဆိုင်က WIFI ဘဲ သုံးတယ်ဘဲထား… LAN/Wifi ကနေ သုံးတဲ့သူရဲ့  Secure Session တွေကို Hijack လုပ်ပါက သင့်အကောင့်ကို ယူသုံးလို့ ရတတ်ပါတယ်၊ (Secure Session ကို Hijack ဆိုတော့ Password တော့ သူတို့ မရနိုင်ပါ… အကောင့် ၀င်နေတဲ့အချိန်ပိုင်းသာ ရနိုင်ပါတယ်. အကောင့်ထွက်သွားလျှင် သူတို့ လဲသုံးလို့ မရပါ)

အင်တာနက်ဆိုင်ကို ထိုင်လျှင်တော့ ၁၀၀% Secure မဖြစ်ပေမဲ့ အင်တာနက်ဆိုင်က လူတွေ ညစ်ပတ်ပြီး Keylogger/Malware တွေ လုပ်ထားရင်တော့ ခံရတတ်ပါတယ်၊ ဒါပေမယ့် တချို့ သော Keylogger တွေကတော့ UTF စာဖြစ်တဲ့ မြန်မာစာတွေကို Log လုပ်တာ အဆင်မပြေပါဘူး။ Keylog ရရင်လည်း ပြန်ပြီး Encoding လုပ်ရပါတယ်။ သာမန်အဆင့်မရှိတဲ့ Script Kiddies တွေက ပြန်ပြီး Encoding လုပ်လို့ မရနိုင်ပါ၊ ဒါဆိုရင် ကိုယ့် Password ကို မြန်မာစာဖြင့် ပေးလို့ ရနိုင်ပါတယ်၊ (သတိပြုရန် = တခါတလေ.. ကိုယ့်ပြောင်းထားတော့ မြန်မာစာ Password နဲ့  ရိုက်တဲ့အခါ English နဲ့ ဝင်လျှင် မှားတတ်ကြတာတွေသတိပြုပါ၊ မြန်မာစာနဲ့ ရေးထားတဲ့ Password ကိုသာ ရေးထည့်ပြီး ၀င်ကြည့်ပါ)

Public Lan ဘဲဖြစ်ဖြစ် Public WIFI ဘဲဖြစ်ဖြစ်သုံးတဲ့လူတွေကတော့ VPN ကိုသုံးပါက မသာမှာသူက Sniffing လုပ်တဲ့အခါ Packages တွေ Session တွေကို Hijacked မလုပ်နိုင်ပါ၊ ကဲ VPN ဘဲသုံးကြပါ တကယ်လို့  သင်ဟာ သူများ Public WIFI ကို သုံးလျှင်၊ Private က လူတွေကို ဟက်ခံရပြီဆိုရင်တော့ အဲဒီလူဟာ EXE သို့ မဟုတ် ကွန်ပြုတာထဲကို Download လုပ်ပြီး သွင်းတဲ့ Malware တခုခုကြောင့် ဖြစ်နိုင်သလို Phishing link ကို သွားပြီး password ရိုက်ပေးပြီး ၀င်မိတာတို့ ကြောင့် ဖြစ်တတ်ပါတယ်၊

Facebook မှာ နောက်တခုက Download မလုပ်ဘဲခံရတတ်ကတော့ Facebook App ပါ။ ပေါက်တတ်ကရ Facebook App တွေကို Account နဲ့  Link လုပ်ခြင်းဖြင့် ခံရတတ်ပါတယ်၊ တခါတလေ မြင်မှာပါ Spam တွေ ကိုယ်မတင်ဘဲ ကိုယ်အစားတင်ပေးတဲ့ Post တွေ… post အောက်ဘက်မှာ တွေ့ မှာပါ Via this app name ဆိုတာတွေ။ မသိတဲ့လူတွေကတော့ သူများ လုပ်တိုင်း App တွေသွင်းလျှင် ကိုယ်လည်းသွင်းလုပ်လျှင် သူများခံသလို ကိုယ်လည်းခံရတတ်ပါတယ်၊ App တွေကို ဒီနေရာမှ Remove လုပ်နိုင်ပါတယ် http://www.facebook.com/settings?tab=applications ။ ယုံကြည်ရတဲ့ App ကို သုံးရင်တော့ ဘာမှမဖြစ်ဘူးပေါ့ဗျာ၊ တကယ်လို့  App က Spam လုပ်ပြီဆိုလျှင် အဲဒီ App ကို Report လုပ်ပြီး Remove လုပ်ထားလိုက်ပါ၊

နောက်တခုကတော့ သူငယ်ချင်း ၃ ယောက်နည်းပါဘဲ၊ လူတွေ လာလာ အပ်တိုင်း ကိုယ့်ဟာကိုယ် နာမည်ကြီးနေပြီလို့  မထင်ပါနဲ့  ။ ကိုယ့်ကို လူတိုင်းသိနေပြီလို့  မထင်ပါနဲ့ ၊ ကိုယ့်ကိုယ်အမြင်ကတ်လို့  အလွတ်ဆုံးနည်းလမ်းဖြင့် လာရောက် Friend request လုပ်ပြီးနောက် စကားပြောဟန်ဆောင်ပြီးလုပ်က Password reset ချနိုင်တယ်ဆိုတာ သတိပြုပါ၊ ဒါပေမယ့် အမြဲတမ်း Online မှာ တက်နေတဲ့ သူတွေအတွက် ဘာမှ မဖြစ်နိုင်ပါ၊ ပြီးတော့ Account အတွက် Security Question ကို ချထားသူများအတွက် ပိုပြီးကောင်းပါတယ်၊ ဘာဖြစ်လို့ လဲဆိုတော့ Security Question က Password recovery လုပ်တဲ့အခါအရင်မေးတတ်ပါတယ်၊ တကယ်လို့  ပထမဆုံးသူတို့  Security Question မမှန်ကန်ပါက သူတို့  Three Friends Steps ကို သွားခွင့်မပေးပါဘူး။ Security Question Disable ဖြစ်မှသွားမှသာ Three Friends Selection ကို ရနိုင်မှာဖြစ်ပါတယ်၊ Three Friends Selection ကို ရသွားရင်တောင် ၂၄ နာရီလုံးလုံး အချိန်စောင့်နေရမှာဖြစ်ပါတယ်၊

EXE တွေ File တွေ ပြီးတော့ Phishing Link တွေကို မသာမှာသူများက လာရောက်ပြောဆိုသွားတာကို ယုံကြည့်လို့  လုပ်မိသူများသာ ခံရတတ်ပါတယ်၊ ရှင်းရှင်း ပြောရလျှင် ဟိုမရ ဒီမရကောင်လေးတွေ ဘာမှန်းမသိ Hacking ကိုလုပ်နေတယ်ဆိုသူတွေက အများကြီး အဲဒီနေရာမှာ ခံရမြဲပါ၊ သာမန်လူနဲ့  အဲဒီလိုလူ နှစ်ယောက်ကို ဟက်မယ်ဆိုရင်ဟိုမကျ ဒီမကျ Hacking ဆိုတဲ့ စကားပြောနေတဲ့ကောင်လေးကို အရင်ဟက်လို့ ရနိုင်ပါတယ်၊


ဘာဖြစ်လို့ လဲဆိုတော့ အဲလိုလူတွေကို အယုံသတ်ရတာ လွယ်သလို .. ဟေ့ဒီမှာ ဟိုဟာကို Hack လို့ ရတဲ့ Tools ကို သုံးကြည့်ပါလားဆိုပြီး ထိုးထည့်လိုက်ရင် သူ့ တို့ ကတော့ ကိုယ့်ဟာကို ဆရာကြီးလို လုပ်ပြီး Fake Ware ကို သွားပြီး Download လုပ်ပြီး ဖွင့်ကြည့်ပါက ခံရတတ်မြဲပါ၊ သာမန်လူမှာက အဲလိုဟာမျိုးတွေက မလိုတာ၊ ဘာလုပ်မှာလဲ အချိန်ကုန်ခံပြီးတော့လေ၊ ကဲ သူများတွေ ဘာပေးပေး သတိနဲ့  နေရင် ဘာမှမဖြစ်ပါဘူး (အေးအေးဆဲဆဲနေမယ်) ဆိုရင် ဘာမှမဖြစ်ပါဘူး၊ ကိုယ်မသိတဲ့လူက ပို့ လို်က်တဲ့ Email တွေမှာ ပါတဲ့ File တွေကို ပြီးတော့ Offical site မဟုတ်ဘဲ file shared မှာ Download ရမယ့် Link တွေကို ဆိုရင် သတိထားပါ၊ သူများ Tools တွေ Software တွေ လာပေးပါက Official site Link ကိုတောင်းပါ၊ မပေးနိုင်လျှင် Fakeware (malware) ဖြစ်ပါတယ်။ Tools EXE files တွေ လာပေးပါက နာမည်မေးပါ… ဘယ်ဟာလဲ.. ဘာလုပ်တာလဲ… ပြီးတော့ Google မှာ ရှာလျှင် အဲဒီဟာက ဘာလုပ်တာလဲ ဆိုတာ သိနိုင်ပါတယ်၊

Facebook ကို Secure လုပ်ချင်လျှင် http://facebook.com/hacked ကို သွားလိုက်ပါ။ ပြီးလျှင် Step By Step Facebook လုပ်ခိုင်းအတိုင်း Password/Security Question ချလိုက်ပါ ပြီးတော့ လူတိုင်းက Password တစ်ခုတည်းကို နေရာတိုင်းတွင် သုံးလေ့ရှိပါတယ်၊ အဲသလိုမျိုး ထားတာ မကောင်းပါဘူး။ တခုခံရလျှင် နောက်တခုလည်း တပါတည်း ခံရတတ်ပါတယ်၊ အဲဒါကြောင့် တခုနဲ့  တခုထားတဲ့ ဟာတွေ ကို မတူပါစေနဲ့ ၊နောက်ဆုံးပိတ်အနေနှင့် ပြောရလျှင် ရိုးရိုးလေးသာ Facebook ကို သုံးလျှင် ဘာမှမဖြစ်နိုင်ပါဘူး၊(အကောင့်ဟ
က်ခံရတာ ပြောတာပါ)၊ အကောင့် Report ခံရလို့  ပိတ်သွားလျှင် တာကတော့ တမျိုးပေါ့ဗျာ၊
Credit to bro Bug Lab

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.