Smart Phone ရဲ့  Camera ကို အသုံးချနည်းများ....!

Posted by Black Magic | Posted in | Posted on 7:15 PM

ashampoo 01
သင့် Smart Phone ရဲ့  Camera ဟာ Photo,Video တွေ ရိုက်ဖို့ အတွက်သာအသုံးဝင်တာမဟုတ်ပါဘူး။ဈေးသက်သာတဲ့ ပစ္စည်းတွေကို ရှာဝယ်ဖို့ ၊ ဘာသာပြန်ဖို့ ၊ Scanner အဖြစ်အသုံးပြုဖို့ စတာတွေကို ပါ ပြုလုပ်နိုင်ပါတယ်။
ကုန်ပစ္စည်းတွေကိုဈေးသက်သာတဲ့ နေရာမှာရွေးချယ်ဝယ်ယူပါ။ 
Store တစ်ခုမှာ ပစ္စည်းတစ်ခုကို ၀ယ်ယူဖို့ ကြည့်ရှုနေတဲ့အခါ အဲဒီ ပစ္စည်း ရဲ့ ဈေးနှုန်းကို Online Store တွေ ကဈေးနှုန်း နဲ့ နှိုင်းယှဉ်ဖို့ အတွက် Application တွေ ရှိပါတယ်။ပစ္စည်းရဲ့  Barcode ကို Application ကနေ Scan လုပ်ပြီး Online Store က ဈေးနှုန်း တွေ နဲ့ နှိုင်းယှဉ်နိုင်ပါတယ်။ Amazon ရဲ့  Price Check က အဲလို လုပ်ပေးနိုင်ပါတယ်။Online မှာဈေးဝယ်ဖို့  Shwemoney Virtual Visa Card ကို သုံးနိုင်ပါတယ်။
ashampoo 02
ဘာသာပြန်ဖို့ သုံးပါ။
နားမလည်တဲ့ဘာသာစကားတစ်ခုကို ဘာသာပြန်ဖို့ အတွက်လည်းသင့် Camera ကို သုံးနိုင်ပါတယ်။ Google Translate Application က Optical Character Recognition (OCR) စွမ်းရည်ပါရှိတဲ့အတွက် နားမလည်တဲ့ ဘာသာစကားကို Camera ကနေ Photo အဖြစ်ရိုက်ပြီး Google Translate ကနေဘာသာပြန်နိုင်ပါတယ်။
google-translate-from-camera
Visual Search လုပ်ဖို့ သုံးပါ။
Search Application တွေ မှာ စာနဲ့ ရိုက်ပြီးသိချင်တာရှာနိုင်သလို ပုံနဲ့ လည်းရှာနိုင်ပါတယ်။ဥပမာအားဖြင့် Product တစ်ခု အကြောင်းသိချင်တယ်ဆိုရင် Product ကို Photo အနေနဲ့ ရိုက်ပြီးအဲဒီ Product ရဲ့  သတင်းအချက်အလက်တွေကို ရှာနိုင်ပါတယ်။Google Goggles Application မှာ Visual Search ကို သုံးနိုင်ပါတယ်။
google-goggles-product-recognition
Scanner အဖြစ်သုံးပါ။
Smart Phone ရဲ့  Camera ကို Scanner အဖြစ်သုံးနိုင်ပါတယ်။Google Drive , Evernote , Scan To PDF Free  စတဲ့ Application တွေက Document တွေကို Scan လုပ်ပြီး PDF ဖိုင်အနေနဲ့ ပြုလုပ်ပေးနိုင်ပါတယ်။
evernote-android-page-camera
QR Code တွေကို Scan လုပ်ပါ။
QR Code( Quick Response code)တွေကို Application Store,Billboards,Advertisements,Products တွေ မှာ တွေ့ မြင်နိုင်ပါတယ်။အဲဒီ QR Code တွေကို QR Code Scanner application တွေသုံးပြီးတော့ Scan လုပ်ပြီးသက်ဆိုင်ရာ ၀က်ဆိုက်တွေ မှာ Products တွေ ရဲ့  သတင်းအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။အဲဒီအတွက် ၀က်ဆိုက်လိပ်စာရိုက်ရတဲ့ အလုပ်ရှုပ်မှုကင်းဝေးစေပါတယ်။
qr-code-scanning
Security Camera အနေနဲ့ သုံးပါ။
Smart Phone ရဲ့  Camera ကို Security Camera အနေနဲ့ လည်းသုံးနိုင်ပါတယ်။ သင့်မှာ အသုံးမပြုတော့တဲ့ Phone တစ်လုံးရှိရင် အဲဒီ Phone ကို IP Webcam လို Application ကိုသုံးပြီး Security Camera အဖြစ်နဲ့ သုံးနိုင်ပါတယ်။ 
2013-02-27_135340
Smart Phone တွေ ဟာ အိတ်ကပ်အရွယ်အစားရှိတဲ့ Computer တွေ ဖြစ်ပါတယ်။အဲဒီအတွက် Application တွေသုံးပြီးSmart Phone တွေရဲ့ Camera တွေမှာ သာမာန် Phone တွေ၊ Digital Camera ထက်ပို ပြီးစွမ်းဆောင်နိုင်တဲ့ စွမ်းရည်တွေ ကို အသုံးချနိုင်ပါတယ်။
Myanmar ICT မှ ကိုသူရ ရေးသားထားသောဆောင်းပါးကို ကူးယူဖော်ပြပါသည်။

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.