ကွေးကောက်နိုင်တဲ့ မျက်နှာပြင်သုံး Smart Phone ကို Samsung မိတ်ဆက်မည်

Posted by Black Magic | Posted in | Posted on 5:22 PM


လာမယ့် အောက်တိုဘာလအတွင်း ကွေးကောက်နိုင်တဲ့ ဖန်သားမျက်နှာပြင် အသုံးပြုထားသော စမတ်ဖုန်း တစ်မျိုးကို Samsung တို့ မိတ်ဆက်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

Samsung Galaxy Note 3 ကတော့ထွက်သွားပါပြီ။ Galaxy Gear နာရီကို  မျက်နှာပြင် အပျော့နဲ့မြင်ရမယ်လို့ ထင်ခဲ့ပေမယ့် မဟုတ်ပါဘူး။ ၁.၆၃ လက်မ OLED နဲ့ပဲ ဖြစ်ပါတယ်။ ဒီတစ်ခါပြမှာ ကတော့ စမတ်ဖုန်းပါ။ အကယ်၍သာ Samsung Galaxy စီးရီးထဲကိုပဲ ပါလာအုံးမယ်ဆိုရင်Note 3 နဲ့ S4 ရောင်းအားအပေါ် ဘယ်လို ထိခိုက်နိုင်မလဲ ဆိုတာ မသိနိုင်သေးပါဘူး။ ဒါကြောင့်လဲ မျက်နှာပြင်ကလွဲလို့ ကျန်တဲ့ စက်ပစ္စည်း အသေးစိတ် Specification တွေကို Samsung တို့ ကြိုတင်ကြေညာမှု မပြုလုပ်ရသေးခြင်းပါ။

ပြီးခဲ့တဲ့ ၂၀၁၂ CES မှာလည်း မျက်နှာပြင် အပျော့ LED ဖန်သားပြင်တွေကို ပြသခဲ့ပြီးပါပြီ။ ဒီတစ်ခါ တော့ စမတ်ဖုန်း အနေနဲ့ မြင်တွေ့ရတော့မှာပါ။ အောက်တိုဘာမှ ပြမယ်ဆိုတော့ အနီးစပ်ဆုံးအားဖြင့် ၂၀၁၄ ခုနှစ် နှစ်လယ် လောက်မှာဈေးကွက် ရောက်နိုင်ချေ ရှိတဲ့ဖုန်းလို့ ဆိုပါတယ်။ ဖုန်းမှာတင်မက နောက်ထွက်မယ့် Samsung Galaxy Gear Smartwatch တွေကိုပါ
ကွေးကောက်နိုင်သော မျက်နှာပြင်နဲ့ ထုတ်လုပ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

Ref: pocketlint

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.