Windows8 မှာControl Panel အဟောင်းပုံစံကို Desktop ပေါ်မှာ Shortcut အနေနဲ့ထားနည်း

Posted by Black Magic | Posted in | Posted on 1:35 PM



အခုချိန်မှာ window 8 သုံးတဲ့ သူတွေတော့ ရှိလာပြီး သူ့နောက် version မှာပါဝင်တဲ့ Shortcut icon တွေကိုမရင်းနှီးပဲနဲ့ အရင်တုန်းက shortcut တွေနဲ့ပဲကျင်လည်နေကြတဲ့ မိတ်ဆွေအတွက် ဒီ post လေးကို တင်ပေးလိုက်ရတာပါ။ အခုကျွန်တော်ရေးပေးမဲ့ အကြောင်းအရာကတော့ အရင် control panel shortcut လေးကို window 8 ရဲ့ desktop အပေါ်မှာ Tile အနေနဲ့ ထားရှိမဲ့ အကြောင်းလေးပါ။

အရင်ဆုံးလုပ်ရမဲ့ လုပ်ဆောင်ချက်ကတော့ desktop ပေါ်မှာ Right click နှိပ်လိုက်ပါ။ ပြီးရင် New ထဲကနေ
shortcut ကိုသွားလိုက်ပါ။

အဲ့လိုရွေးပြီးရင်  desktop ပေါ်မှာ shortcut ထားဖို့အတွက် icon ရဲ့  location ကိုရွေးခိုင်းပါမယ်။ အောက်မှာပေးထားတဲ့ စာသားကိုရိုက်ထည့်ပေးပြီး Next ကိုသွားလိုက်ပါ။


%windir%\explorer.exe shell:::{26EE0668-A00A-44D7-9371-BEB064C98683}

ပြီးရင် shortcut ရဲ့နာမည်ကို ပေးခိုင်းပါလိမ့်မယ်။ အဲ့ခါကျရင် ကျွန်တော်တို့က Control Panel ကိုထားမှာဖြစ်တဲ့အတွက် Control Panel လို့နာမည်ပေးလိုက်ပါတယ်။ ပြီးရင် Finish ကိုနှိပ်လိုက်ပါ။
ပြီးရင်တော့ Desktop ပေါ်မှာ shortcut icon လေးရောက်သွားပါပြီ။ ဒါပေမဲ့ သူပေးတဲ့ icon က default  icon ဖြစ်တဲ့အတွက် icon ကတော့ မှားနေပါလိမ့်မယ်။ အဲ့ဒါကို change မယ်ဆိုရင် change လို့ရပါတယ်။ မ change ချင်တဲ့သူတွေကတော့ မ chnage ဘဲဒီအတိုင်းထားနိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ဆိုရင်တော့ control panel ကိုထားပါမယ်ဆိုရင်တော့ control panel icon လေးနဲ့ပဲ မြင်ချင်တာပေါ့။ အဲ့ဒီအတွက် icon ကို change မယ်ပေါ့ဗျာ။

Change ရမဲ့ ပုံစံကတော့ အဲ့ဒီ icon လေးပေါ်မှာ right click ထောက်ပြီး Properties ကိုနှိပ်လိုက်ပါ။

အပေါ်ကပုံအတိုင်းနှိပ်လိုက်ရင် dialog box လေးကျလာပါလိမ့်မယ်။ အဲ့ဒီ box လေးပေါ်လာပြီဆိုရင်  icon ကို change icon ဆိုတဲ့ button လေးကိုနှိပ်လိုက်ပါ။ ပြီးရင် icon ကို change  ဖို့အတွက် location ကိုရွေးခိုင်းပါ့မယ်။ အောက်က စာသားကိုရိုက်ထည့်ပေးလိုက်ပါ။

 %SystemRoot%\system32\SHELL32.dll




ပြီးရင် control panel ရဲ့ icon လေးကို ရွေးပေးပြီး OK ကို နှိပ်ပေးလိုက်ပါ။ ဒါဆိုရင် control icon လေးနဲ့ shortcut လေးကလန်းသွားပြီးပေါ့ဗျာ။



ကဲနောက်ဆုံးတစ်ဆင့်ကတော့ window 8 ရဲ့  desktop မှာ  Tile  အနေနဲ့ ထားဖို့ပါပဲဗျာ။ ဒါကတော့နောက်ဆုံးအဆင့်ပါပဲဗျာ။ ကိုယ်ပြောင်းလဲလိုက်တဲ့ control panel shortcut icon ကို right click နှိပ်လိုက်ပါ။ ပြီးရင် Pin to Start ဆိုတာကို ရွေးပေးလိုက်ပါ။

အဲ့ဒါဆိုရင် window 8 ရဲ့ desktop ပေါ်မှာ control panel shortcut icon အဟောင်းလေးကို tile အနေနဲ့မြင်တွေ့နိုင်ပြီပေါ့ဗျာ။



အားလုံးအဆင်ပြေကြပါစေဗျာ။

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.