You Are Surrounded For Android [36 MB]

Posted by Black Magic | Posted in | Posted on 2:07 AM

 
 ဂိမ်းအမျိုးစား - Shooting , Zombie

ထူးထူးခြားခြားနဲ့ ဖန်တီးတင်ဆက်ထားတဲ့ Shooting ဂိမ်းတစ်ခုပါ။ ရေလည်လန်းပါတယ်။ ဘာလို့လဲဆိုတော့ တစ်ခြား Shooting ဂိမ်းတွေလို ဂိမ်းထဲမှ ပတ်ဝန်းကျင်မြင်ကွင်းကို ကြည့်ချင်ရင် Control တွေ မသုံးရပဲ အပြင်က ကစားနေတဲ့ လူကိုယ်တိုင် တစ်ပတ်လည်အောင် ကြည့်ရှုရမှာဖြစ်ပါတယ်။ 360 ဒီဂရီ လူကိုယ်တိုင် ချာလပတ်လည်ပြီး ဂိမ်းထဲမှ မြင်ကွင်းကို ကြည့်ရပါမယ်။ Zombie များ အရပ်လေးမျက်နှာမှ ထွက်လာပါမယ်။ ကိုယ့်နောက်ကနေ ထွက်လာရင် .. ကစားသူက နောက်ကျောဘက်ကို လှည့်လိုက်မှ Zombie များကို မြင်ရပါမယ်။ အပေါ် အောက် မြင်ကွင်းတွေကိုမြင်ရဖို့ ကစားသူကိုယ်တိုင် ဖုန်းကို အပေါ် အောက် ရွေ့ပေးရပါမယ်။ ဒီလို Game Play မျိုး ပထမဆုံးအကြိမ် ကစားဖူးတာပါပဲ။ ဂိမ်းဖန်တီးသူတွေက ဒီဂိမ်းကိုဆော့တဲ့အခါ မီးပိတ်ထားပါ။ နားကြပ်တပ်ပြီးဆော့ရင် ကစားသူကိုယ်တိုင် ဂိမ်းထဲ ရောက်သွားသလို ခံစားရမယ်လို့ ညွှန်းထားပါတယ်။ တကယ်လဲ ကျွန်တော် အဲ့ဒီလိုကစားကြည့်တော့ သူတို့ပြောသလို ခံစားလိုက်ရပါတယ်။ ဂိမ်းက လုံးဝ အသက်ဝင်တယ်။ အသံပိုင်းတွေက တကယ်ခြောက်ခြားဖို့ကောင်းပြီး လန်းတယ်ဗျာ။ ထူးထူးခြားခြား အသစ်ထွက်ဂိမ်းလေးမို့ ဘော်ဒါတွေဆီ အရောက်ပို့ပေးလိုက်တယ်။ ဒီဂိမ်းကို ကစားဖို့ မော်ဒယ်မြင့်ဖုန်းတော့ လိုအပ်ပါတယ်။ ကျွန်တော် S3 နဲ့ဆော့ကြည့်တာ လုံးဝ ဂွတ်ပါတယ်။ Android 2.3 နှင့်အထက် ဖုန်းများတွင်ကစားနိုင်တယ်။

download - (36MB)

Dropbox

Copy

ပျော်ရွှင်ပါစေ။

 Credit to Mr.AD(ပျော်ရွှင်စရာ Android ကမ္ဘာ)

 

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.