မုံရွာ မီးရထား သံလမ်း အနီးတွင် မွေးကင်းစ ကလေး အလောင်း စွန့်ပစ်ထား

Posted by Black Magic | Posted in | Posted on 8:49 AM



မုံရွာမြို့၊ လယ်တီရပ်ကွက်၊ သာစည်လမ်း၊ မီးရထားသံလမ်းကူးအနီး မြက်ခင်းပြင်တွင် အောက်တိုဘာ
၂၀ ရက် နံနက် ၉ နာရီခွဲက မွေးကင်းစကလေးငယ်အလောင်း စွန့်ပစ်ခဲ့သူကို ဥပဒေနှင့်အညီ အရေး
ယူရန် စီစဉ်နေကြောင်း မုံရွာမြို့နယ် အမှတ်(၂) ရဲစခန်းမှ သတင်းရရှိသည်။

မုံရွာမြို့၊ သာစည်လမ်း၊ မီးရထားသံလမ်းကူ၊ မီးရထားမောင်း လက်တံဂိတ်အနီး မြက်ခင်းပြင်တွင် မွေး
ကင်းစကလေးငယ်အလောင်း တစ်လောင်း တွေ့ရှိကြောင်း သတင်းအရ မုံရွာမြို့၊ အမှတ်(၂)ရဲတပ်ဖွဲ့
စခန်းမှ စခန်းမှူး ရဲအုပ်ကျော်လှိုင်မိုးနှင့်အဖွဲ့ သွားရောက်စစ်ဆေးခဲ့ရာ ကလေးငယ်မှာ မိန်းကလေးဖြစ်
ပြီး ချက်ကြိုးတန်းလန်းဖြင့် ၀ဲလက်မောင်း၌ ကလေး၏ မိခင် ဖခင်အမည် နေရပ်လိပ်စာနှင့် မွေးဖွားချိန်
ဆေးရုံမီးဖွားမှတ်တမ်းများ ပါရှိကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

မွေးကင်းစကလေးငယ်ကို မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ကလေးငယ် စွန့်ပစ်သွားသူအား
ဥပဒေနှင့်အညီ အရေးယူရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။

7Day Daily

(ကျွန်တော်စဉ်းစားလို့မရတာတစ်ခုရှိတယ်...၊ ဆေးရုံမီးဖွားမှက်တမ်းတွေပါတယ်လည်းပြောသေး ... ချက်ကြိုးကလည်းတန်းလန်းဖြစ်နေသေး...၊ ဆေးရုံက ချက်ကြိုးဖျက်မပေးလိုက်ဘူးလား.? 
ပြီးတော့စွန့်ပြစ်တာကို ဘာလို့ မှက်တမ်းတွေထည့်ပေးလိုက်တာလည်းမသိဘူး...၊
ကျွန်တော်ဘဲဥာဏ်မမှီတာလားတော့ မသိဘူး...)

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.