တပ်မတော်သား ဟောင်း တစ်ယောက်၏ ဖွင့်ဟချက်

Posted by Black Magic | Posted in | Posted on 8:34 AM



ကျွန်နော့ နာမည်က ဗိုလ်ကြီး ဖြိုးသက်ထွန်းပါ..မိသားစုက ကနေဒါနိုင်ငံမှာ နေပါတယ်။ ဗိုလ်လောင်း
သင်တန်း အပတ်စဉ်(၃၇ )သင်တန်းဆင်း တစ်ယောက်ဖြစ်ကာ တပ်ရင်း(၈၅/၉၉) နဲ့ နေပြည်တော်
စစ်ရုံးချုပ် တို့မှာတာဝန်ထမ်းဆောင်ခဲ့ဘူးပြီး ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့မှာ မျက်လုံးအားနည်း
ချို့ယွင်းမှု့ ကြောင့် ဆေးပင်စင်ယူကာ ကနေဒါနိုင်ငံသို့ ထွက်ခွာခဲ့ပါတယ်။

Online စာမျက်နှာတွေကနေ နိုင်ငံရေး လူမျိုး/ဘာသာရေး သွေးထိုးလှုံ့ဆော် ၀ါဒဖြန့် နေသော pages
တွေဟာ နေပြည်တော် စစ်ရုံးချုပ်မှ ချုပ်ကိုင်ခိုင်းစေနေကြောင်းကို ကျွန်နော် ပါဝင်ပတ်သက်ခဲ့ဘူးသမျှ
သိကျွမ်းထားသလောက် ဖောက်သည်ချပါ၇စေ..။

Online ပေါ်မှာ ၀ါဒဖြန့်တဲ့ လှုပ်ရှားမှုကို အစပြုခဲ့တာကတော့ ၂၀၁၁ခုနှစ် နှစ်ကုန်ပိုင်း လောက်ကပါ
ကွန်ပျူတာ ကျွမ်းကျင်စွာကိုင်တွယ် အသုံးပြုတက်ပြီး ယုံကြည်စိတ်ချ ရလောက်တဲ့ တပ်မတော်သား
အယောက် (၆၀) ကို နေပြည်တော် စစ်ရုံးချုပ်ဝန်း အတွင်း ရှိ ဧရာဝတီအဆောင် ကွန်ပျူတာ ခန်းမမှာ
တစ်လတိတိ သင်တန်းပေး ကန့်သွင်းကာ အယောက်(၅၀)ကို ဆန်ခါတင် စီစစ်ေ၇ွးချယ်ခဲ့ပါတယ်...
ဘာစီမံချက်အတွက် ဘယ်လို ရည်ရွယ်ချက်တွေနဲ့ ၀ါဒဖြန့်ခိုင်းစေခဲ့တာလဲ ဆိုတာကိုတော့ သိပိုင်ခွင့်
မရှိသလို တပ်ရဲ့ အစဉ်လာအရ အထက်က အမိန့်ရှိသည့်အတိုင်း တသဝေမတိမ်း နာခံရ စမြဲ ဖြစ်ပါ
တယ်။

Online ၀ါဒဖြန့်ရေးစီမံချက်အတွက် ကျွန်နော်တို့ကို အဖွဲ့တွေဖွဲ့ကာ တာဝန်တွေကိုယ်စီ ခွဲပေးထားပါ
တယ်။ ၀ါဒဖြန့် သတင်းဆောင်းပါးတွေ ဒိုင်ခံရေးပြီး pages တွေမှာတင်ပေးရတဲ့ အဖွဲ့၊pages တွေမှာ
လှုံ့ဆော်ရေးသတင်းတင်လိုက်ရင် ကိုယ့်ဘက်ကနေ အလံဖြူလုပ် ပြီး posts တွေအောက်မှာ comment
ဝင်ရေးကာ ပြန် share ပြီး ဖြန့်ဝေပေးရတဲ့အဖွဲ့၊ အစိုးရကောင်းကြောင်း သတင်း ဆောင်းပါးတွေနဲ့
လူမျိုး/ ဘာသာ သွေးကွဲ အမြင်စောင်း စေတဲ့ သတင်း အချက်အလက်တွေကို နိုင်ငံခြား ဘလော့ဂ်တွေ
ကနေ ရှာဖွေပေး ရတဲ့ (ဥပမာ-Anti-Islam,Ban Islam,Islam Virus)ကဲ့သို့ ဘလော့ဂ်တွေ ကနေ လူ
မျိုး ဘာသာမုန်းတီးရေး အကြောင်းအရာတွေကို ရှာဖွေစုဆောင်းရတဲ့ အဖွဲ့ ဆိုပြီး တာဝန်တွေ ခွဲပေး
ထားတယ်။ကျနော်တို့ အဖွဲ့မှာ တစ်ယောက်ကို နာမည်ပေါင်းစုံနဲ့ acc (၁၀)ခု (၁၅)လောက်ဆီ ဖွင့်ပြီး
လှုပ်ရှားစေခဲ့ပြီး နေ့ပိုင်း ညပိုင်းခွဲပြီး တာဝန်ထမ်းဆောင် ရပါတယ်။

ကျွန်တော်တာဝန်ယူ လုပ်ဆောင်ပေးရတဲ့ အပိုင်းကတော့ ၀ါဒဖြန့်တဲ့ posts တွေအောက်မှာ acc ပေါင်း
စုံနဲ့ ထောက်ခံတဲ့ဘက်က comment ၀င်ရေးပေးရပြီး အများသိအောင်ပြန်လည် ဝေမျှဖြန့်ချိပေးရတဲ့
တာဝန်ပါ။ကျနော်တို့ကို တိုက်ရိုက် ညွှန်ကြား ကြပ်မတ်တာကတော့ စစ်ရုံးချုပ်ရဲ့ ပြန်ကြားရေးဌာနက
ညွှန်ချုပ်အဆင့်ရှိတဲ့ ဗိုလ်မှူးကြီးတွေကိုယ်တိုင် အနီးကပ် အမိန့်ပေး ညွှန်ကြားတာပါ။ညွှန်ချုပ်ကြီးတွေကို
တော့ ဘယ်လို အကြီးအကဲတွေ ခိုင်းစေနေတာလဲ ဆိုတာကို သိပိုင်ခွင့် မရှိပါဘူး...

Online သုံးနေတဲ့ ပြည်သူတွေ သတိမထားမိလို့ပါ ကျွန်နော်တို့ ၀ါဒဖြန့်တဲ့ pages တွေ တိုင်းမှာ NLD နဲ့
ဒေါ်စုမကောင်းကြောင်းတွေ အတိုက်အခံပါတီနဲ့ နိုင်ငံရေးခေါင်း ဆောင်တွေရဲ့ အပြစ်အနာအစာတွေကို
ဟုတ်တာကော မဟုတ်တာကောရောပြီး ဆော် နေတာပါ။ပြီးတော့ ကုလားတွေ ယုတ်မာရိုင်းစိုင်းတဲ့ အ
ကြောင်းတွေကို အသားပေးပြီး ဖွပေးကာ ပြည်တွင်းဖြစ်ပျက်နေတဲ့ ဘာသာရေး အဓိကရုဏ်းကို အချိန်
တက်စေမယ့် လုပ်ကြံသတင်းဆောင်းပါးတွေကြည့်ေ၇ွးချယ်တင်ပြနေတာပါ။ဆရာတော် အရှင် ၀ီရသူနဲ့
၉၆၉ အဖွဲ့ကိုလဲ ထောက်ခံအားပေးအားမြှောက်ပြုပေးတဲ့ ဘက်က အမြဲလိုလိုရပ်တည် ဖော်ပြပေးရပါ
တယ်။ဒါတွေက policy တွေဆိုတော့ ဘာရည်ရွယ်ချက်ကို ဦးတည်သလဲဆိုတာကို ခန့်မှန်းရခက် ပါတယ်။

ကျွန်နော်တို့ကတော့အထက်အရာရှိကခိုင်းတဲ့အတိုင်းလုပ်ပေးရတာပေါ့ ပြည်သူတွေက မြင်အောင်မ
ကြည့်ကြလို့ပါ သေချာဂရုစိုက်ပြီး သုံးသပ်ကြည့်ရင် ထင်သာမြင်သာရှိပါတယ်။ ("လူထုမောင် ကာဠု "တို့ "
ဗဟုသုတ ဟင်းပေါင်းအိုးကြီး"တို့လို pages တွေနဲ့ အလား တူ pages ပေါင်းမြောက်များစွာ ရှိပါသေး
တယ်) ဒီလိုဝါဒဖြန့်လှုံ့ဆော်ရေးတွေက မြန်မာနိုင်ငံရယ်လို့ မဟုတ်ပါဘူး အခြားနိုင်ငံ တွေမှာလဲရှိပါတယ်။
လက်ရှိအာဏာရပါတီရဲ့ သက်တမ်း ရပ်တည်မှု့ရှည်ကြာရေး အတွက် နည်းမျိုးစုံသုံးပြီး လှည့်ကွက်ဆင်တဲ့
အနေနဲ့ လူမျိုးေ၇း ဘာသာရေး တိုက်ပွဲ ပုံစံဂွင်ဆင်ဖန်တီး၊တစ်နည်းမဟုတ် တစ်နည်းသုံးပြီးအာဏာရ
ပါတီ သက်ဆိုးရှည်ဖို့ ကျိုးပမ်းတဲ့သဘောတွေပေါ့။

ကျွန်နော့အနေနဲ့ကိုယ်တိုင်ပါဝင် ပတ်သက်လှုပ်ရှားခဲ့တဲ့ ကိစ္စကိုယခုလို ဖွင့်ချရတယ် ဆိုတာအကြောင်း
ရှိပါတယ်။ တပ်မတော်သားတစ်ယောက်ဖြစ်ပြီး အစိုးရကိုချောက်တွန်း သလို ဖြစ်နေပေမယ့်ပြည်သူတွေ
အပေါ် လုပ်ကြံသင်းတွေနဲ့ ပွဲဆူအောင်ဖန်တီးကာ အမုန်းပွား အာဃာတမီးတွေ တောက်လောင်စေအောင်
မီးမြှိုက်ပေးနေရတာ ကိုယ့်ကို သူ မသတီဖြစ်လာသလို ဒီလိုလုပ်ရပ်တွေအတွက်လဲ နောင်တကြီးစွာ ရမိ
လို့ပါ။ကျွန်နော် တို့အဖွဲ့ထဲမှာလဲ အထက်အရာရှိတွေရဲ့ အမိန့်ကြောင့် တာဝန်ထမ်းဆောင်နေ၇ပေမယ့် ဒီ
လို အလုပ်မျိုးကို မလုပ်ချင်တဲ့သူတွေ အတော်များပါတယ်။ဗုဒ္ဒမြတ်စွာဘုရားရဲ့ တရားတော်တွေနဲ့လဲ ကိုက်
ညီမှုမရှိလေတော့ နေ့စဉ်နဲ့အမျှ အပြစ်တွေကျူးလွန်နေရသလို ခံစားလာရပါတယ်။ ကိုယ့်ပယောဂကြောင့်
အပြစ်မဲ့ ပြည်သူတွေအချင်းချင်း စိတ်ဝမ်းကွဲမှု့တွေ သေကြေပျက်စီးကာ ဘ၀ပျက်သွား သူတွေရှိနေတာ
မြင်နေတွေ့နေ၇တော့ စိတ်ထဲ မသိုးမသန့်ဖြစ်မိတာအမှန်ပါ။ဒီဝဋ်ကြွေး တွေကို တစ်နေ့ပြန်လည် ပေးဆပ်
၇မယ်ဆိုတဲ့ အသိက မသိစိတ်ကို ချောက်လှန့်နေတော့ တာဝန်ကြောင့်သာ ထမ်းဆောင်နေ၇တယ် စိတ်
ထဲမှာ မပျော်ရွှင်မိပါဘူး။

တပ်မတော်ကနေ မျက်လုံးခွဲစိတ်၇မယ် အကြောင်းပြချက်နဲ့ ဆေးပင်စင် ယူပြီး နိုင်ငံခြားကို ထွက်ခွာ
လာရခြင်းရဲ့ အဓိက အကြောင်းခံ ကတော့ ပြည်တွင်းဘာသာရေး ခေါင်းစဉ်နဲ့အကြမ်းဖက်မှု့တွဖြစ်
တော့ မိဘများကိုယ်စား ကျွန်နော့ကို ဒီလိုဘ၀မျိုးရောက်အောင် ပြုစုကျွေးမွေးစောင့်ရှောက်ထားတဲ့
ဦးကြီးတို့မိသားစု ဘ၀ပျက်ကာ ဒုက္ခသည်စခန်းရောက်ခဲ့ရပါတယ်။မီးရှို့ဖျက်ဆီးခံလိုက်၇လို့ ရှိတဲ့
စီးပွားလည်းပျက်သွားပြီး စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု့ပါခံစားနေရပါတယ်။ဒီဖြစ်စဉ်ကို အထက်ကို တင်
ပြတော့မသိကျိုးကျွံပြုကာ သီးသန့်အနေနဲ့ ဘာကူညီထောက်ပံ့မှု့ မျိုးမှ မလုပ်ပေးခဲ့ပါဘူး၊ဖုံးကွယ်
ဖျောက်ဖျက်ထားခဲ့ပါတယ်။ကျနော့ဘ၀ကို လူတလုံးသူတလုံး ဖြစ်အောင် ပြုစုပျိုးထောင် ပေးခဲ့တဲ့ သူ
တွေ ကိုယ့်ပယောဂ မကင်းတဲ့ ဆူပူအကြမ်းဖက်မှု့တွေကြောင့် ဘ၀ပျက်ခဲ့ ခြင်းဟာ ကျနော့ကို တပ်မ
တော်ကနေ ထွက်ခွာဖို့ တွန်းအားဖြစ်စေခဲ့တဲ့ အဓိက အကြောင်းရင်းဖြစ်ပါတယ်။

အစိုးရအနေနဲ့Online ပေါ်မှာ နိုင်ငံရေး လူမျိုးဘာသာ သွေးခွဲလှုံ့ဆော် ၀ါဒမှိုင်းတိုက် နေခြင်းရဲ့ ရည်
၇ွယ်ချက်ကို အတိအကျ သိရှိ မခန့်မှန်းနိုင်သော်လည်း ဒီမိုကရေစီ ခေါင်းစဉ်အောက် ရောက်ရှိလာပြီး
တဲ့နောက်ပိုင်း ဆယ်သွယ်ရေး ကွန်ယက် ကြီးမားကျယ်ပြန့်ပွင့်လင်းမှုရှိလာတဲ့ မြန်မာနိုင်ငံမှာ လက်ရှိ
အာဏာရပါတီနဲ့ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံ အပေါ် ကြီးစိုးချုပ်ကိုင်ထားတဲ့ စစ်တပ်ရဲ့
အနာဟောင်းတွေကို ဖုံးကွယ်ဖျောက်ဖျက်ဖို့ 0nline ၀ါဒဖြန့်ချိရေးကိုဒိုင်းကာဗာသဖွယ် အသုံးပြုရန်
နှင့် ပွင့်လင်းမြင်သာမှု့ရှိစ သတင်းကဏပိုင်းမှာ ဆာလောင်နေတဲ့ ပြည်သူ တွေကို သတင်းမှားတွေ
ဖြန့်ချိမှိုင်းတိုက်ကာ နိုင်ငံရေးမှာ စိတ်ကြိုက်ချယ်လှယ် အုပ်ချုပ် နိုင်ဖို့လို့ ထင်မြင်ယူဆမိပါတယ်။

မြန်မာပြည်သူအားလုံး ဆင်ခြင်သတိပြုကာ အာဏာပိုင်တွေရဲ့ နိုင်ငံရေး လှည့်ကွက်အတွင်း အသုံး
ချခံနေရခြင်းမှ လွတ်ကင်းနိုင်ကြပါစေလို့ ဆုတောင်း မေတ္တာပို့သရင်းေ၇ှာင်ကျဉ်သတိပြုနိုင်ကြပါစေ
ကြောင်း....။

ဗိုလ်ကြီး ဖြိုးသက်ထွန်း(DSA-အပတ်စဉ် ၃၇ ) ကနေဒါနိုင်ငံ(ခေတ္တ)

ခွန် ဒီးယမ်
Breaking News

Forever Friends Myanmar Social Natwork မှကူးယူမျှဝေသည်။


 

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.