How To Delete Facebook Message...?

Posted by Black Magic | Posted in , | Posted on 2:23 AM



အခုချိန်မှာ facebook ကိုအသုံးပြုနေကြတဲ့ သူတွေတော်တော်များပါတယ်။ Facebook ကို 

အကြောင်းအမျိုးမျိုးနဲ့ အသုံးပြုကြပါတယ်။ တချို့ကတော့ ပုံတွေကြည့်၊ ပုံတွေတင်၊ status 

တွေတင်ဖို့အတွက်၊ တစ်ချို့ကကျတော့ multimedia လုပ်ငန်းတွေအတွက် အသုံးပြုကြပါတယ်။ 

ဒီအထဲကမှာ ကျွန်တော်တို့ နေ့စဉ်နဲ့အမျှသူငယ်ချင်းတွေနဲ့ အွန်းလိုင်းကနေ ဆက်သွယ်ပြောဆိုနေရတဲ့ 

အချိန်မှာ တစ်ခြား social website တွေ၊ application တွေကို အသုံးမပြုတော့ပဲ facebook က chat 

box နဲ့တင် chatting ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတာကိုတွေ့ရပါတယ်။ ဒါပေမဲ့ တစ်ခု 

သတိထားမိကြလားမသိဘူးဗျ။ ကျွန်တော်ကတော့ စမ်းကြည့်နေတာကြာပါပြီ။ မရသေးဘူး။ အခုမှ 

ဒီအကြောင်းအရာလေးကို ရှာဖွေမိတာပါ။

အကြောင်းကတော့ facebook က chat box ကို အသုံးပြုပြီး စာတွေပို့၊ 

အခုနောက်ပိုင်းပုံတွေကိုပါပို့လာပေမဲ့လည်း တစ်ခါတည်းပျက်မသွားပဲ message အနေနဲ့ facebook ရဲ့ 

inbox ထဲမှာကျန်ရှိနေတာတွေရှိပါတယ်။ အဲ့ဒါတွေကို gmail မှာလိုမျိုး chat box ရဲ့ setting 

ထဲကိုသွားပြီး delete ဆိုပြီး ဖျက်လို့မရပါဘူး။

အဲဒီအခက်ခဲကို ဖြေရှင်းဖို့အတွက် ကျွန်တော်နည်းလမ်းလေးတစ်ခု တင်ဆက်လိုက်ပါတယ်။ အရင်ဦးဆုံး 

ပြီးရင် site တစ်ခုကို ရောက်သွားပါလိမ့်မယ်။ အဲ့ဒီထဲကမှာ ကျွန်တော် အနီရောင်နဲ့ 

ဘောင်ခတ်ပြထားတဲ့ နေရာက Delete message ဆိုတဲ့ စာသား button လေးကို မိမိအသုံးပြုနေတဲ့ 

browser ရဲ့ Toolbar မှာ bookmark အနေနဲ့ ထားလိုက်ပါ။ ထားရှိရမဲ့ ပုံစံလေးက အဲဒီစာသားလေးကို 

နှိပ်ထားပြီး Bookmark toolbar ထဲကို စွဲပြီးထည့်ပေးလိုက်ပါ။ အဲ့လိုလေးလုပ်ပေးလိုက်ပါ။

နောက်တစ်ဆင့်အနေနဲ့ ကိုယ့် facebook account  ရဲ့ message inbox ထဲကိုသွားလိုက်ပါ။ 


ပြီးရင် စောစောက bookmark လုပ်ထားတဲ့ Delete message ဆိုတဲ့ စာသားလေးကို နှိပ်လိုက်ပါ။


အဲ့ဒါဆိုရင် ကိုယ့် facebook account ရဲ့ message inbox ထဲမှာ ရှိနေတဲ့ message တွေပျက်သွားမှာကိုတွေ့ရပါလိမ့်မယ်။


 သတိပြုစေချင်တာကတော့ တစ်ခါတည်းနဲ့ အကုန်လုံးကိုဖျက်လို့မရသလို၊ 

ကိုယ်ပျက်စေချင်တာတွေကိုပဲ selete မှတ်ပြီးဖျက်လို့မရတာတော့ သတိထားစေချင်ပါတယ်။ 

သူ့ဘာသာသူ ဖျက်ပေးသွားမှာ ဖြစ်တဲ့ အတွက် message တွေကို အဆုံးရှုံးခံနိုင်မှသာ 

လုပ်စေချင်ပါတယ်။ အဆုံးမရှုံးမခံနိုင်တဲ့သူတွေအတွက်တော့ မဖျက်ပဲ ဒီအတိုင်းပဲထားပါ။

မှတ်ချက်။    ။ ကျွန်တော်ပေးထားတဲ့ site က Delete message ဆိုတဲ့ စာသားလေးကိုတော့ ကိုယ်သုံးမဲ့ 

browser ရဲ့ Bookmark Toolbar မှာ ထားပေးရပါမယ်။

အားလုံးအဆင်ပြေကြပါစေ.....

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.