“နိုင်ငံကြီး အရင်ပြောင်းလဲပါ” ~ Jouk Jack

Posted by Black Magic | Posted in | Posted on 5:14 PM




ဂီတဘက်မှာပဲ အားနည်းနေတာ မဟုတ်ဘူး။ ရုပ်ရှင်ဘက်မှာရောပဲ။ ဘယ်နေရာပဲ ဖြစ်ဖြစ်ပေါ့ နိုင်ငံက
နိမ့်ကျနေတာ၊ အကုန်လုံးမှာ ဟာကွက်၊ ချို့ယွင်းချက်တွေ ရှိနေတယ်။ ကျနော်တို့ အကုန်လုံး တိုးတက်
စေချင်ရင် နိုင်ငံကြီး အရင်ပြောင်းလဲပါ”


ငွေကျပ် ၁၀ သိန်း မရှိရင် MTV ကောင်းကောင်း မရနိုင်ဘူး

ဂျောက်ဂျက်က တိုင်းသိပြည်သိ စီးရီးထဲက ပြည်တွင်းဖြစ် နိုင်ငံခြားသူ၊ အမိုက်တကာ့ အမိုက်ဆုံးနဲ့
အယ်စတုံ သီချင်းသုံးပုဒ်ကို MTV အဖြစ် ရိုက်ကူး ပုံဖော်ပြီးသွားပြီလို့ သိရပါတယ်။

ဒါရိုက်တာ အောင်မြတ်နဲပ သီဟ(နိုင်နို)တို့က ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။

ဂျောက်ဂျက်က တိုင်းသိ ပြည်သိ MTV ကို ဒါရိုက်တာ အသစ်တွေနဲ့ ရိုက်ကူးဖို့ စီစဉ်ထားတာ ဖြစ်ပါ
တယ်။

တိုင်းသိ ပြည်သိ စီးရီးထဲမှာ သီချင်း ၉ ပုဒ်တည်း ပါဝင်တာကြောင့် MTV မှာ Bouns အနေနဲ့ သီချင်း
နှစ်ပုဒ်လောက် ထပ်ထည့်ဖို့ စီစဉ်ထားပါတယ်။

“ကျနော်ရဲ့ စီးရီးထဲမှာ ပါတဲ့ သီချင်းက ၉ ပုဒ်တည်း ဆိုတော့ အဲဒါကို MTV ရိုက်ရင် နည်းမယ်လေ၊
အဲဒါကြောင့် ထပ်ထည့်ချင်တာ။

ရေးထားပြီးသား သီချင်းတွေက နှစ်ပုဒ် သုံးပုဒ်လောက် ရှိတော့ MTV ရိုက်မယ်။ ထွက်လက်စနဲ့ တခါ
တည်း ထွက်လိုက်တော့မယ် ဆိုပြီးရိုက်မှာ” လို့ ဂျောက်ဂျက်က သီချင်းသစ်များ ထပ်ထည့်မယ့်အ
ကြောင်း ပြောပြပါတယ်။

သီချင်း ရိုက်ကူးရေးအတွက် ကုန်ကျစရိတ်များကို ထုတ်လုပ်သူက ၈၀ ရာခိုင်နှုန်း ကုန်ကျခံတာ ဖြစ်ပါ
တယ်။

ကုန်ကျစရိတ် များများ ကုန်ုကျခံနိုင်ရင် ရိုက်ကူးမှု ပိုမိုကောင်းမွန်တယ်လို့ ယူဆလားဆိုတာနဲ့ ပတ်
သက်ပြီး “အဲဒါ ဟုတ်တယ်။ ဒီခေတ်မှာ ၁၀ သိန်း မရှိရင် MTV ကောင်းကောင်းတစ်ပုဒ်က ရဖို့ မ
လွယ်တော့ဘူး။ ကျနော် သုံးပုဒ်ရိုက်ပြီးသွားပြီ ၃ ပုဒ်စလုံးက ၁၀ နီးပါးကို ကပ်နေတယ်။ ကျော်တဲ့
ဟာကလည်း ကျော်သွားတယ်။

ငွေရေး ကြေးရေးကြောင့် တော့မဟုတ်ဘူး။ အဓိက က အခက်အခဲတော့ ဖြစ်တယ်။

ပရိုဂျူဆာက ထုတ်ပေးနိုင်သလောက် ထုတ်ပေးတယ်။ ကိုယ့်ဟာကိုယ်လည်း အိတ်စိုက်ပြီး ထုတ်
ရိုက်ရတယ်။

ရိုက်ရမှာပဲ၊ မရိုက်လို့မှ မရတာ။ မြန်မာပြည် ထုံးစံဖြစ်နေတော့ နယ်သွားဖို့အတွက်က MTV ရိုက်မှ
ဖြစ်မယ်ဆိုတာကကြီးက အကျင့်လို ဖြစ်နေတာ” လို့ ဂျောက်ဂျက်က ဆိုပါတယ်။

ဂျောက်ဂျက်က စီဒီအတွက် အားစိုက်ထားသလို MTV အတွက်လည်း ပိုပြီး အားစိုက်ထားပါတယ်။

ပိုအားစိုက်တာနဲ့ ပတ်သက်ပြီး “စီဒီအခွေ တခွေကို ၁၅၀၀ ကျပ်၊ ၂၀၀၀ ကျပ်နဲ့ ရောင်းနေကြတယ်။
ရန်ကုန်မှာက ကြိုက်တဲ့သူက ၀ယ်ကြတယ်။ နယ်မှာက ကြိုက်ရင်တောင် မူရင်းခွေက မရောက်တဲ့
အတွက် သူတို့ ၃၀၀ တန်ပဲ ၀ယ်ပေးရတယ်။

အဲဒီတော့ စီဒီ သိပ်မ၀ယ်တော့ဘူး။ အရုပ်ပါတာပဲ ၀ယ်ကြတော့ နောက်ဆုံး အဆိုးထဲကို ကျနော်တို
့က ခုန်ဆင်းရတာပေါ့။ ကျနော်တို့ ဂီတဘက်မှာပဲ အားနည်းနေတာမဟုတ်ဘူး။ ရုပ်ရှင်ဘက်မှာ ရော
ပဲ။ ဘယ်နေရာပဲ ဖြစ်ဖြစ်ပေါ့ နိုင်ငံက နိမ့်ကျနေတာ၊ အကုန်လုံးမှာ ဟာကွက် ချို့ယွင်းချက်တွေ ရှိနေ
တယ်။ ကျနော်တို့ အကုန်လုံး တိုးတက်စေချင်ရင် နိုင်ငံကြီး အရင်ပြောင်းလဲပါ” လို့ ဂျောက်ဂျက်က
ဆိုပါတယ်။

ဂျောက်ဂျက်က တိုင်းသိ ပြည်သိ MTV ကို ၂၀၁၄ ဇန်န၀ါရီမှာ ထွက်ဖို့ စီစဉ်ထားပါတယ်။

ဂျောက်ဂျက် ရိုက်ပြီးထားတဲ့ သီချင်းတွေက အမြူးတွေပဲ ဖြစ်ပြီး အေးတဲ့ သီချင်းတွေ မရိုက်ရသေးပါ
ဘူး။

မိုးရာသီ ဖြစ်တာရယ်၊ ခရီးထွက်ပြီး သီချင်းဆိုနေတာရယ်ကြောင့် MTV ရိုက်ကူးရေး ၃ ပုဒ်ပဲ ပြီးတာ
လို့ သိရပါတယ်။

(မှတ်ချက် - ခင်လေးမြင့် ရေးသားတဲ့ ဒီသတင်းကို အောက်တိုဘာ ၁၄ ရက်နေ့ထုတ် အလင်းတန်း
ဂျာနယ်မှာ ဖော်ပြခဲ့ပြီးပါပြီ။ အလင်းတန်းဂျာနယ်ရဲ့ ခွင့်ပြုချက်နဲ့ ဒီဘလော့မှာ ပြန်လည် ဖော်ပြခြင်း
ဖြစ်ပါတယ်။)

The Irrawaddy's Blog by zarny win

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.