ဖုန်း Message ဖြင့် ငွေလွှဲနိုင်ရန် စီစဉ်

Posted by Black Magic | Posted in | Posted on 10:11 PM

ရန်ကုန်၊ အောက်တိုဘာ ၂၇

Mobile Banking စနစ် အကောင်အထည်ဖော်ရန် ကြိုးစားနေသော မြန်မာနိုင်ငံတွင် ဖုန်း Message ဖြင့် ငွေလွှဲပြောင်းနိုင်သည့် Myanmar Mobile Money (ဖုန်းငွေပေးချေမှု) စနစ်ကို အသုံးပြုနိုင်ရန် စီစဉ်နေပြီ ဖြစ်ကြောင်း MTS (Myanmr Telecommunication Service) ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဖုန်းကို အွန်လိုင်းချိတ်ရန်မလိုဘဲ ငွေလွှဲပြောင်းခြင်း၊ ဈေးဝယ်ခြင်း၊ လစာပေးခြင်း၊ ငွေသွင်း၊ ငွေထုတ်ခြင်းများ ပြုလုပ်နိုင်မည့် Myanmar Mobile Money စနစ်ကို ရေးဆွဲပြီးနေပြီ ဖြစ်၍ အောက်တိုဘာလတွင် မိတ်ဆက်သွားမည် ဖြစ်ကြောင်း ၎င်းက အတည်ပြု ပြောကြားသည်။

လစဉ်ကြေး ပေးဆောင် အသုံးပြုရမည့် Myanmar Mobile Money စနစ်ကို အသုံးပြုရန် အင်းဝဘဏ် (သို့မဟုတ်) အဆိုပါစနစ်ကို ချိတ်ဆက်ထားသည့် ဘဏ်များတွင် ငွေစာရင်း စတင်ဖွင့်လှစ်ရမည် ဖြစ်ပြီး ငွေသား ထုတ်ယူလိုပါက မြို့များတွင် ငွေသား ထုတ်ယူနိုင်ရန် ကုမ္ပဏီမှ ကိုယ်စားလှယ်များ ထားရှိသွားမည် ဖြစ်ကြောင်း MTS ထံမှ စုံစမ်းသိရှိရသည်။

“အင်တာနက် ရှိစရာ မလိုဘူး။ ဖုန်းလိုင်းမိတဲ့ နေရာတိုင်းမှာ သုံးလို့ရမယ်” ဟု ယင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါစနစ်ကြောင့် ငွေလွှဲပြောင်း ပေးပို့ရာတွင် အဆင်ပြေမည် ဖြစ်သော်လည်း သွင်းထားသော ငွေလုံခြုံရေးစနစ်နှင့် Mobile စနစ်ကို ကျယ်ကျယ်ပြန့်ပြန့် မသုံးနိုင်ပါက အခက်အခဲ ရှိကြောင်း ခရီးသွားလုပ်ငန်းတွင် အလုပ်လုပ်နေသူ အမျိုးသမီးတစ်ဦးက မှတ်ချက်ပေးသည်။
“လစဉ်ကြေး ပေးသုံးရမှာဆိုတော့ နေရာတိုင်း မသုံးနိုင်ရင် အဆင်မပြေဘူး” ဟု ၎င်းကဆိုသည်။

Myanmar Mobile Money စနစ်ကို အသုံးပြုသူများကို MTS က ကုတ်နံပါတ် ထုတ်ပေးမည်ဖြစ်ပြီး ငွေလွှဲလိုပါက ဖုန်းဖြင့် လွှဲပြောင်းလိုသည့် ငွေပမာဏနှင့် ကုတ်နံပါတ်ကို ငွေထုတ်ယူမည့်သူထံ Message ပို့လိုက်ပါက ငွေထုတ်မည့်သူက အနီးဆုံး ကိုယ်စားလှယ်ထံတွင် သွားရောက် ထုတ်ယူနိုင်ကြောင်း၊ ငွေထုတ်ယူပြီး သွားပါကလည်း ငွေလွှဲသူထံ Message ဖြင့် ပြန်လည် အကြောင်းကြားမည် ဖြစ်ကြောင်း MTS ကုမ္ပဏီထံမှ သိရသည်။

အဆိုပါစနစ်ကို MEC Tel၊ MPT အင်းဝဘဏ် (MEC)၊ MTS (Myanmar Telecommunication Services) တို့ ပူးပေါင်း အကောင်အထည်ဖော်ခြင်း ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။
The Voice Myanmar

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.