mHotSpot

Posted by Black Magic | Posted in , | Posted on 2:56 AM



ကျွန်တောအရင်ကလည်း WiFi HotSpot လွှင့်တာနဲ့ပတ်သက်ပီးတော့ အများကြီးတင်ပေးထားပါတယ်။ဘာ Software မှမသုံးပဲ ကွန်ပျူတာကနေ WiFi ပြန်
လွှင့်နည်း၊ Software သုံးပြီး WiFi ပြန်လွှင့်နည်းစသဖြင့်ပေါ့... အခုတစ်ခါ ပေးချင်တာလေးက ကျွန်တော်ကြုံရတာလေးတစ်ခုနဲ့ ယှဉ်ပီးပြောပြချင်ပါတယ်။ ကျွန်တော်တို့ရုံးမှာက Internet Connection ကို Limited လုပ်ထား
ပါတယ်။ ဆိုလိုတာက Network Access အတွက် MACAddress တွေနဲ့ သတ်မှတ်ထားတာပါ။ ဒီတော့ Passwordကိုသိတာတောင်မှ သူ့ Network ကို Connect တော့ဖြစ်သွားမယ်ဒါပေမယ့် Internet Access ရမှာမဟုတ်ပါဘူး။ဒီတော့
ကျွန်တော့်အတွက် သုံးဖို့ Laptop တစ်လုံးကနေ ရတဲ့ အင်တာနက်ကော်နပ်ရှင်လေးကို အခု ကျွန်တော်တင်ပေးမယ့်mHotSpot ဆိုတာလေးနဲ့ Run ပီးကျွန်တော့် ဖုန်းလေးကနေသုံးလို့ရအောင် ပြန်လုပ်ထားရပါတယ်။ ဒီကောင်လေးရဲ့
အားသာချက်က ကျွန်တော်တို့ Connectify တို့လို Networkအတွက် Process အများကြီးမယူထားတဲ့အတွက်ကြောင့်ကွန်ပျူတာရဲ့ Performance ကိုလည်း လျော့နည်းသွားခြင်းမရှိပါဘူး။ ကဲဆက်လိုက်ရအောင်လားဗျာ...... ဒီကောင်လေးကို
SSID Name သတ်မှတ်ဖို့နဲ့ Password သတ်မှတ်ဖို့ကလည်းလွယ်ကူပါတယ် အောက်ပါပုံအတိုင်းမှ



HotSpot Name နေရာမှာတော့ မိမိ နှစ်သက်ရာအမည်ကိုသတ်မှတ်ပေးပီး Password နေရာမှာလည်း မိမိ နှစ်သက်ရာကို သတ်မှတ်ပေးလို့ရပါတယ်။သူ့မှာ တစ်ခုအားသာချက်ကဘာလည်းဆိုတော့ သင် Share ထားတဲ့ Network Access
ကို စက်အလုံးအရေအတွက်သတ်မှတ်ထားလို့ရပါတယ်။ ၄င်းကိုသတ်မှတ်ဖို့အတွက်ကတော့  Max Clients ဆိုတဲ့နေရာမှာ မိမိသတ်မှတ်ချင်တဲ့ အရေအတွက်ကိုသတ်မှတ်ပေးရုံပါပဲ...သင့် Network ကို Link ရနေတဲ့စက်တွေကို
တော့ ညာဘက်ခြမ်းကနေ IP Address, MAC Addressစသဖြင့် အသေးစိတ်ဖော်ပြပေးမှာဖြစ်ပါတယ်၊၊ သုံးရတာလည်းလွယ်ကူသလို.. Size အားဖြင့်လည်း သေးငယ်သောကြောင့် ဒေါင်းလုပ်ဆွဲရာမှာလည်း အဆင်ပြေမယ်
လို့ထင်ပါတယ်။ စိတ်ဝင်စားလို့ဒေါင်းချင်သပဆိုရင်တော့

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.