ကမ္ဘာ့ ဒုတိယအဆိပ်အပြင်းဆုံး သတ္တဝါ - ငါးဘောလုံး (Puffer fish)

Posted by Jelly Kit | Posted in , | Posted on 11:27 AM



ကမ္ဘာ့ ဒုတိယအဆိပ်အပြင်းဆုံး သတ္တဝါ - ငါးဘောလုံး (Puffer fish)

Puffer fish ကိုအမျိုးမျိုးခေါ်ပါတယ်။ ငါးဘောလုံး၊ ကမ္ဘာ့ငါး၊ ပူဖာငါး၊ ငါးလေးထိုး၊ ပင်လယ်ဘူဇွာ၊ ငါးစည်ဖောင်း တို့အပြင် \

အခြားနည်းလမ်း အမျိုးမျိုးနဲ့လည်း ခေါ်ဝေါ်ပါသေးတယ်။


သူ့ကို ကမ္ဘာ့ ဒုတိယအဆိပ်အပြင်းဆုံး သတ္တဝါလို့ သတ်မှတ်ထားပါတယ်။ အမျိုးအစားပေါင်း ၁၂၀ ရှိပြီး ၁၂၀လုံး အဆိပ်ပြင်းတာ 

ဖြစ်ပါတယ်။ အဆိပ် ပြင်းတဲ့ အရည်အသွေးချင်းတော့ မတူပါဘူး။ ဂျပန်မှာဆိုရင် ပင်လယ် Puffer ကို စားသုံးနေပါသေးတယ်။ 


သူတို့ဆီမှာ ရှိတဲ့ စားဖိုမှူးများ က စားလို့ရတဲ့ အစိတ်အပိုင်းကို အသေအချာ သိလို့ပဲ ဖြစ်ပါ တယ်။ တော်ရုံ လူတော့ မစားရဲပါဘူး။ 


ဂျပန် တံငှာသည် အနည်းငယ်ပဲ စားသောက်ရဲ တာ ဖြစ်ပါတယ်။



အဆိပ်ပြင်းတာကတော့ အိမ်မှာ သုံးတဲ့ ပိုးသတ်ဆေး ဆိုင်ယာနိုတ်ထက် အဆပေါင်း ၁၀၀ ကျော်ပြင်းကြောင်း ရှာဖွေတွေ့ရှိ 


ထားပါတယ်။ အဆိပ်ရဲ့  တည်နေရာကတော့ သည်းခြေးနဲ့ ဝမ်းဗိုက်မှာသာ အဓိက ဖြစ်ပါတယ်။ သို့ပေမယ့် တစ်ခါတရံ 


တစ်ကိုယ်လုံးမှာလည်း ပြန့်နှံ့ နေတတ်ပါတယ်။ သူ့ကို စားမိတဲ့ သက်ရှိတိုင်းသေပါတယ်။ သို့ပေမယ့် ပင်လယ် ဖွတ်ကောင် 


တစ်မျိုးနဲ့ ငါးမန်းတစ်မျိုးကတော့ ယင်းအဆိပ်ကို ခံနိုင်ရည် ရှိတယ်လို့ ဆိုပါတယ်။

အဆိပ်ဖြေဆေး ရှားပါတယ်။ ကိုယ်တွင်း သွေးကြောနဲ့ အာရုံကြောထဲက Acetylcholine ဓာတ်ကို ဖျက်ဆီးပေးမယ့် Edrophonium 


အမျိုးအစား ဆေး တစ်မျိုးသာ ဖြေလို့ရတဲ့ အဆိပ် ဖြစ်ပါတယ်။ ဒါကြောင့် အဆိပ်မိရင် သေတာ များပါတယ်။ ၂၄ နာရီမခံပဲ 


သေကြတယ်လို့ ဆိုပါတယ်။

အမေရိကန်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် တို့မှာ Puffer fish မစားသုံးဖို့ တားမြစ်ထားပါတယ်။ လက်တွေ့ 


သေဆုံးသူများ ရှိလာတဲ့ အတွက် ဈေးကွက်တွင်း Puffer fish ကို ဖယ်ရှား ခဲ့ကြခြင်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၁၀၀ 


ကျော်ခဲ့တဲ့ တည်ရှိနေတဲ့ ရေသတ္တဝါမျိုးစိပ် တစ်မျိုး ဖြစ်ပါတယ်။ ရေငံအမျိုးအစားလည်း ရှိသလို ရေချို အမျိုးအစားလည်း 


ရှိပါတယ်။

သာမန် အားဖြင့်ကတော့ ၃၉ လက်မအထိ အရှည် ရှိနိုင်သော ဘောလုံး ဝမ်းဗိုက်နဲ့ ငါး ဖြစ်ပါတယ်။ ဒါကြောင့်သူ့ကို Globefish 


လို့လည် ခေါ်ပြီး ကမ္ဘာ့ ဒုတိယအဆိပ်အပြင်းဆုံး သက်ရှိ သတ္တဝါအဖြစ် သတ်မှတ်ထားကြပါတယ်။


---
Ref:wiki
အောင်ခမ်း ( ရိုးရာလေး )

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.