4G 'n' LTE

Posted by Black Magic | Posted in | Posted on 2:49 PM


မိုဘိုင်းဖုန်း သုံးသည်ဖြစ်စေ၊ Tablet သုံးသည်ဖြစ်စေ၊ မကြာမီတွင် 4G စနစ်နှင့် ကြုံရနိုင်သည်။ လာမည့် 
ဒီဇင်ဘာလ အတွင်းတွင် ကံကောင်းသူ အချို့ 4G ကို သုံးခွင့် ကြုံရပါလိမ့်မည်။ လောလောဆယ်တွင် 4G 
စနစ်အတွက် အခွင့်အလမ်း ကောင်းသည်မှာ iPhone နှင့် iPad သမားများ ဖြစ်သည်။ ကျန်သည့် brand 
အတော်များများသည် 4G စနစ် အသုံးပြုနိုင်သည့် ပစ္စည်းများကို သွင်းမလာကြသေးပါ။ သွင်းထားသော 
ပစ္စည်းအချို့သည်လည်း လက်ရှိ စမ်းသပ်နေသော မြန်မာပြည်၏ 4G စနစ်နှင့် ကွက်တိ မတော်ဘဲ error 
များရှိသည်ဟု ကြားရသည်။

4G စနစ်ကို စတင် အသုံးပြုနေသော နိုင်ငံများတွင် အချို့က 4G LTE ဟု ဆိုသည်။ ယင်းအသုံးအနှုန်းနှစ်
မျိုးသည် တစ်ထပ်တည်း တူသည်ဟု ထင်ရသည်။ သို့သော် တစ်ထပ်တည်း မတူပါ။ ထို့ကြောင့် ၂၀၁၄ 
ခုနှစ်အတွင်း မိုဘိုင်းဖုန်းဖြစ်စေ Tablet ဖြစ်စေ 4G စနစ် ပါဝင်သည့် ပစ္စည်းကို ဝယ်သည့်အခါ နဝေတိမ်
တောင် ဖြစ်နိုင်သည်။ နောင်တစ်နေ့ မြန်မာနိုင်ငံတွင် 4G စနစ်သုံးကြသည့်အခါ လက်ရှိခွင့်ပြုမိန့် ရထား
သော Operator ၄ဦးသည် 4G စနစ်အမျိုးမျိုးဖြင့် ဝန်ဆောင်မှု ပေးကြပါလိမ့်မည် ထိုအခါ မည်သည့်စနစ်
ကို ရွေးချယ်ကြမည်နည်း။

လောလောဆယ်တွင် CDMA 800 နှင့် WCDMA သုံးသူတို့သည် 3G စနစ်နှင့် အတော်ပင် ယဉ်ပါးနေကြ
ပြီ။ သို့သော် နောင်ဝင်လာမည့် မိုဘိုင်းဖုန်းတို့တွင် 4G ဟုလည်းကောင်း၊ LTE ဟုလည်းကောင်း၊ 4G LTE 
ဟူ၍လည်းကောင်း မြင်တွေ့ကြရပါလိမ့်မည်။ ယင်းဖုန်းတို့သည် အပြင်ပန်းကြည့်လျှင် တူနေသယောင်
ယောင်။ သို့သော် အသုံးပြုသည့် နည်းပညာအပေါ် မူတည်ပြီး 4G ဆက်သွယ်ရေး၏ အမြန်နှုန်းများ ကွာ
ခြားသွားကြပါမည်။

၂၀၀၈ ခုနှစ်၊ မတ်လတွင် ITU-R (International Telecommunication Union-Radio) သည် 4G စနစ်
သစ်နှင့် ပတ်သက်ပြီး သက်ဆိုင်သည့် စံနှုန်း တစ်ရပ်ကို ချမှတ်ပေးခဲ့ပါသည်။ ITU-R သည် ကုလသမဂ္ဂ 
လက်အောက်ခံ တရားဝင် အေဂျင်စီ တစ်ခုဖြစ်ပြီး သတင်းနှင့် ဆက်သွယ်ရေး နည်းပညာဆိုင်ရာ ကိစ္စ 
အဝဝကို တာဝန်ယူ ဆော်ငရွက်သည်။ ယင်းအဖွဲ့၏ တာဝန်မှာ နိုင်ငံအသီးသီး၌ ကွဲပြားခြားနားနေ
သော သတင်းနှင့် နည်းပညာဆိုင်ရာ စံများကို ညှိနှိုင်းကွပ်ကဲပေးရန်နှင့် နည်းပညာပိုင်းကို မြှင့်တင်ပေး
ရန်ဖြစ်သည်။

4G ကွန်ရက်များနှင့် ပတ်သက်ပြီး ITU သည် bandwidth လိုအပ်ချက်၊ ရေဒီယိုလှိုင်းခွင်၏ စွမ်းဆောင်
ရည်တို့အပြင် အခြားသော နည်းပညာဆိုင်ရာ တာဝန်များကို သတ်မှတ် ဆုံးဖြတ်ပါသည်။ သို့သော် 4G 
သုံးစွဲသူ အများစုအတွက် အဓိက လိုအပ်ချက်မှာ အမြင့်ဆုံး ရနိုင်သော download speed ဖြစ်ပါသည်။ 
လောလောဆယ် အသုံးပြုသော မိုဘိုင်း အင်တာနက် စနစ်အတွက် data အသုံးပြုရာတွင် စွမ်းဆောင်
ရည် မြင့်မားသော မိုဘိုင်းပစ္စည်းများသည် download speed 100 Mbps ရှိရမည်ဟု သတ်မှတ်ပေး
ထားပါသည်။

ထို့ကြောင့် သွားရင်းလာရင်း မော်တော်ကား၊ ရထား၊ စသည့်တို့ အပေါ်မှ အင်တာနက်သုံးသည့်အခါ 
ယင်းအမြန်နှုန်းအတိုင်း ရရှိပါလိမ့်မည်။ သို့သော အထိုင်တစ်ခုတွင်နေ၍ သုံးသော မိုဘိုင်း အင်တာ
နက် စနစ်အတွက်မူ download speed သည် 1Gbps အထိ ရရှိစေရမည်ဟု သတ်မှတ်ပါသည်။ 

လက်ရှိ အသုံးပြုနေသော 3G မိုဘိုင်း အင်တာနက် စနစ်တွင် စံချိန်မီ စနစ်ဖြစ်ပါက download အမြန်
နှုန်းသည် 10Mbps အထိ ရရှိပါမည်။ သို့သော 1Gbps အထိ အမှန်တကယ် အထောက်အပံ့ပေးနိုင်
သည့် 4G စနစ် ပေါ်လာသည့်နေ့တွင် download speed သည် လက်ရှိထက် အဆ ၁၀၀ မျှ ပို၍ မြန်
ဆန်လာပါမည်။

လက်ရှိ အသုံးပြုနေသော 4G LTE စနစ်သည် အမြင့်ဆုံး download အမြန်နှုန်း အဖြစ် 150Mbps 
သာသာ ရှိပါသည်။ သို့သော် လူအများဝိုင်း၍ သုံးစွဲကြသည့်အခါ ယင်းအမြန်နှုန်းကို မရပါ။ လူတစ်
ဦးချင်းစီ အတွက် ပျမ်းမျှရသည့် download speed မှာ 10-20 Mbps ဖြစ်ပြီး upload speed မှာ 5-
10 Mbps ဖြစ်ပါသည်။ 4G စနစ် အပြည့်အဝ ထောက်ပံ့သည့် အချိန်တွင် အမြင့်ဆုံး download အ
မြန်နှုန်းသည် 1Gbps ဖြစ်ပါသည်။ သို့သော် ယင်းစနစ်သို့ လောလောဆယ်တွင် မရောက်နိုင်သေး။ 
၂၀၁၆ ခုနှစ်ကျမှသာ ထိုအခြေအနေသို့ ရောက်လိမ့်မည်ဟု မှန်းဆထားကြပါသည်။ သို့သော်လည်း 
လူအများဝိုင်း၍ သုံးစွဲကြသည့်အခါ လူတစ်ဦးစီ အတွက် download speed သည် 30-10Mbps အ
ထိ ရရှိမည် ဖြစ်ပြီး၊ upload speed သည် 10-60Mbps အထိ ရရှိပါလိမ့်မည်။ အရည်အသွေး သတ်
မှတ်ချက်တို့သည်ကား ကြားရရုံနှင့်ပင် အားတက်စရာ ကောင်းသည်။ သို့သော် 4G စနစ် အကောင်
အထည် ဖော်မှုနှင့် ပတ်သက်ပြီး ITU-R က ဝင်ရောက် ထိန်းချုပ်ခြင်း မပြုလုပ်ပါ။ ထို့ကြောင့် ပထမ
မျိုးဆက် 4Gစနစ်ဖြစ်သော LTE နှင့် Mobile WiMAX တို့သည် သတ်မှတ်ချက် စံနှုန်းများနှင့် ကိုက်ညီ
ခြင်း မရရှိခဲ့ဘဲ ဝေဖန်မှုလည်း များစွာ ခံခဲ့ရပါသည်။

4G စနစ် အကောင်အထည် ဖော်ရာတွင် အကူအညီ ပေးနေသည့် 3Gpps နှင့် IEEE ကဲ့သို့ အဖွဲ့အ
စည်းများ အနေဖြင့် 4G စနစ်အတွက် လိုအပ်သော Hardware များ အချိန်မီ ဖြန့်ဖြူးမပေးနိုင်ခြင်း
သည် အကြောင်းတစ်ချက် ဖြစ်သည်ဟု ဆိုကြပါသည်။ 

လက်ရှိ အသုံးပြုနေသော 4G LTE စနစ်သည် သတ်မှတ်စံနှုန်းများနှင့် မကိုက်ညီသည့်အတွက် 4G 
စနစ် အစစ်အမှန်ဟု မသတ်မှတ်ပါ။ 4G စနစ် အစစ်အမှန်ကို LTE advanced ဟု အမည်ပေးပါ
သည်။ 

၂၀၁၀ ခုနှစ်၊ အောက်တိုဘာလတွင် ITU-R သည် 4G စနစ် အစစ်အမှန်ကို ရွေးချယ်နိုင်ရန်အတွက် 
စနစ်ခြောက်မျိုးကို စစ်ဆေးအကဲဖြတ်ခဲ့ပါသည်။ ယင်းတို့ထဲမှ LTE Advanced နှင့် Wireless MAN-
Advanced တို့ကို အပြည့် အဝ အကောင် အထည် ဖော်လာနိုင်သည့် အချိန်တွင် စစ်မှန်သော 4G 
ခေတ်ကို စတင်ပါလိမ့်မည်။ အစစ်အမှန် 4G ဈေးကွက်ကို အနောက်နိုင်ငံဈေးကွက်တွင် စတင်တွေ့
ရပါမည်။

ပထမဆုံး ထွက်ပေါ်လာမည့် အစစ်အမှန် 4G စနစ်ကို LTE-A ဟု ခေါ်တွင်ပါသည်။ LTE-A သည် 
မိုဘိုင်းဖုန်းများတွင် download speed မြန်ဆန်စေလာရုံသာမကသေး။ ယင်းအမြန်နှုန်းကို မည်
သည့်နေရာမှ သုံးသုံး ရရှိစေရန်အတွက် မိုဘိုင်းအခြေခံစနစ်တစ်ခုလုံး စွမ်းအားမြှင့်တင်ရန်လည်း 
တွန်းအားပေးပါသည်။ data speed မြန်ဆန်စေရန်အတွက် LTE-A အား အကောင်အထည် ဖော်
ရာတွင် လောလောဆယ် သုံးစွဲနေသော Macro cell စနစ်နှင့် တိုးတက်လာသည့် Small Cell စနစ်
ကို ရောနှောအသုံးပြုပါသည်။ ရည်ရွယ်ချက်မှာ ကွန်ရက် အစွန်အဖျားပိုင်း ကျရောက်သော နေရာ
များအထိ download speed မြင့်မားစွာ ရရှိစေရန်နှင့် ယခင်ကထက် သာလွန်သော bandwidth 
ရရှိစေရန် ဖြစ်ပါသည်။ သို့သော်ယင်းရည်ရွယ်ချက်ကို အပြည့်အဝအကောင်အထည် ဖော်နိုင်ရန်
ဟု ဆိုလျှင် ထုတ်လွှင့်စက်များသည် မတူညီသော Frequency မှ ထုတ်လွှင့်ရန် လိုအပ်ပါမည်။ 
သို့မှသာ လွှင့်လှိုင်းများတစ်ခုနှင့် တစ်ခု အနှောက်အယှက်ပေးခြင်းကို ရှောင်လွှဲနိုင်ပါလိမ့်မည်။

LTE-A နှင့် ပတ်သက်ပြီး အသုံးများသော ဝေါဟာရတစ်ခုမှာ Carrier aggregation ဖြစ်ပါသည်။ 
မတူညီသော Cell အရွယ်အစားတို့မှ ထုတ်လွှင့်သည့် အစိတ်အပိုင်း အမျိုးမျိုးသော Band တို့ကို 
အသုံးပြုပြီး မိုဘိုင်းဖုန်းတို့သည် data ရွှေ့ပြောင်းမှုကို ပိုမိုမြန်ဆန်စေရန် ရည်ရွယ်ခြင်း ဖြစ်ပါ
သည်။ 

LTE-A စံနှုန်းသတန်မှတ်ချက်တွင် Carrier ၅ ခုအထိ ခွင့်ပြုပြီး လှိုင်းခွင်အကျယ်မှာ 100MHz အ
ထိ ရှိနိုင်ပါသည်။ ထိုသို့ အသုံးပြုသည့်အတွက် download အမြန်နှုန်းမှာ အမြင့်ဆုံး 1Gbps အ
ထိ ရရှိလာပါမည်။ သို့သော် လက်တွေ့ အကောင်အထည်ဖော်သည့်အခါ 10MHz လှိုင်းခွင်အ
သုံးပြုသော Carrier နှစ်ဦးအထိသာ ပေါင်းစည်းနိုင်ပြီး အမြင့်ဆုံး download အမြန်နှုန်းမှာ 150 
Mbps အထိသာရကြောင်း တွေ့ကြရပါသည်။ 

ထို့ကြောင့် နောက်ဆုံးတွင် multi-antenna Technique နှင့် Coordinated multi Point တို့ကို 
သုံးစွဲရန် စီစဉ်ခဲ့ကြပါသည်။ စံနှုန်းနှင့် မကိုက်ညီသေးသော်လည်း ကွန်ရက်ဗဟိုနှင့် အနီးဆုံး
နေရာမှ အစွန်အဖျားပိုင်းထိတွင် တစ်သတ်မတ်ဖြစ်သော download speed ကို ရရှိလာပါသည်။ 
လောလောဆယ်တွင် 4G ဝန်ဆောင်မှု ပေးနေသော ကုမ္ပဏီအသီးသီးသည် 4G Plan အမျိုးမျိုးကို 
အသုံးပြုလျက် ရှိပါသည်။ သို့သော် တရားဝင် သတ်မှတ်ထားသော စံသတ်မှတ်ချက်များနှင့်ကား 
ကိုက်ညီခြင်း မရှိသေးပါ။

ထို့ကြောင့် လောလောဆယ် ဈေးကွက်တွင် အသုံးပြုနေသည့် 4G စနစ်ကို Pre-4G စနစ်တွင် ပုံစံ 
၎ မျိုးတွေ့နိုင်ပါသည်။ ယင်းတို့မှာ WiMAX/LTE/HSPA+/HSPA14 တို့ဖြစ်ပါသည်။ လက်တွေ့အ
ခြေအနေတွင် WiMAX သည် download speed 3-6 Mbps နှင့် upload speed 1Mbps ကိုလည်း
ကောင်း၊ LTE စနစ်သည် download တွင် 5-12 Mbps upload တွင် 2-5Mbps ဝန်းကျင် အထိ 
လည်းကောင်း၊ HSPA14 သည် download တွင် 2Mbps နှင့် upload တွင် 700Kbps အထိလည်း
ကောင်း ရရှိနိုင်ပါသည်။

ဧဧသက် (ဖြိုးဓန ဒစ်ဂျစ်တယ် ဓါတ်ပုံ)

Ref & Credit: Mobile Guide Journal

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.