Apologise

Posted by Black Magic | Posted in | Posted on 11:12 AM



ကျွန်တော် Java မဟုတ်တဲ့ Model မြင့်ဖုန်းစကိုင်ဘူးတာက Nokia N8 လေးပါ....၊ အဲဒီ N8 မတိုင်ခင်တည်းက ဖုန်းဆိုင်ကိုသွား... Game တွေသွင်း ပြီးရင် File Manager နဲ့ Phone ထဲမွှေနှောက်ရှာ...၊ ဆိုင်ကသွင်းပြီးတော့ ပြန်မဖျက်မိလိုက်တဲ့ Game Setup  လေးတွေပါလာပြီဆိုရင် ကျွန်တော့ဘော်ဒါတွေတော့ နာပြီသာမှက်ပေတော့...၊
တစ်ယောက်ပြီးတစ်ယောက် လိုချင်မှန်းမသိ..မလိုချင်မှန်းမသိ အတင်းလိုက်ထည့်တော့တာဘဲ....၊ ကျွန်တော်ကလိလိုက်လို့ Phone ပျက်သွားတဲ့ သူငယ်ချင်းတွေလည်း အများကြီးဘဲ... :P
Android ကိုစကိုင်ဘူးတာကျတော့ ....၊ N8 ကိုင်တာနဲနဲလေးကြာလာတော့ ပျင်းလာတယ်...၊ ပြီးတော့ သူက လိုင်းဆွဲအားမကောင်းဘူး...၊ ပြီးတော့ကျွန်တော်က VoiceMailထည့်ထားတာဆိုတော့ပိုဆိုးရော...၊ အဲဒါနဲ့ ဖုန်းလဲချင်စိတ်တွေတဖွားဖွားပေါ်နေတော့တာပေါ့...၊ ဒါပေမယ့် ပိုက်ဆံကမရှိ .. ။အိမ်ကလည်းဝယ်မပေးဆိုတော့
စိတ်ညစ်နေတာပေါ့...၊တစ်ရက်ကြတော့ မနေနိုင်တော့ဘဲ.. N8 ကိုတစ်ဝက်ဈေးနဲ့ပြန်ရောင်း..။လိုတဲ့ပိုက်ဆံကို ခိုးပြီးတော့ HTC Nexus One(Google One) လေးဝယ်လိုက်တယ်....၊အဲဒီမှာ Android စကိုင်ဘူးတာပဲ...၊ Android ကိုင်ကာစကတော့ ဘယ်လိုလုပ်ရမလည်းမသိသေးဘူး...၊ သိလည်းသိရော  ကျွန်တော့ဘော်ဒါတွေလည်း Android ဖုန်းကိုယ်စီနဲ့ဖြစ်နေပြီ...၊ ဘယ်ရမလည်း... သူတို့ကို ဂိမ်းတွေအတင်းထည့်ပေး...၊ အတင်းဆော့ခိုင်းနဲ့.. ၊နောက်ကျ ကျွန်တော်လာရင် Phone Battery Down နေတယ်လို့ကိုပြောကြတော့တာ...၊တစ်ယောက်ယောက်ကများ စိတ်လိုလက်ရ ဂိမ်းထည့်ခိုင်းရင်ကို ပျော်ပြီးတော့ အိမ်ခေါ်..၊ မုန့်တွေဘာတွေကျွေးပြီးတော့ အကျနေထည့်ပေးတာ...၊ :P
 နောက် Zapya ပေါ်လာတော့ ပိုကောင်းသွားတာပေါ့..၊ :P လူတိုင်းကို Zapya လိုက်ထည့်ခိုင်း..၊ သူတို့ဆီက လိုချင်တာယူ.ကိုယ်ဆီကနေပြန်ပေးနဲ့ အဆင်ကိုပြေလို့..၊ မှက်မှက်ရရ ကျွန်တော့သူငယ်ချင်းတစ်ယောက် ကျွန်တော့ကို ဂိမ်းလာထည့်ခိုင်းတာ..၊ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်ကလည်း ဂိမ်းခွေဝယ်ထားတာနဲ့
တစ်ခွေလုံး (100 လောက်ရှိမယ်) သွင်းထည့်လိုက်တာ...၊ ဘာမှကိုလုပ်မရတော့ဘူး...၊ ဟီး...။ iOS လည်းဒီအတိုင်းဘဲ...၊ စပ်စပ်ဆော့ဆော့နဲ့ ကျွန်တော့အဒေါ်အိမ် ရောင်းမယ်ဆိုပြီး ပြောပေးလိုက်တာ..၊ အရောင်းအ၀ယ်တဲ့သွားတော့ ပွဲခ ရတာနဲ့ New iPad လေးဝယ်ပြီး ကလိတော့တာဘဲ...၊ :)
နောက်ကျ ဒီတိုင်း Share ရတာအားမရလို့ ကိုယ်ကြိုက်တာလေးတွေကို တင်ပေးမယ်ဆိုပြီး Blog လေးလုပ်လိုက်တယ်...၊ အစကတော့ ကိုယ့်ဆီမှာရှိတာလေးတွေ... ကိုယ်ကြိုက်တာလေးတွေတင် Share ဖို့ပါပဲ...၊ ဒါပေမယ့် ကိုယ်မကြိုက်လည်းသူများကြိုက်ချင်ကြိုက်မှာဆိုပြီးတော့ ကျွန်တော်မကြိုက်တဲ့ ဂိမ်းတွေဆိုရင်လည်း Down ပြီးတင်ပေးတယ်...၊ တခြား Site ကကောင်းမယ်ထင်တာလေးတွေဆိုရင်လည်းတင်ပေးတယ်...၊ ဒီနေရာမှာ ကျွန်တော် အရိုးသားဆုံး ၀န်ခံချင်တာလေးရှိပါတယ်...၊  နောက်ပိုင်း ကျွန်တော့ Blog လေးအရှိန်ရလာတော့ ကျွန်တော့ Blog မှာ Post အသစ်မရှိရင် ကျွန်တော့ဆီကို လာမလည်ကြမှာစိုးရိမ်လာတယ်... ၊ အဲဒါနဲ့ တခြား Blog ကနေပြီး ယူပြီးတင်တတ်လာတယ်...၊တခြား Blog တွေက ကျွန်တော့ Blog ထက်အစစ အရာရာ သာတယ်...၊
Blog ပိုင်ရှင်တွေကလည်း ကျွန်တော့ထက်စာရင် အများကြီးပိုတော်ကြတယ်...၊ အဲဒီတော့ တစ်ခါတစ်လေမှာ စိုးရိမ်မိတယ်...၊ဘာလည်းဆိုတော့ သူတို့ကို လိပ်စာနဲ့ တကွ Credit ပေးလိုရင် ကျွန်တော့ဆီ မလာကြတော့မှာ စိုးတာပါ..၊အဲဒီတော့ Credit to  www.pyaephyo.com  လို့ရေးရမယ့်အစား Credit to ပြည့်ဖြိုး ဆိုပြီးလူလည်လုပ်တတ်လာတယ်...၊ ဘာလို့လည်းဆိုတော့ ကျွန်တော့ Blog လေးလူမလာတော့ဘဲ အားလုံးနဲ့ ကင်းကွာသွားမယ်အဖြစ်မျိုးမဖြစ်ချင်လို့ပါ...၊ ကျွန်တော်ဒီ Blog လေးအတွက် ရည်းစားကိုတောင် ဂရုမစိုက်နိုင်ဘဲ ပြစ်ထားခဲ့ဘူးတယ်..၊ (အခုတော့ သူလည်း ဟာသတွေ တင်ပေးနေတယ်...၊ :P ) ဒီ Blog လေးရေးနိုင်အောင်လို့ အိမ်မှာ Internet တပ်လိုက်တယ်...၊ ဒီ Blog လေးအတွက် အချိန်ပြည့်စဉ်းစားနေတယ်..၊ ကျွန်တော် တစ်ရက်ကိုတစ်ခါပဲအပြင်ထွက်တယ်..၊ ကျန်တဲ့အချိန်အကုန်လုံးက Laptop ရှေ့မှာပဲ...၊ အရင်တုန်းကဆိုရင် ဘာတစ်ခုမှ Response မရှိဘဲနဲ့တင်နေရာကနေ ....  အခု Shout Box မှာ ဟိုဟာလေး တင်ပေးပါ...၊ ဒီဟာလေးတင်ပေးပါ... လို့တောင်းတာနဲ့ ကျွန်တော်ပျော်နေတယ်...၊ အခုဆို Star Girl Version အသစ် ခိုးပြီးသားဆိုလို့ လိုက်ရှာပေးနေတာ...၊ တစ်ညလုံးမအိပ်ရသေးဘူး..၊ တွေ့လည်းမတွေ့သေးဘူး...၊ ဒါပေမယ့် ခုချိန်ထိမအိပ်ချင်သေးဘူး..၊ ဆက်ရှာလိုက်ဦးမယ်...၊ :P 

စကားလမ်းကြောင်းတောင် လွဲသွားပြီ...၊ ဒီလိုပါ...၊ ကျွန်တော် Blog ကို ခင်တွယ်တဲ့စိတ်ကြောင့်လုပ်လိုက်မိတဲ့ အရာတစ်ခုဟာ တစ်စုံတစ်ယောက်ကို ထိခိုက်သွားမယ်ဆိုရင် တောင်းပန်ပါတယ်...၊

 Internet မှ မြင်စရာအားလုံး ...၊ လာလည်တဲ့ ဘော်ဒါအားလုံး အမှားအယွင်းတစ်စုံတစ်ရာရှိခဲ့ရင်  ခွင့်လွှတ်ကြပါလို့ တောင်းပန်ချင်ပါတယ်ခင်ဗျာ...၊

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.