Apple "iWatch"

Posted by Black Magic | Posted in , | Posted on 1:43 PM

Apple ကုမ္ပဏီရဲ့ နောက်ထပ် ဖန်တီးမှုအသစ် အဖြစ် လက်ကောက်ဝတ်မှာ ဝတ်ဆင်နိုင်မယ့် "iWatch" ကို ထုတ်လုပ်နိုင်ဖို့ စတင်လုပ်ဆောင်နေကြောင်း သတင်းအစအန ထွက်ပေါ်လျှက်ရှိပါတယ်။ 

The New York Times ၏ အဆိုအရ Apple က ဖော်ဆောင်နေတဲ့ နာရီဟာ မှန်အကွေး ဒီဇိုင်း Display ဖြစ်ပါတယ်။ Tim Cook ကလည်း လက်ကောက်ဝတ်မှာ ဝတ်ဆင်ဖို့အတွက် အကြီးအကျယ် စိတ်ဝင်စားစရာ ဖြစ်စေရမယ်လို့ တစ်ခါတုန်းက အရိပ်အမြွက် ပြောကြားသွားဖူးပါတယ်။ 


Apple က 320 X 320 flexible OLED display ပါ "iWatch" ကို အရွယ်အစား နှစ်မျိုးနဲ့ ထုတ်လုပ်မှာဖြစ်ပါတယ်။ 1.7-inch OLED screen ကိုတော့ အမျိုးသားများအတွက် ရည်ရွယ်ထားပြီး အမျိုးသမီးများ အတွက်တော့ 1.3-inch OLED screen နဲ့အတူ ၂၀၁၄ ခုနှစ်အတွင်းမှာ ထွက်လာနိုင်မယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းဖြစ်နေပါတယ်။ 


အရင်ထဲက ကောလဟာလ သတင်းတစ်ခုဖြစ်တဲ့ Apple က ထုတ်မယ့် "iTV" ရဲ့ အစီအစဉ်ဟာ နောက်ရောက်သွားပြီး အဲဒီနေရာမှာ "iWatch" ကို ၂၀၁၄ ခုနှစ်မှာ ဦးစွာအရင် မြင်တွေ့ရဖို့ရှိတယ်လို့ မျှော်မှန်းထားကြပါတယ်။ 


Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.