Baic java Script (Myanmar Version) [1.29 MB]

Posted by Black Magic | Posted in | Posted on 3:24 PM




မင်းသူထွန်း: အကိုရေ..  Java Scripts မြန်မာလိုစာအုပ်လေး တင်ပေးပါလာဗျာ ကျွန်တော်လိုက်ရှာနေတာ Site တွေလည်းစုံနေပြီ အကုန်လုံးက mediafire မှာ တင်ထားတာ link ကသေနေပြီဗျ ကူညီပါဦးနော် အမြဲအားပေးနေပါတယ်:D 
Java Scripts အခြေခံ စာအုပ်လေးတွေကို အားလုံးလေ့လာလို့ရအောင် စုစည်းပြီး ပြန်လည်မျှဝေပေးလိုက်ပါတယ် ...:) မူရင်းရေးသားသူအားလုံးကိုလည်း Credit ပေးပါတယ် ...:)

javascript ဆိုတာ အင်တာနက်ပေါ်ကနေ ပေါ်ပြူလာဖြစ်တဲ့ script language အမျိုးအစားးပါ။
သူက ဝက်ဆိုဒ်တစ်ခုအတွက် ဆိုရင်နောက်ကွယ်က နေ အလုပ်လုပ်ပေးတဲ့ ကုဒ်တွေပါ။
Html နဲ့ရေးသားထားတဲ့ ဆိုဒ်တွေ မှာ javascript ကိုညှပ်ထည့်ပြီးအသုံးပြုနိုင်ပါတယ်။
 
 javascript စတင်ရေးသားခြင်း

html နဲ့ရေးသားထားတဲ့ စာပိုဒ်လေးတစ်ခုကိုပြန်လေ့လာပြီးနှိုင်းယှဉ်ကြည့်ပါမယ်။
 
<html>
<title>Html page</title>
<body>
This is my html page
<body>
</html>
 
ဒါလေးကို ကော်ပီကူးပါ။
notepad မှာထည့်သွင်းပါ။
ပြီးရင် save as လုပ်ပါ။
save as လုပ်တဲ့နေရာမှာ filename ကို ကြိုက်တဲ့နာမည် ကို ပေးခွင့်ရှိပေမယ့် file extension ကတော့ html သို့မဟုတ် htm ဖြစ်ရပါတယ်။
ဥပမာ filename.html သို့မဟုတ် filename.htm ဖြစ်ရပါမယ်။
save as type ကိုတော့ all file ရွေးပေးရပါမယ်။
 
ပြီးရင် သူကို run ကြည့်ပါ။
 
အဲဒါဟာ html သက်သက်နဲ့ရေးသားထားတဲ့စာမျက်နှာတစ်ခုသာဖြစ်ပါတယ်။
အဲဒီစာပိုဒ်ကို လေ့လာကြည့်မယ်ဆို ရင်
အစနဲ့အဆုံးမှာ ပါနေတဲ့
ဆိုတာ browser ကို အခုရေးသားမယ့် language ဟာ Html ဖြစ်တယ်လို့ကြေငြာ ခြင်းဖြစ်ပါတယ်။
ကတော့ browser ရဲ့ Tab နေရာမှာ ပေါ်စေချင်တဲ့ခေါင်းစဉ်ပေါ့။
ထဲမှာ စာကိုယ်လို့ပဲခေါ်ရမှာပေါ့။
အဲဒီ ထဲမှာ ကျွန်တော်ထည့်ချင်တဲ့ ပုံတွေ စာတွေထည့်နိုင်ပါတယ်။
အခုတစ်ခါ အဲဒီ Webpage ကို javascript ညှပ်ထည့်ပြီး ရေးကြည့်ပါမယ်။
 
<html>
<title>javascript page</title>
<body>
 
<script type="text/javascript">
document.write("This is my first javascript page");
</script>
 
</body>
</html>
 

အခုရေးထားတဲ့ကုဒ်ကို ကူးယူပါ။
notepad ထဲ ထည့်ပါ။
ပြီးတော့ filename.html အဖြစ်နဲ့သိမ်းပါ။
ပြီးရင် run ကြည့်ပါဦး။
ရလဒ်က အတူတူပဲဆိုတာတွေ့ရမှာပါ။
ဒုတိယစာပိုဒ်မှာ ပါဝင်တဲ့ javascript ကိုလေ့လာကြည့်ပါမယ်။
သူ့မှာပါဝင်တဲ့
---------
အဲဒါတွေကတော့ html ချည်းသက်သက်ပါပဲ။
အဲဒီထဲမှာမှ javascript ကိုညှပ်ထည့်အသုံးပြုသွားတာပါ။
 
ဒီကုဒ်ကတော့ javascript ရဲ့အဖွင့်နဲ့အပိတ်ဖြစ်ပါတယ်။
အဲဒီထဲမှာမှ document.write နဲ့ ဆက်ရေးရမှာပါ။
document.write("ကိုယ်ပေါ်စေချင်တဲ့စာသား");
javascript ဟာ ကုဒ်လုံးဝအမှားမခံတဲ့ language ပါ။
သူရဲ့ပုံစံထဲကနေ ဆီမီးကော်လံလေးတစ်ခုလောက် (;)ကျန်ခဲ့ရင်တောင်အလုပ်လုပ်မှာမဟုတ်ပါဘူး။ 

၂။ javascript ကို လေ့လာဖို့ဘာတွေလိုအပ်မလဲ။

  Javascript ဟာ css နဲ့ Html စာမျက်နှာများအတွင်းမှာ ညှပ်ပြီးအသုံးပြုသွားတာဖြစ်ပါတယ်။
javascript ကိုနားလည် နိုင်ဖို့အတွက် Html နဲ့ CSs ကို နားလည်ခဲ့သင့်ပါတယ်။

Credit : http://webdesign-learn.blogspot.com


Zippyshare (No Need To Click Skip)

Click Here to Download (1)
 
Click Here to Download (2)
 
Click Here to Download (3)

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.