



အတိတ်ကာလ အချိန်တစ်ခုမှာ သေကံမရောက် သက်မပျောက်ခဲ့ဘဲ အသက်ဘေးက ကပ်လွတ်ခဲ့တဲ့ စူပါစတား နာမည်ကြီးတွေ ရှိခဲ့ပါတယ်။ သူတို့သေဘေးကလွတ်တာ ကျွန်တော်တို့အတွက်လည်း ကံကောင်းခဲ့တာပါပဲ။
Seth MacFarlane

Family Guy ကာတွန်းရုပ်ရှင်ဇာတ်လမ်းတွဲ ကိုဖန်တီးခဲ့တဲ့၊ အသံသရုပ်ဖော်ခဲ့တဲ့ သူ Seth MacFarlane ဟာ အမေရိကန်လေကြောင်းလိုင်း လေယာဉ်အမှတ် ၁၁ နဲ့ ဘော်စတွန်ကနေ လော့အန်ဂျလိစ် ကို ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့မှာ လိုက်ပါစီးနင်းဖို့ စီစဉ်ထားခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် ယမန်နေ့ညက အလုပ်ပင်ပန်းသွားတဲ့အတွက် နောက်တစ်နေ့နံနက် စက်တင်ဘာ အီလဲဗင်းန်(၁၁) မှာ အိပ်ရာထ နောက်ကျခဲ့ပါတော့တယ်။ ဒါနဲ့ပဲ ၁၀ မိနစ်လောက် နောက်ကျပြီးမှ လေဆိပ်ကို ရောက်ခဲ့တဲ့အတွက် လေယာဉ် မမှီခဲ့တော့ပါဘူး။ အဲ့ဒီ့လေယာဉ် နံပါတ် ၁၁ ဟာ ထွက်ခွာခဲ့ပြီးနောက်မှာ ပြန်ပေးဆွဲခံခဲ့ရပြီး ဝေါလ်ထရိတ်စင်တာ ကို ၀င်တိုက်ခဲ့ပါတယ်။ အဲ့ဒီ့အခိုက်အတန့်မှာ MacFarlane ဟာ စိတ်နဲ့ကိုယ် မကပ်ဖြစ်ခဲ့တော့တာပါပဲ။ အသက်တစ်ချောင်း ပွတ်ကာသီကာနဲ့ လွတ်ခဲ့ရတယ်ပေါ့ဗျာ။
Drew Barrymore

၂၀၀၁ ခုနှစ်မှာပေါ့။ မင်းသမီး Drew Barrymore ဟာ သူ့ရဲ့ ခင်ပွန်းလောင်း Tom Green နဲ့အတူ အိမ်ထဲမှာ အိပ်ပျော်နေခဲ့ ပါတယ်။ သူနိုးလာတော့ အိမ်တစ်ခုလုံး မီးလောင် နေတာကို တွေ့ခဲ့ရပါတယ်။ ဒီစုံတွဲကို သူတို့ရဲ့ အချစ်တော် ခွေးလေးက ကယ်တင်ခဲ့တာပါ။ မနက် ၃နာရီလောက်မှာ ခွေးလေဟာ အခန်းဝ သွားပြီး တရစပ် အသံကျယ်ကျယ် ဟောင်နေတော့တာပါပဲ။ ခွေးလေးက ပုတ်ပုတ်ပြီး နှိုးလို့ နိုးလာကြတာပါ။ မီးလောင်လို့ ဆုံးရှုံးသွားတဲ့ တန်ဖိုးဟာ ခန့်မှန်းခြေ ကန်ဒေါ်လာ ၇သိန်း လောက်ရှိပေမယ့် သူတို့စုံတွဲဟာ ခွေးလေးရဲ့ ဟီးရိုးလုပ်မှုကြောင့် အသက်ဘေးကလွတ်မြောက် ခဲ့ကြရပါတယ်။ ကံကောင်းတာပဲ။
Johnny Depp

ရုပ်ရှင်ဇာတ်ခန်း တစ်ခန်း သွားရိုက်ပြီး လော့အန်ဂျလိစ်ကို လေယာဉ်နဲ့အပြန် Rum Diary ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Bruce Robinson နဲ့ အတူရှိနေခဲ့ပါတယ်။ လေယာဉ်စီးနေကြတုန်း လေယာဉ် အင်ဂျင်တွေဟာ ရုတ်တရက် ချို့ယွင်းသွားခဲ့ပါတယ်။ Johnny Depp ဟာ ကြောင်တောင်တောင်နဲ့ တိတ်ဆိတ် နေပြီးမှ Bruce ဘက်လှည့်ပြီး အူတက်မတတ် ရယ် တော့တာပါပဲ။ သူတို့အားလုံး သေတော့မယ် ဆိုတဲ့ အတွေးနဲ့ပေါ့လေ။ အလွန်များပြားလှတဲ့ ပရိသတ်တွေရဲ့ မေတ္တာတရား ကျေးဇူးကြောင့်ပဲ လေယာဉ်အင်ဂျင်ဟာ မကြာခင်မှာပဲ ပြန်ကောင်းလာခဲ့ပါတယ်။ အဲ့ဒီ့တုန်းက သူဟာ သေကံမရောက်ခဲ့လို့ဘဲ ခု Johnny Depp ရုပ်ရှင်တွေ အများကြီး ထပ်ပြီးကြည့်နိုင်တာပေါ့။
Gerard Butler

၂၀၁၁ခုနှစ် Chasing Mavericks ဆိုတဲ့ ရေလွှာလှိုင်းကစားခြင်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ကားရိုက်ကူးနေတုန်းမှာ မင်းသား Gerard Butler ဟာ လုံးဝရေနေသွားခဲ့ဖူးပါတယ်။ ရေလှိုင်းစီးရတဲ့ အချို့ဇာတ်ကွက်တွေကို ရိုက်ကူးနေတုန်း ရေလှိုင်းကြီးတွေက လိမ့်တက်လာပြီး သူ့ကို ရေအောက်ထဲ ဆွဲချသွားခဲ့ပါတယ်။ သူ့ကို ကမ်းစောင့်ရဲက ကယ်ခဲ့ရတာပါ။ နောက်ပိုင်းမှာတော့ စကော့လူမျိုး ခန့်ချောကြီး Gerard Butler ဟာ တကယ်သေတော့မလို ဖြစ်ခဲ့ကြောင်းနဲ့ ဒီအကြောင်းနဲ့ပတ်သက်လို့ သတင်းထောက်တွေက ချဲ့ကားပြောခဲ့တာ မဟုတ်ကြောင်း ၀န်ခံခဲ့ပါတယ်။ သူဟာ ရေနစ်လို့ ဆေးရုံတောင်တက်ခဲ့ရပါတယ်။ ကံကောင်းတာက သောကတက်ဖွယ် စိုးစိုးရွားရွား ထိခိုက်မှု မဖြစ်ခဲ့ပါဘူး။
Liam Hemsworth

သြစတြေးလျနိုင်ငံသား မင်းသား Liam Hemsworthဟာ Hunger Gamesထဲက စတားပါပဲ။ သူ့မှာ ငယ်ငယ်တုန်းက သေကံမရောက် သက်မပျောက်ခဲ့တဲ့ အတွေ့အကြုံ တစ်ခုရှိပါတယ်။ ဆယ်ကျော်သက် ဘ၀တုန်းက သူဟာ နေ့တိုင်းလိုလို ရေလှိုင်းစီးပါတယ်။ ခြောက်ခြားစရာကောင်းတဲ့ နေ့တစ်ရက်မှာတော့ ရေလှိုင်းစီးဘုတ်ပြားနဲ့ ခြေထောက် ချည်တဲ့ကြိုးဟာ သူ့တစ်ကိုယ်လုံးကို ပတ်မိပြီး ရေနစ်သွားခဲ့ဖူးပါတယ်။ ဒါပေမယ့် သူဟာ သေကံမရောက် သက်မပျောက်ခဲ့ဘဲ ယခုထက်တိုင် ရေလှိုင်းစီးနေဆဲပါ။ သူဟာလည်း တက်သစ်စ မင်းသားတစ်ယောက်ဖြစ်ပြီး ဟောလီးဝုဒ်စတား Miley Cyrus နဲ့ စေ့စပ်ထားခဲ့ဖူးပါတယ်။
Rachel Bilson

Rachel Bilsonဟာ ဆယ်ကျော်သက်အရွယ်တုန်းက သူငယ်ချင်းတစ်စုနဲ့အတူ ပစိဖိတ်ကမ်းခြေ အမြန်လမ်းမ ပေါ်မှာ အရှိန်တင်ကားမောင်းလာတုန်း ထရပ်ကားတစ်စီးနဲ့ ခေါင်းချင်းဆိုင်တိုက်ခဲ့ပါတယ်။ ကံကောင်းစွာပဲ တစ်ဦးတစ်ယောက်မှ အသက်မပျောက်ခဲ့ရပါဘူး။ သူ့တို့ကို အပျက်အစီးကြားထဲက ဆွဲထုတ်ခဲ့ရပြီး Bilsonဟာ နောက်ထပ် ရက်ပေါင်းများစွာအထိ coma ဖြစ်နေခဲ့ပါတယ်။ မင်းသမီး၊ ဖက်ရှင်မယ်လေး Bilson ရဲ့နဖူးမှာ ခုထက်တိုင် အမာရွတ်ရှိနေပါသေးတယ်။ ကားတိုက်မှုရဲ့အကျိုးဆက်အနေနဲ့ တစ်ခါတစ်လေမှာ ခေါင်းသိပ်ကိုက် တာမျိုးတော့ ဖြစ်တတ်ပါတယ်။ ကားတိုက်မှုကနေ အသက်ပြန်ရှင်လာကြတဲ့ Bilson နဲ့ သူငယ်ချင်းတစ်သိုက်အတွက် စိတ်ဓါတ်ရေးရာ လှုံ့ဆော်မှုတွေ ဖြစ်ခဲ့ပြီး Bilson ဟာလည်း မင်းသမီးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။
Joaquin Phoenix

၂၀၀၆ခုနှစ် ဟောလီးဝုဒ်မှာ မင်းသား Joaquin Phoenixဟာ ကားမောင်းနေတုန်း ကားဘရိတ်ပျက်သွား တဲ့အတွက် မတ်စောက်တဲ့လမ်းပေါ်ကနေ ချော်ထွက်ပြီး ပြုတ်ကျသွားခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကားမှောက်တာကို မြင်တွေ့လိုက်တဲ့ ဂျာမန်ဒါရိုက်တာ Werner Herzog ဟာ ကားထဲမှာပိတ်မိနေတဲ့ မင်းသားကို ကယ်တင်ခဲ့ပါတယ်။ ဒါရိုက်တာကြီးက မင်းသားကို စိတ်လျှော့ထားဖို့နဲ့ ကားထဲမှာဆေးလိပ် မီးမညှိုဖို့ပြောခဲ့ပါတယ်။ ကားထဲမှာ ဂတ်စ်တွေက ယိုစိမ့်ထွက်နေတဲ့အတွက် Phoenix ကသာ ဆေးလိပ်မီးညှို ခဲ့မယ်ဆိုရင် မီးလောင်ပေါက်ကွဲပြီး သေဖို့ပဲရှိပါတယ်။ ဒါရိုက်တာကြီးက ကားနောက်မှန်ကို ရိုက်ခွဲပြီး မင်းသားကို ကယ်ခဲ့တာပါ။ ပြီးတာနဲ့ ဟီးရိုးမလုပ်ချင်တဲ့အတွက် အခင်းဖြစ်ရာကနေ ကိုယ်ရောင်ဖျောက်သွား ခဲ့တယ်လို့ သိရပါတယ်။ တော်တော်လည်း တိုက်ဆိုင်တတ်တဲ့ ဟောလီးဝုဒ် ပါပဲ။
လက်တွေ့ဘ၀ဟာ Final Destination ရုပ်ရှင်ထဲကအတိုင်း မဖြစ်တာ ကျွန်တော်တို့အတွက် ကံကောင်းတာပါပဲ။ အဲ့ဒီ့လိုမှ မဟုတ်ရင် ဒီနာမည်ကြီးတွေအားလုံး သေကုန်ကြပါပြီ။ ကံကောင်း အကြောင်းသင့်လို့ ဒီနာမည်ကြီးတွေဟာ သေကံမရောက်ခဲ့ဘဲ သူတို့ရဲ့ အတွေ့အကြုံတွေအရ ဘ၀အမြင်တွေ ပြောင်းလဲသွားပြီး အလုပ်ကို ကြိုးစားလုပ်ကိုင် ဖြစ်ခဲ့ကြပါတယ်။
(Ref:celeb.answers)
Comments (0)
Post a Comment