အမှန်တကယ် ဆေးပေါင်းခ မယ့် နှစ်

Posted by Black Magic | Posted in | Posted on 2:12 AM





ယခုနှစ် တန်ဆောင်မုန်း လပြည့် ည တွင် မြန်မာ နိုင်ငံ ၌ အစစ် အမှန် ဆေး ပေါင်း ခမည် ဖြစ်ပြီး 

ရန်ကုန်မြို့ အပါ အဝင် မြို့ကြီး ခြောက်မြို့ ၌ ဆေးစွမ်း ပိုထက် နိုင်မည် ဖြစ် ကြောင်း နက္ခတ် သိပံ္ပ 

အဖွဲ့မှအမှု ဆောင် အရာရှိချုပ် ဦးဇေယျာကို က ပြောသည်။ လာမည့် နိုဝင်ဘာ ၁၇ ရက် တွင် ကျရောက် 

မည့် တန်ဆောင် မုန်း လပြည့်နေ့ တွင် စစ်မှန် သည့် ဆေးပေါင်း ခမှု ဖြစ်စဉ် ဖြစ်ပေါ် မည် ဖြစ်ပြီး လဖြတ် 

လမ်းကြောင်း တွင် တည်ရှိနေ သည့် ရန်ကုန်မြို့ အပါ အဝင် 

သထုံ၊ ဘားအံ၊ သုံးခွ၊ မအူပင် နှင့် ပုသိမ်မြို့တို့၌ ပိုမို ဆေးစွမ်း ထက်မည် ဖြစ်ကြောင်း သိရသည်။

''တန်ဆောင်မုန်း လပြည့် ည တိုင်း ဆေးပေါင်း မခဘူး။ ၁၂ လ ရာသီ မှာ မြန်မာ နိုင်ငံ အပေါ် ကို လဖြတ် 

တဲ့ အချိန်၊ မြန်မာ ပြည် ဧရိယာ အတွင်း လဖြတ် တဲ့ အချိန်မှာ ဆေးပေါင်း ခ တယ်။ ဒီ နှစ်မှာ တော့ မြန်မာ

 ပြည် ရန်ကုန် မြို့ပေါ် တည့်တည့် မှာ လဖြတ် မယ်။ လဖြတ် လမ်းကြောင်း ပေါ် မှာရှိနေတဲ့ မြို့တွေမှာ 

ဆေးဖက် ဝင် မဲဇလီဖူး တွေ သုပ်စား ရင် ပိုဆေးဖက် ဝင်နိုင် ပါတယ်။ ဆေး ဝါး ဖော်စပ်တဲ့ သူတွေ အနေနဲ့

 အဲဒီ မြို့တွေ ကို သွားဖော်ရင် ဆေးစွမ်း ပိုထက် ပါမယ်'' ဟု ဦးဇေယျာကို က ထပ်မံ ပြောသည်။

တန်ဆောင်မုန်း လပြည့်နေ့ များ ၌ လမင်း သည် ကြတ္တိကာ နက္ခတ် ဖြင့် ပူးယှဉ် မှ သာ အစစ် အမှန် 

ဆေးပေါင်း ခ သည့် ဖြစ်စဉ် အဖြစ် သတ်မှတ် နိုင်ပြီး တနင်္ဂနွေ ဂြိုဟ် ခေါ် နေမင်း ဗြိစ္ဆာ ရာသီ နှင့် တနင်္လာ
 
ဂြိုဟ် လမင်း ပြိဿ ရာသီ ၌ တည်ရှိ မှသာ ဆေးပေါင်း ခသော တန်ဆောင်မုန်း ည အဖြစ် သတ်မှတ် 

နိုင်သည်။ ယခု နှစ် တွင် တန်ဆောင်မုန်း လပြည့် နက္ခလ ပြည့်ချိန် သည် မြန်မာ စံတော်ချိန် ည ၉ နာရီ 

၄၆ မိနစ် ဖြစ်ပြီး ယင်း အချိန် တွင် လမင်း သည် အင်ဒို နီးရှား နိုင်ငံ အရှေ့မြောက် ပစိဖိတ် သမုဒ္ဒရာ 

အတွင်း တည်ရှိ နေမည် ဖြစ်ကာ ည သန်းခေါင်ယံ အချိန် တွင် လပြည့်ဝန်း ကြီး သည် ရန်ကုန် မြို့ပေါ်မှ 

ဖြတ်သန်း သွားမည် ဖြစ် သည့် အတွက် ဆေး ဖက်ဝင် မဲ ဇလီအား သုံးဆောင် နိုင်မည် ဖြစ် သည်။

''လပြည့်ည မှာ သုပ်စား တဲ့ မဲဇလီ ဖူးသုပ် က ဆေးဖက် ဝင် တယ်။ ကျေးလက် တော ရွာတွေ မှာ နေတဲ့ 

သူတွေ ဆိုရင် လပြည့်နေ့ လရောင် ကျထား တဲ့ မဲဇလီဖူး တွေကို ခူးသင့် ပါတယ်။ လရောင် ထိထား တဲ့ 

မဲဇလီတွေ ကဆေး ပေါင်းခ ပြီး ဆေးစွမ်း ထက်ပါ တယ်။ မြို့မှာ နေတဲ့ သူတွေ ဆို ရင်တော့ လပြည့်ည 

မတိုင်မီ ခူးထား တဲ့ မဲ ဇလီဖူးတွေ ကို လပြည့်ည နက္ခတ် စုံချိန်ကျ မှာ ရေနွေး ဖျော ပြီး သုပ် စား သင့် 

ပါတယ်။ နက္ခတ် စုံချိန် နှစ်ချိန် ရှိပါတယ်။ လပြည့်နေ့ ည ၉ နာရီ ၁၆ မိနစ်နဲ့ လပြည့် နေ့ သန်းခေါင် ယံ 

အချိန်မှာ မဲဇလီ ဖူးသုပ် ကို သုံးဆောင် သင့် ပါတယ်'' ဟု ယင်း က ဆိုသည်။

ဆေးပေါင်း ခချိန်တွင် မဲ ဇလီဖူး သုပ်စားခြင်း ဖြင့် အသက် ရှည်ပြီး အနာ ရောဂါ ကင်းမဲ့စေ နိုင်ကြောင်း၊ 

မဲဇလီရွက် သည် နတ်ပြည် တွင် နတ်သက် ရှည်ရန် စားလေ့ ရှိသည့် မဉ္ဇူသက နတ် ပန်း နှင့်ဆင် တူသော

 ကြောင့် မဲဇလီ ရွက်များ ကို စားသုံး ခြင်းဖြင့် အ သက် ရှည်၊ အနာကင်း နိုင်ကြောင်း ရှေးသူ ဟောင်း တို့မှ 

အကြံပြု ခဲ့သ ဖြင့် ယင်း ဓလေ့မှာ ယနေ့ တိုင် ထွန်းကား နေဆဲ ဖြစ်ကြောင်း သိ ရသည်။

သူသူထက်လွင်

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.