ပေါ်ကုန်ပြီ

Posted by Black Magic | Posted in | Posted on 4:46 PM



ညစာစားပြီးတိုင်း ဟယ်ရီ ဟာ သူသောက်နေကျ အရက်ဆိုင်ကို ထွက်သွားပြီး သန်းခေါင်ယံမှ အရက်မူးပြီး အိမ်ပြန် ရောက်လာတတ်တယ်။ အရက်မူးနေတာကြောင့် သော့ပေါက်ထဲ သော့ဝင်အောင် မထိုးနိုင်လို့ မိန်းမက တံခါးဖွင့်ပေးရတယ် ညတိုင်းမူးပြန်လာလို့ မိန်းမရဲ့ အော်ဟစ်ဆူပူကြိမ်းမောင်းတာ ခံရတယ်။
ဒါပေမယ့်လည်း ဟယ်ရီ ဟာ သွားမြဲသွား သောက်မြဲသောက် ၊ မူးမြဲတိုင်း မူးလျက်ပဲ။

တစ်နေ့မှာ ဟယ်ရီရဲ့ မိန်းမဟာ သူ့ယောက်ျားရဲ့ အပြုအမူကို စိတ်ပျက်လက်ပျက်နဲ့ မိတ်ဆွေတစ်ယောက်ကို ပြောပြနေတယ် မိတ်ဆွေက
``သူ အိမ်ပြန်လာတဲ့အခါ သူ့ကို ဆူပူကြိမ်းမောင်းမယ့် အစား ချစ်စကားလေးတွေပြောပြီး အနမ်းနဲ့ ကြိုကြည့်ပါလား။ ဒါဆိုရင် သူ့အပြုအမူတွေ ပြောင်းသွားနိုင်တယ်``

လို့ အကြံပေးတယ်။ ဒါနဲ့ပဲ ညဘက် ဟယ်ရီမူးပြီး အိမ်ပြန်လာတော့ မိန်းမက တံခါးအပြေးသွားဖွင့်ပြီး လက်မောင်းလေးတွဲပြီး ဧည့်ခန်းထဲက နောက်မှီလက်တင်ပါကုလားထိုင်ာ ထိုင်စေတယ်။

ပြီးတော့ သူစီးထားတဲ့ ရှူးဖိနပ်ကိုချွတ်ပြီး …

"အချစ် ရေ အတော်ညဉ့်  နက်နေပြီ ၊ အိပ်ရာဝင်ကြရအောင်လား`` ဟု တယုတယ ပြောလိုက်တယ်။ ဒီအခါ လင်တော်မောင်ဟယ်ရီက မူးမူး နဲ့ ဒီလို ပြန်ပြောလိုက်တယ်။

``မင်း ပြောသလို အိပ်ရာဝင်ကြမှ ကောင်းမယ်။ ငါအိမ်ပြန်သွားရင် ပြဿနာနဲ့ ရင်ဆိုင်နေရဦးမယ်`` တဲ့ ။

တိန်

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.