ထူးထူးဆန်းဆန်း $

Posted by Black Magic | Posted in , | Posted on 4:25 PM

100,000 Dollar Bill

အခုမြင်နေရတဲ့ ဒေါ်လာ တစ်သိန်းတန် ကတော့ ပိုက်ဆံမဟုတ်ပါဘူး။ သူဟာ ရွှေအာမခံအတွက် ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ ဒီ လက်မှတ်ကို ပြည်တွင်းအခွန်နှင့် ပတ်သတ်ပြီး အသုံးပြုဖို့ ရည်ရွယ်ချက်နှင့် ထုတ်ဝေခဲ့တာဖြစ်ပြီး ပုံမှန် ပိုက်ဆံများကဲ့သို့ ငွေကြေးစီးဆင်းမှု့အဖြစ် ထုတ်ဝေခဲ့တာ မဟုတ်ပါဘူး။ ၁၉၃၄ ခုနှစ်မှာ ထုတ်ဝေခဲ့တာဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့ ၂၈ ရောက်မြောက် သမ္မတ ၀ီးဒရိုး ၀ီလ်ဆင်ရဲ့ ပုံကို ပိုက်ဆံရှေ့မှာ ရိုက်နှိပ်ဖော်ပြခဲ့ပါတယ်။ တစ်သိန်းတန် ရွှေအာမခံလက်မှတ် စုစုပေါင်း ၄၂၀၀၀ သာထုတ်ဝေခဲ့တာဖြစ်ပြီး ယနေ့အချိန်မှာ"Not for sale" ဖြစ်နေပါပြီ။ မပျက်မစီး ကျန်ရှိနေသေးတဲ့ အဆိုပါ ရွှေအာမခံလက်မှတ်များကို ဆက်လက် အသုံးမပြုကြတော့ပဲ အချို့သော ပြတိုက်များမှာသာ ကြည့်ရှု့စရာတစ်ခုအဖြစ် ပြသထားပါတယ်။

10,000 Dollar Bill

ဒီ တစ်သောင်းတန် ဒေါ်လာကတော့ အမေရိကန်နိုင်ငံမှာ အများပြည်သူသုံးအဖြစ် ထုတ်ဝေခဲ့သမျှ ဒေါ်လာတွေထဲမှာ တန်ဖိုး အကြီးဆုံး ဒေါ်လာပဲဖြစ်ပါတယ်။ ၁၉၃၄ ခုနှစ်မှာ ထုတ်ဝေခဲ့တာဖြစ်ပြီး အမေရိကန် အခွန်ဝန်ကြီးဋ္ဌာန အတွင်းရေးမှုးပုံကို ရိုက်နှိပ်ဖော်ပြထားပါတယ်။ ၁၉၆၉ ခုနှစ်မှာ အဆိုပါ ဒေါ်လာများကို ပြန်လည် ရုတ်သိမ်းခဲ့ပြီး ယနေ့အချိန်မှာတော့ အနည်းမျှသာ တွေ့ရှိရတော့မှာဖြစ်ပါတယ်။ ၁ သောင်းတန် ဒေါ်လာများဟာ ယခုအချိန်မှာတော့ ရှာပါးပစ္စည်းဖြစ်နေပြီး အွန်လိုင်းကနေ ၀ယ်ယူရရှိနိုင်ပါတယ်။ ဒါပေမယ့် ဈေးချိုချိုနဲ့ ရလိမ့်မယ်လိုတော့ မမျှော်လင့်ပါနဲ့။ ဒီပိုက်ဆံဟာ ရှားပါ ပစ္စည်းတွေကို ရူးရူးမူးမူး ခုံမင်တဲ့သူတွေသာ စုဆောင်းလေ့ရှိပါတယ်။

5,000 Dollar Bill

အမေရိကန်နိုင်ငံဟာ ၅ ထောင်တန် ဒေါ်လာတွေကိုလည်း ပြည်တွင်းငွေကြေးအဖြစ် အသုံးပြုရန် အလားတူ ထုတ်ဝေခဲ့ဖူးပါတယ်။ ၁၉၃၄ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး ၁၉၆၉ ခုနှစ်မှာ အဆိုပါ ပိုက်ဆံတွေကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ အမေရိကန်နိုင်ငံရဲ့ လေးယောက်မြောက် သမ္မတ ဂျိမ်းစ် မက်ဒီဆင် ရဲ့ပုံကို အဆိုပါပိုက်ဆံမှာ ရိုက်နှိပ်ဖော်ပြခဲ့ပါတယ်။ ယခုအချိန်မှာတော့ ရွက်ရေ ၅၀၀ အောက်လောက်ဘဲကျန်တော့မှာဖြစ်ပြီး သင်ဝယ်ယူချင်တယ်ဆိုရင်တော့ အွန်လိုင်းကနေတစ်ဆင့် ၀ယ်ယူနိုင်ပါတယ်တဲ့ ခင်ဗျာ….

The 1,000 Dollar Bill

ဒါကတော့ ၁ ထောင်တန် ဒေါ်လာဖြစ်ပါတယ်။ ၁၉၂၈ မှစပြီး ၁၉၄၆ခုနှစ်အထိ ထုတ်ဝေခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ဆက်လက်ထုတ်ဝေခြင်းမရှိတော့ပါဘူး။ အမေရိကန်နိုင်ငံရဲ့ နှစ်ဆယ့်လေးယောက်မြောက် သမ္မတ ဂရိုဗာ ကလိဗ်လန်း ရဲ့ ပုံကို ဖော်ပြ ရိုက်နှိပ်ခဲ့ပါတယ်။ ၁၆၉၆ ခုနှစ်မှာ ပြန်လည်အပ်နှံဖို့ခေါ်ယူခဲ့ပါတယ်။ ယနေ့အချိန်မှာတော့ ၁၀၀၀ တန် ဒေါ်လာအနည်းငယ်သာ ကျန်ပြီး ၄င်းဒေါ်လာများဟာ ယနေ့အချိန်အထိ ဒေါ်လာ တစ်ထောင် တန်ကြေးရှိနေပါသေးတယ်။

source : http://purpleslinky.com/offbeat/500-to-1000-to-10000-and-beyond-the-biggest-dollar-bills-in-united-states-history/
Credit by : multivitamin




Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.