Posted by Black Magic | Posted in သတင်းများ | Posted on 5:50 PM
နိုဝင်ဘာ ၂။
အမေရိကန်တို့၏ အွန်လိုင်း၊ဖုန်းလိုင်း စုံစမ်းစစ်ဆေးမှုများ ပေါက်ကြားစေခဲ့သူ စနိုးဒင်သည် နိုဝင်ဘာ
၁ရက်မှ စတင်ကာ ရုရှားနိုင်ငံ၏ အဓိကရ ၀က်ဘ်ဆိုက် တစ်ခုတွင် စတင် အလုပ် လုပ်တော့မည်ဖြစ်
ကြောင်း သူ၏ ရှေ့နေ Antoly Kucherena က ဆိုသည်။ Kucherean က လုပ်ငန်းကြီးတစ်ခုဟု ပြော
သော်လည်း ရုရှား၏ နာမည်ကျော် လူမှုကွန်ရက်ဖြစ်သော VKontakte တွင် အလုပ်လုပ်ခြင်း ဟုတ်မ
ဟုတ်ကိုမူ အတိအကျ မဆိုဘဲ အရိပ်အမြွတ်သာ ပြောကြားခဲ့သည်။
Kucherean က Interfax သတင်းဌာနသို့ ပြောကြားရာတွင် ရုရှားမှ VKontakte သည် Facebook နှင့်
အပြိုင် ကျော်ကြားသော ၀က်ဘ်ုဆိုက်ဖြစ်ကြောင်း၊ သြဂုတ်လအတွင်းကလည်း ၀က်ဘ်ဆိုက်ကို တည်
ထောင်သူများက စနိုးဒင်ကို လာရောက်လုပ်ကိုင်ရန် ကမ်းလှမ်းခဲ့ကြောင်း ဆိုသည်။
၂၀၀၆ခုနှစ်က ရုရှား၏ လူကြိုက်အများဆုံး Vokntakle ကို ပူးပေါင်းတည်ထောင်ခဲ့သူ Durov အသက်
၂၉နှစ်က သူ၏ ၀က်ဘ်စာမျက်နှာတွင် စနိုးဒင်ကို စိန့်ပီတာစဘတ်သို့လာရန် ဖိတ်ထားကြောင်း သူတို့
၏ programmer အဖွဲ့ထဲတွင် စနိုးဝင်ပါခဲ့လျှင် အလွန်ဝမ်းမြောက်မည်ဖြစ်ကြောင်း ရေးသားခဲ့ဖူးသည်။
လက်ရှိအချိန်တွင် user သန်း၁၀၀ကျော် ရှိသော VKontakte မှ ပြောရေး ဆိုခွင့် ရှိသူ Georgy
Loubushkin ကလည်း စနိုးဒင် အလုပ် ၀င်မ၀င်ကို မည်သည့် ထင်မြင်ချက်မှ မပေးဘဲ နေလျက်ရှိသည်။
ထို့ပြင် ရုရှားမှ အင်တာနက်ကုမ္ပဏီကြီးနှစ်ခု ဖြစ်သော Mail.Ru Group နှင့် Yandex တို့က သူတို့သည်
စနိုးဒင်ကို မငှားဟု ငြင်းထားကြသည်။
Ref: AFP
Comments (0)
Post a Comment