ထိပ်မပြောင်အောင် ဆံပင်ကို အောက်ဘက်သို့ ဆွဲမဖြီးသင့်

Posted by Black Magic | Posted in | Posted on 8:20 PM

ထိပ်မပြောင်အောင် ဆံပင်ကို အောက်ဘက်သို့ ဆွဲမဖြီးသင့်ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားကြောင့် ထိပ်ပြောင်နိုင် ပါတယ်။ ဆံပင်ကို အောက် ဘက်သို့ ဆွဲချပြီး ဖြီးတာကြောင့် အမျိုး သားတွေ အသက်ကြီးရင် ဆံပင်ဆုံးရှုံးမှု များပြီး ထိပ်ပြောင်နိုင်တယ်လို့ ကျွမ်းကျင် သူတွေက ယုံကြည်ကြ ပါတယ်။ ငယ်ရွယ်တဲ့ အမျိုးသားတွေရဲ့ ဦးရေ ပြားအောက်မှာ အဆီလုံလုံလောက် လောက်ရှိပြီး ရေဓာတ်ပြည့်ဝနေတဲ့အ တွက် မွေးညင်းပေါက် အတွင်း ဖိအား သက်ရောက်မှု နည်းပါတယ်။ ဒါပေမဲ့ အမျိုးသားတွေ အသက်ကြီး လာတဲ့အခါ မှာ အရေပြားနဲ့ အရေပြားအောက်က အဆီပြင်တွေ ပါးလွှာလာပြီး မွေးညင်း ပေါက်ပေါ်မှာ ဖိအားပိုများ လာပါတယ်။ နားရွက်လိုမျိုး နေရာတွေမှာ ဦးရေပြား ပေါ် ကမ္ဘာ့ဆွဲငင်အားရဲ့ အကျိုးသက် ရောက်မှုပေါ် ခံနိုင်ရည်ရှိတဲ့ အတွက် ဦး ခေါင်းဘေးနေရာမှာ ဆံသားဆုံးရှုံးမှု နည်းပေမယ့် ငယ်ထိပ်နေရာမှာမူ ဆံသား ဆုံးရှုံးမှုများပြားကာ ထိပ်ပြောင်လာပါ တယ်။

အမျိုးသားတွေ ဆံပင်ထိပ်ပြောင် တာက မျိုးရိုးဗီဇဂျင်းမှ ဟော်မုန်း ပြဿနာ အပါအဝင် အကြောင်းရင်းများစွာရှိပါ တယ်။ အဲဒီအထဲမှာ ကမ္ဘာ့ဆွဲငင်အား ဟာလည်း အကြောင်းရင်းတစ်ခုလို့ ကျွမ်း ကျင်သူတွေက ဖော်ထုတ်လိုက်ပါတယ်။ အသက်ကြီးလာတဲ့အခါမှာ အမျိုး သားဟော်မုန်း တက်စတိုစတီရုန်း လျော့ ကျသွားတာဟာလည်း အဆီပြင်ကို ပိုမိုပါးလွှာစေပါတယ်။ အဆီပမာဏ လျော့ကျသွားတဲ့အတွက် မွေးညင်း ပေါက်တွေဟာ ဖိအားသက်ရောက်မှုကို ခံနိုင်ဖို့အတွက် ပိုမိုအလုပ်လုပ်ရတဲ့အ တွက် ဆံသားပုံမှန်ကြီးထွားဖို့ ဟော်မုန်း တွေ ပိုမိုလိုအပ်လာပါတယ်။ ဒါကြောင့် အမျိုးသားဟော်မုန်း တက်စတိုစတီရုန်း တွေဟာ ဦးရေပြားအတွင်း ပိုမိုစုဆောင်း လာပါတယ်။ တက်စတိုစတီရုန်းဟော် မုန်းကို တုံ့ပြန်ဖို့ ဆံပင်ကြီးထွားစက်ဝန်း က အလုပ်လုပ်ရပေမယ့် မွေးညင်းပေါက် အတွင်း ဖိအားသက်ရောက်မှုများတဲ့အ တွက် ဆံသားကြီးထွားဖို့ အခြေအနေ မပေးနိုင်ပါဘူး။ အချိန်ကြာလာတဲ့အခါ မှာ မွေးညင်းပေါက်တွေ တဖြည်းဖြည်း သေးငယ်သွားကာ ဆံပင်ဆုံးရှုံးမှုတွေ ပိုမိုများပြားလာပြီး ထိပ်ပြောင်သွားပါ တယ်။

ဦးရေပြားရဲ့အလေးချိန်ကြောင့် ဖိ အားဖြစ်ပေါ်ပြီး ထိပ်ပြောင်ခဲ့ရင် ငယ် ထိပ်တည့်တည့်မှာ ထိပ်ပြောင်တတ်တဲ့ အတွက် ငယ်ထိပ်ပြောင်သူတွေအနေနဲ့ ဆံပင်ကို အောက်သို့ ဆွဲချမဖြီးဘဲ ဘေး သို့ လှန်ပြီးသာဖြီးသင့်ကြောင်း ကျွမ်း ကျင်သူတွေက အကြံပေးထားပါတယ်။

ဒေါက်တာခင်မိုးမိုး

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.