Posted by Black Magic | Posted in ဟာသများ | Posted on 2:40 AM
ကိုမဲလုံးနဲ့ ဒေါ်ရွှေညိုတို့မှာ သားလေးတစ်ယောက်ရှိတယ်
'ကြည်ဆွေ' တဲ့
ကလေးလေးက သနားစရာပါဗျာ၊ ရှေးကုသိုလ်ထင်ပါရဲ့ ရုပ်ကဆိုးလိုက်တာမှ ဘယ်လိုပြောရမှန်းကို မသိတာ။
သူ့ကိုမွေးပေးတာက အရပ်လက်သည် ဒေါ်အိမ်သစ်တဲ့
ဒေါ်အိမ်သစ်က သူမွေးပေးခဲ့ရတဲ့ အတွေ့အကြုံကို ပြောပြောပြတတ်တယ်.. ...
"ကြည်ဆွေဆိုတဲ့ကလေးပေါ့၊ သူ့အမေဗိုက်ထဲက ထွက်လာလာခြင်း သူ့မျက်နှာမြင်လိုက်တော့ ငါတောင် ရုတ်တရက် လန့်သွားတယ်၊ အားတင်းပြီး လုပ်စရာရှိတာ ဆက်လုပ်တာ၊ သူငိုလဲငိုလိုက်ရော ငါ့မှာ လန့်ပြီး တက်သွားလိုက်တာ မနည်းနှာနှပ်ယူရတယ်"
ကလေးက ဒီအတိုင်းနေရင်ကို ရုပ်ကဆိုးတာလေ
ငိုများငိုလိုက်လို့ကတော့ မြင်သမျှလူ လန့်ရော
သူများ မပြောပါနဲ့
သူ့အမေတောင် အဲဒီကလေးငိုရင် မျက်နှာကို မကြည့်ရဲလို့တဲ့ ခေါင်းအုံးပေါ် မှောက်ချထားရတယ်တဲ့။
အငိုတိတ်မှ ပြန်ချီရဲရှာတာ
ကြည်ဆွေလေးရုပ်ဆိုးတာက ရပ်ကျော်ရွာကျော်ဆိုတော့ ပြည်နယ်ဝန်ကြီးချုပ်က လာကြည့်သတဲ့
ကလေးကိုလဲ မြင်ရော 'နာမည်ကြီးသလောက် ရုပ်ဆိုးပါပေတယ်' လို့ မှတ်ချက်ပြုတယ်
ပြီးတော့ ကလေးကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့မွေးနေ့ဖြစ်တဲ့ ဇွန်လ ၂၇ ရက်နေ့ကို 'တစ္ဆေကြီးများနေ့' အဖြစ် သတ်မှတ်ပေးပြီး ရုံးပိတ်ရက် ကြေညာပေးလိုက်တယ်
နေ့လည်နေ့ခင်း ကြည်ဆွေများ ဝရံတာထွက်ထိုင်နေလို့ကတော့
အရွယ်လေးရလာတော့ ကလေးသဘာဝ ဆော့ချင်၊ ကစားချင်တာပေါ့
ဒါပေမယ့် ရွယ်တူကလေးတွေက သူမို့ ကစားကွင်းထဲဝင်လာရင် ငိုယိုလန့်ဖြန့်ပြီး အိမ်ပြန်ပြေးကုန်ကြတော့တာ
နောက်ဆုံး ဆော့စရာမရှိတော့ ဘုန်းကြီးကျောင်းက ခွေးလေးတွေနဲ့ ဆော့ရတယ်
ဒါတောင် အစပိုင်းမှာ ခွေးတွေက ဆော့ချင်ဘူး၊ အင်တင်တင်ရယ်
နောက်တော့မှ သူ့အမေက အကြံရပြီး ကြည်ဆွေ့ခါးမှာ အမဲသားတစ်တွဲချည်ပေးလိုက်တယ
ကြည်ဆွေကပြေး၊ ခွေးတွေကလိုက်၊ တရုန်းရုန်းပေါ့၊ ပျော်စရာကြီး၊
အဲဒါ အမဲသားတွဲမကုန်မခြင်း ဆော့ပေရော့ဘဲ
မိခင်မေတ္တာနဲ့ ချစ်လွန်းလို့သာ လုပ်ပေးရတာ၊ သူ့အမေလည်း ညည်းရှာတယ်
ကြာတော့ အမဲသားဖိုးက ထောင်းတာကိုး....
ကြည်ဆွေလေး လူပျိုပေါက်အရွယ်ရောက်လာတော
သူ့ပုံမတင်ရဲတော့ ကိုရီးယားမင်းသားပုံ ပရိုဖိုင်းလေးနဲ့ပေါ့
ဘာမှန်းညာမှန်းမသိတော့ Friend List ထဲမှာ လူ 400 လောက်ရလာတယ်
အဲဒါ အရဲစွန့်ပြီး သူ့ပုံအစစ်လဲ တင်လိုက်ရော ဝိုင်းပြီး Block လိုက်ကြတာ လူ 500 လောက်ရှိတယ်
friend ရှိတာမှ 400 ထဲ၊ 500 လောက်က Block တော့ သူ့မှာ Facebook ကိုပေးစရာ Friend 100 ကျော် အကြွေးတင်ရော
အံ့ပ့ါ
သားလေးအထီးကျန်ဖြစ်နေတာကို သနားလို့ မိဘတွေက အိမ်ထောင်ဖက်ရှာပေးတယ်
မမင်းအိမ် ဆိုတဲ့ အမျိုးသမီးနဲ့ ပေါ့
မမင်းအိမ်ကလဲ ရာဇဝင်နဲ့ချီပြီး ရုပ်ဆိုးတာ
မမင်းအိမ်တို့ မိဘတွေက ပင်လယ်ကမ်းခြေမှာ နေကြတာ
တံငါလုပ်တယ်
မမင်းအိမ်လေး ကလေးဘဝ ဆော့ကစားတတ်တဲ့ အရွယ်ရောက်တော့ ပင်လယ်ဘက်များထွက်လာရင် ကမ်းခြေကို ရိုက်နေတဲ့ လှိုင်းတွေတောင် ရပ်ကုန်သတဲ့
မလာရဲတော့ဘူး
ပင်လယ်မှာ မိုးတွေညို့ပြီး မုန်တိုင်းများကျမယ်ပြင်နေလ
လာမယ့်မုန်တိုင်း မိုင်တရာလောက်က ကွင်းသွားတယ်ဆိုဘဲ
မိုးလေဝသခန့်မှန်းတဲ့ ဦးထွန်းလွင်တောင် မမင်းအိမ်ကြောင့် ခန့်မှန်းတာတွေလွဲကုန်လို့ သူ့အလုပ်ကိုစိတ်နာပြီး အလုပ်ကထွက်သွားတယ်
အဲလိုရုပ်ဆိုးခြင်း ညားတာဆိုတော့ 'ငပိရေနဲ့လောက်၊ ဓနိမြွေနဲ့မျောက်' ဆိုတာလို လိုက်ဖက်တာပေါ့ဗျာ
တနေ့ကတော့ သတင်းတခုကြားလို့ ရန်ကုန်ကိုသွားကြတယ်
'အရှေ့တောင်အာရှ ဖလား ရုပ်ဆိုးသူများပြိုင်ပွဲ၊ SEA Cup Ugly Contect' ရှိလို့ သွားပြိုင်ကြတာတဲ့
နောက်တော့ ပြိုင်ပွဲမဝင်လိုက်ရဘဲ အိမ်ပြန်ရောက်လာကြတယ်
ဒိုင်လူကြီးတွေ သူတို့ကို ပြိုင်ပွဲအဝင်မခံပဲ တောင်းပန်လွတ်လိုက်တယ်လို့ ပြောတယ်
"တောင်းပန်ပါတယ်ဗျာ၊ ဒါ အပျော်တမ်းအဆင့် ပြိုင်ပွဲပါ၊ ခင်ဗျားတို့လို့ ပရောဖက်ရှင်နယ်အဆင့်တွေ လက်မခံပါဘူး"... တဲ့
ငှီး ငှီး...
နာမည်တူသူများ သီးခံ
ချစ်ရို့စတာ... တောက်ညင်ကပ်ရင် ရှုးတောင်လှည့်မပေါက်ဘူးမှတ်
သန်၎ကို











Myanmar Kyat Converter
Comments (0)
Post a Comment