ရှက်စရာကြီးပါ

Posted by Jelly Kit | Posted in | Posted on 12:20 PM


ရှက်စရာကြီးပါ 
========
တစ်ခါ က အထက ( ၁ ) သာကေတကျောင်းရဲ့ နှစ်စဉ်ကျင်းပတဲ့
ဘက်စုံပညာထူးချွန်ဆု ပြိုင်ပွဲမှာ ယဉ်ယဉ်အေးဆိုတဲ့
ခပ်ရိုးရိုးအေးအေး စာကြမ်းပိုးမလေး ပထမရသွားတယ်။
             ပထမဆုရတဲ့ ယဉ်ယဉ်အေးကို ဆုတံဆိပ်တွေ ငွေသားဆုတွေ အပြင်
အမျိုးသားဇတ်ရုံမှာကျင်းပမယ့် မြန်မာနိုင်ငံကာယဗလမောင် နဲ့
ကာယအလှမယ်ပြိုင်ပွဲ လက်မှတ်ကိုပါချီးမြှင့်လိုက်တယ်။

               ပြိုင်ပွဲ သွားကြည့်ပြီး နောက်တစ်ရက်မှာ ကျောင်းပြန်တက်တာ့
အတန်းဖော်တွေနဲ့ အတန်းပိုင်ဆရာမ ဒေါ်စန်းစန်းရင် တို့ က
ယဉ်ယဉ်အေးကို သွားကြည့်ခဲ့တဲ့ ပြိုင်ပွဲအတွေ့အကြုံလေးတွေဝိုင်းမေးကြတာပေါ့။

  
ဆရာမ။         ။ယဉ်ယဉ်အေး၊ သမီး မနေ့က သွားကြည့်ခဲ့တဲ့ ပြိုင်ပွဲအကြောင်းလေး     
                      အတန်းဖော်တွေကို ဝေမျှပါဦးကွယ်။
ယဉ်ယဉ်အေး။         ။ဟုတ်ကဲ့ ဆရာမ၊ မနေ့က ကြည့်ခဲ့တဲ့ ပွဲမှာ ကာယအလှမယ်လေးတွေ
                               ကိုကြည့်ရတာ အရမ်း ကျက်သရေရှိတာပဲ။ မြန်မာဆန်ဆန် ယဉ်ယဉ်ကျေးကျေး
                               သပ်သပ်ရပ်လေးဝတ်ထားတော့ တော်တော်လေးကြည့်လို့ လှပါတယ်။
                              အရမ်းလည်းအားကျတာပဲ။ သမီးလည်း နောင်ကျရင် ဝင်ပြိုင်ချင်တယ်။

ဆရာမ။      ။ ဒါပေါ့ကွယ်၊ မြန်မာမိန်းကလေးတို့ ရဲ့အလှအပနဲ့ကျက်သရေကိုဖော်ကြူးတဲ့ ဒီလိုပွဲမျိုးဆိုတာ 
                  ဝင်ပြိုင်သင့်တာပေါ့။ ဒါနဲ့ ကာယဗလမောင် ပြိုင်ပွဲအကြောင်းလဲ ပြောပြပါဦး။
ယဉ်ယဉ်အေး။       ။ကာယဗလမောင်ကြီးတွေက ဗလကြီးတွေနဲ့ကြောက်စရာကြီး။  
                             ခန္ဓာကိုယ်မှာ အဝတ်အစားတွေလည်းမရှိဘူး ကြည့်ရမှာ ရှက်စရာကြီးပါ ဆရာမရယ်။
 
ဆရာမ။     ။ဟယ် ..  .. ဒါဆို အဲ့ဒီပြိုင်ပွဲ ကို လုံးဝမကြည့်ခဲ့ဘူးပေါ့၊ ဟုတ်လား။
ယဉ်ယဉ်အေး။      ။မကြည့်ဘဲတော့ မနေပါဘူး ဆရာမရဲ့ ။ သမီးက အဝတ်ဗလာနဲ့ ကိုယ်တုံးလုံးကြီးတွေ
                             ကြည့်ရမှာရှက်တော့  ဟိုအဝတ်အစား ဝတ်ထားတဲ့ တစ်နေရာလေးပဲ စိုက်ကြည့်ခဲ့တာပေါ့။




ပြုံးရုံလေးပြုံးလိုက်ရင်တောင် သင် အသက်ရှည်စွာနေထိုင်နိုင်မှာပါ။
၈။ဟာသလွင်ပြင်https://www.facebook.com/groups/shweaeimsijoker/

တစ်ခါ က အထက ( ၁ ) သာကေတကျောင်းရဲ့ နှစ်စဉ်ကျင်းပတဲ့
ဘက်စုံပညာထူးချွန်ဆု ပြိုင်ပွဲမှာ ယဉ်ယဉ်အေးဆိုတဲ့
ခပ်ရိုးရိုးအေးအေး စာကြမ်းပိုးမလေး ပထမရသွားတယ်။

ပထမဆုရတဲ့ ယဉ်ယဉ်အေးကို ဆုတံဆိပ်တွေ ငွေသားဆုတွေ အပြင်
အမျိုးသားဇတ်ရုံမှာကျင်းပမယ့် မြန်မာနိုင်ငံကာယဗလမောင် နဲ့
ကာယအလှမယ်ပြိုင်ပွဲ လက်မှတ်ကိုပါချီးမြှင့်လိုက်တယ်

ပြိုင်ပွဲ သွားကြည့်ပြီး နောက်တစ်ရက်မှာ ကျောင်းပြန်တက်တာ့
အတန်းဖော်တွေနဲ့ အတန်းပိုင်ဆရာမ ဒေါ်စန်းစန်းရင် တို့ က
ယဉ်ယဉ်အေးကို သွားကြည့်ခဲ့တဲ့ ပြိုင်ပွဲအတွေ့အကြုံလေးတွေဝိုင်းမေးကြတာပေါ့။


ဆရာမ။ ။ယဉ်ယဉ်အေး၊ သမီး မနေ့က သွားကြည့်ခဲ့တဲ့ ပြိုင်ပွဲအကြောင်းလေး
အတန်းဖော်တွေကို ဝေမျှပါဦးကွယ်။
ယဉ်ယဉ်အေး။ ။ဟုတ်ကဲ့ ဆရာမ၊ မနေ့က ကြည့်ခဲ့တဲ့ ပွဲမှာ ကာယအလှမယ်လေးတွေ
ကိုကြည့်ရတာ အရမ်း ကျက်သရေရှိတာပဲ။ မြန်မာဆန်ဆန် ယဉ်ယဉ်ကျေးကျေး
သပ်သပ်ရပ်လေးဝတ်ထားတော့ တော်တော်လေးကြည့်လို့ လှပါတယ်။
အရမ်းလည်းအားကျတာပဲ။ သမီးလည်း နောင်ကျရင် ဝင်ပြိုင်ချင်တယ်။

ဆရာမ။ ။ ဒါပေါ့ကွယ်၊ မြန်မာမိန်းကလေးတို့ ရဲ့အလှအပနဲ့ကျက်သရေကိုဖော်ကြူးတဲ့ ဒီလိုပွဲမျိုးဆိုတာ
ဝင်ပြိုင်သင့်တာပေါ့။ ဒါနဲ့ ကာယဗလမောင် ပြိုင်ပွဲအကြောင်းလဲ ပြောပြပါဦး။
ယဉ်ယဉ်အေး။ ။ကာယဗလမောင်ကြီးတွေက ဗလကြီးတွေနဲ့ကြောက်စရာကြီး။
ခန္ဓာကိုယ်မှာ အဝတ်အစားတွေလည်းမရှိဘူး ကြည့်ရမှာ ရှက်စရာကြီးပါ ဆရာမရယ်။

ဆရာမ။ ။ဟယ် .. .. ဒါဆို အဲ့ဒီပြိုင်ပွဲ ကို လုံးဝမကြည့်ခဲ့ဘူးပေါ့၊ ဟုတ်လား။
ယဉ်ယဉ်အေး။ ။မကြည့်ဘဲတော့ မနေပါဘူး ဆရာမရဲ့ ။ သမီးက အဝတ်ဗလာနဲ့ ကိုယ်တုံးလုံးကြီးတွေ
ကြည့်ရမှာရှက်တော့ ဟိုအဝတ်အစား ဝတ်ထားတဲ့ တစ်နေရာလေးပဲ စိုက်ကြည့်ခဲ့တာပေါ့။

ပြုံးရုံလေးပြုံးလိုက်ရင်တောင် သင် အသက်ရှည်စွာနေထိုင်နိုင်မှာပါ။

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.