မြန်မာပြည်၏ ဝေါ့ဒစ္စနေးရဲ့ နောက်ဆုံးခရီး

Posted by Black Magic | Posted in | Posted on 8:18 AM


၃ဝ.၁ဝ.၂ဝ၁၃ ရက်နေ့ မွန်းလွဲ (၁၂း၂ဝ) နာရီအချိန်တွင် မြန်မာပြည်၏ ဝေါ့ဒစ္စနေးဟု တင်စားခြင်းခံရအောင် နာမည်ကြီးကာတွန်းဇာတ်ကောင်များဖြစ်ကြသည့် ဦးရှံစားနဲ့ ဦးဒိန်းဒေါင်၊ သူဌေးကြီး ဦးကပ်စီးနဲ့ ခင်မောင်သိန်းထွန်းဝင်း၊ ဦးစိတ်တိုနဲ့ မျောက်ညို၊ ကြာဇံ၊ နမူနာပါဘဲ “ခင်”၊ ဗိုလ်ပုချို၊ တီထွင်မှု ပါရဂူဦးဆိတ်ဖြူ၊ ဘဲကောင်း - ဆန်ပြုတ် - အီကြာကွေးအစရှိသည့် ဇာတ်ကောင်များဖန်တီး၍ ကာတွန်းရုပ်ပြတစ်ခေတ်အားဦးဆောင်ခဲ့သူကာတွန်းဆရာကြီးဦးအောင်ရှိန် အသက် (၈၆) နှစ်သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်အနိစ္စရောက်ခဲ့ခြင်းသည် မြန်မာ့ကာတွန်းလောကအတွက် အစားထိုးမရသည့် ဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်။

၃၁.၁ဝ.၂ဝ၁၃ ရက်နေ့ နံနက် (၁၁း၃ဝ) နာရီအချိန်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆရာကြီး၏သက်မဲ့ရုပ်ခန္ဓာအားနာရေးကူညီမှုအသင်း(ရန်ကုန်)မှရေဝေးသုဿန်အအေးခန်းသို့ ကူညီဖေးမပို့ဆောင်ပေးခဲ့သည်။

ဆရာကြီးသည် နာမည်ကျော်ကာတွန်းဆရာကြီးဦးဘဂျမ်းနှင့် ဦးဟိန်စွန်းတို့၏ ကာတွန်းလက်ရာများတို့အား မြင်ဆရာအဖြစ်လေ့လာဆည်းပူးခဲ့သူဖြစ်သည်။ ၁၉၄၉ ခုနှစ်တွင် သူငယ်ချင်းဖြစ်သူကာတွန်းဖေသိန်း၏ အားပေးကူညီမှုဖြင့် မြန်မာ့အလင်းသတင်းစာ၌ ကာတွန်းများရေးဆွဲခဲ့ပြီးနောက်ပိုင်းတွင် ပေါ်ပြူလာကော့မစ်ကာတွန်းလုံးချင်းကိုစတင်ရေးဆွဲခဲ့သည်။ ထိုမှအစပြု၍ ကာတွန်းဇာတ်ကောင်များစွာမွေးဖွားဖန်တီး၍ ရုပ်ပြကာတွန်းစာအုပ် အမြောက်အမြားရေးဆွဲခဲ့သည်။

မြန်မာရုပ်ပြကာတွန်းစာအုပ် လောကတွင် အအောင်မြင်ဆုံးကာတွန်းဆရာကြီးလည်းဖြစ်သည်။ အထင်ရှားဆုံးဖြစ်သည့် ဦးရှံစားနဲ့ ဦးဒိန်းဒေါင် ဇာတ်ကောင်ဖြင့်ရေးဆွဲသော ရုပ်ပြကာတွန်းစာအုပ်များသည် ရုပ်ရှင်၊ ဗီဒီယိုအဖြစ် ရိုက်ကူးအောင်မြင်ခဲ့သည်။
၁.၁၁.၂ဝ၁၃ ရက်နေ့ ညနေ (၅းဝဝ) နာရီအချိန်တွင် ရေဝေးသုဿန်၌ မြန်မာ့ကာတွန်းလောကအတွက် အစားထိုးမရနိုင်တော့သူကာတွန်းဆရာကြီးဦးအောင်ရှိန်၏ဈာပနအခမ်းအနားအားနာရေးကူညီမှုအသင်း (ရန်ကုန်)မှ စီစဉ်ဆောင်ရွက် ကူညီပေးခဲ့ရာဆရာကြီးအားလေးစားချစ်ခင်ကြသောကာတွန်းရေးဆွဲသူများ၊ ကာတွန်းချစ်သူ၊ ကာတွန်းချစ်ပရိသတ်များ၊ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသား/သူများနှင့် ဆရာကြီး၏မိသားစုဝင်များတို့ဖြင့် စည်ကားသိုက်မြိုက် အောင်မြင်စွာကျင်းပခဲ့သည်။

လူသားတို့ လိုလားတောင့်တခြင်းများစွာသော စိတ်ဆန္ဒအားအနိစ္စတရားသည် ကျော်ဖြတ်၍ အနိုင်ယူစမြဲပင်။ ဆရာကြီးရေးဆွဲခဲ့သည့် ပရိသတ်အချစ်တော် သက်ရှိထင်ရှားနာမည်ကျော်ဇာတ်ကောင် ပုံရိပ်များအား နောင်လူနောက်သားများ၊ ကာတွန်းချစ်ပရိသတ်များ၊ ကာတွန်းချစ်သူ၊ ကာတွန်းရေးဆွဲသူများအတွက် “ဒါ .. ကာတွန်းဆရာကြီးဦးအောင်ရှိန်” ၏ ကာတွန်းလက်ရာများအဖြစ် ဂုဏ်ယူဝင့်ကြွား ပြ သနိုင်လောက်သည့် ဖန်တီးမှုများနှင့် ထိုက်တန်သည့် ခံစားမှုမျိုးအားဆရာကြီးမရရှိခဲ့ပါသည်။ အအောင် မြင်ဆုံး ရုပ်စုံ၊ ရုပ်ပြကာတွန်းဆရာကြီးတစ်ဦးဖြစ်ခဲ့ပြီးလက်ရှိအချိန်တွင် တစ်ဦးတည်းကျန်ရစ်ခဲ့သည့် သက်တော်ရှည် ဆရာကြီးကွယ်လွန်မှုကြောင့် ကာတွန်းဆရာများသာမကကာတွန်းချစ်ပရိသတ်များအတွက် အစားထိုးမရသည့် ဆုံးရှုံးမှုကြီး ဖြစ်ခဲ့တော့သည်။

(ဆရာကြီးဦးအောင်ရှိန်ရောက်ရာအရပ်တွင် ပြည်သူ့အတွက် ကာတွန်းများဆက်လက်ရေးဆွဲနိုင်ပါစေ။)

နာရေးကူညီမှုအသင်း (ရန်ကုန်)

ယခုခေတ်လို အင်တာနက်တွေ၊ ဂိမ်းတွေ မပေါ်ခင်က ဦးရှံစားနဲ့ ဦးဒိန်းဒေါင်၊ သူဌေးကြီးဦးကပ်စီးနဲ့ ခင်မောင်သိန်းထွန်းဝင်း၊ ဦးစိတ်တိုနဲ့ မျောက်ညို၊စတဲ့ ဆရာကြီး ကာတွန်းအောင်ရှိန်ရဲ့ ဇာတ်ကောင်တွေဟာ တခေတ်တခါက Favorite ဖြစ်ခဲ့ရတဲ့ ကလေးဘ၀ ညအိပ်ယာဝင် ဇာတ်ကောင်တွေပါပဲ..။
ဆရာကြီး ကောင်းရာသုဂတိ လားပါစေ..

Share From လူဗိုလ်ဟူသည်


Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.