Posted by Jelly Kit | Posted in Entertainment , Movies | Posted on 3:58 AM
သည်းထိတ်ရင်ဖို ဇာတ်ကားများကိုမှ ကြိုက်နှစ်သက်သူတွေအတွက် ၂၀၁၃ ခုနှစ်အတွင်း လူကြိုက်အများဆုံး ဇာတ်ကား(၁၀)ကားကို ဖော်ပြပေးပါ့မယ်။

မိသားစုတစ်စုဟာ သူတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပနေချိန်မှာ လူတစ်စုရဲ့ အကြမ်းဖက်တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။ အသစ်ခံရသူတွေထဲက တစ်ယောက်ဟာ ရှင်ကျန်ရစ်ပြီး သူ့ရဲ့ လက်စားချေမှုတွေ ပြန်လည်စတင်လာတဲ့အခါမှာတော့ ...
(၂) The Conjuring (112 မိနစ်)

သဘာဝလွန်ဖြစ်ရပ်တွေကို စူးစမ်းရှာဖွေတဲ့ Ed နဲ့ Lorraine တို့ နှစ်ဦးဟာ သူတို့ရဲ့ လယ်တောအိမ်ကြီးထဲမှာ ဒုက္ခရောက်နေတဲ့ မိသားစုတစ်စုကို ကူညီဖို့ ကြိုးစားရင်း ကြုံတွေ့ရတဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။
(၃) Dark Skies (97 မိနစ်)

ဆင်ခြေဖုံးမှာနေထိုင်တဲ့ ငြိမ်းချမ်းတဲ့ Barret မိသားစုလေးရဲ့ ဘ၀ကို အနှောင့်အယှက် ပေးလာတဲ့အခါမှာတော့ ...
(၄) Dark Circles (87 မိနစ်)

Alex နဲ့ Penny တို့ဟာ မြို့ပြလူနေမှုဘ၀ကို ငြီးငွေ့နေချိန်မှာ သူတို့မွေးဖွား ကြီးပြင်းခဲ့တဲ့ မွေးရပ်မြေကို ပြန်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒါပေမယ့် သူတို့နှစ်ဦးကြား ဆက်ဆံရေးနဲ့ မိသားစုကို မမျှော်လင့်ထားတဲ့ ခြိမ်းခြောက်ခြင်းတွေ ရလာတဲ့အခါမှာတော့ ..
(၅) No One Lives (86 မိနစ်)

ဘယ်သူမှ အသက်ရှင်မကျန်ရဘူးလို့ ဆိုသူ သနားညှာတာ ထောက်ထားမှုမရှိတဲ့ သေနတ်သမားတစ်ယောက်ရဲ့ ခပ်ရမ်းရမ်း သတ်ဖြတ်ချက်တွေ ကြားထဲက သည်းထိတ်ရင်ဖို ဇာတ်ကွက်တွေ ...
(၆) Insidious (106 မိနစ်)

ကြောက်ရွံ့နေတဲ့ မိသားစုတစ်စုဟာ သူတို့ငယ်စဉ်ဘ၀က သူတို့ရဲ့ အံ့သြတုန်လှုပ်ဖွယ်ကောင်းတဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေတွေ့ရှိသွားတဲ့အခါမှာ ....
(၇) Antiviral (108 မိနစ်)

ဗိုင်းရပ် ကူးစက်ခံရပြီး သေဆုံးသွားတဲ့ စူပါစတား Hannah Geist ရဲ့ ရှုပ်ထွေးလှတဲ့ ပတ်ဝန်းကျင်ကို လိုက်လံအဖြေရှာရင်း သူ့ရဲ့ ကိုယ်ပိုင်ဘ၀ကို ကယ်တင်ဖို့ကြိုးစားနေရတဲ့ Syd March ....
(၈) Into the Darkness (110 မိနစ်)

အသက်ရှင်ဖို့အတွက် ကြောက်ခမန်းလိလိ ရုန်းကန်နေရတဲ့ သူငယ်ချင်းအုပ်စုတစ်ခုရဲ့ ရင်တဖိုဖို ဇာတ်လမ်းဇာတ်ကွက်တွေ ....
(၉) Painless (100 မိနစ်)

ဇာတ်လမ်းနှစ်ခုပါဝင်ပြီး တစ်ခုမှာတော့ စပိန်ပြည် ပြည်တွင်းစစ်ပွဲနဲ့ စတင်ထားပြီး 1960 အစောပိုင်း ကာလတစ်လျှောက်ကို ရိုက်ပြထားတာပါ။
(၁၀) Would You Rather (93 မိနစ်)

သူမရဲ့ နေမကောင်းတဲ့ မောင်ဖြစ်သူကို ကူညီဖို့ မျှော်လင့်ချက်မဲ့နေတဲ့ မိန်းကလေးတစ်ယောက်က “Would You Rather” ဆိုတဲ့ အသက်နဲ့ရင်းပြီးကစားရတဲ့ ဂိမ်းကို ပိုက်ဆံရချင်ဇောနဲ့ မသိပဲ ၀င်ပါမိတဲ့ မိန်းကလေးတစ်ယောက်ရဲ့အကြောင်း ....
(Ref:imdb)
posted by Jelly Kit
Comments (0)
Post a Comment