ယောက်ျား ၂ ယောက်နဲ့ အတူနေ တဲ့ မာရီယာ

Posted by Black Magic | Posted in | Posted on 2:18 PM



အခု ဓာတ်ပုံထဲမှာ တွေ့ရတဲ့ အမျိုးသမီး မာရီယာ ဘူဇကီဟာ ခင်ပွန်း 


ဖြစ်သူ ပေါလ်ရယ်၊ မာရီယာရဲ့ ချစ်သူ ပီတာတို့နဲ့ အတူတူ တအိမ်တည်း ချစ်ချစ်ခင်ခင် နေထိုင်ပါသတဲ့။ 


ကလေး ၂ ယောက်အမေ မာရီယာက ပေါလ်နဲ့ အိမ်ထောင်ကျပြီး သားသမီး ၂ ဦးထွန်းကားခဲ့ပါတယ်။ 

ဒါပေမယ့် ထူးခြား တာက သူဟာ ချစ်သူအသစ် ပီတာ ဂရုမန် မရှိရင် အသက်ရှင်လို့ ရမှာတောင် 

မဟုတ်ဘူးလို့ သူက ထင်ပါသတဲ့။ 





နောက်ထပ်ထူးဆန်းတာက မာရီယာရဲ့ ခင်ပွန်း ပေါလ်နဲ့ မာရီယာရဲ့ ချစ်သူ ပီတာတို့ကလည်း အရမ်းကို 

ရင်းနှီးကြတဲ့ သူ တွေဖြစ်လေတော့ နောက်ဆုံးသူလည်း ဆုံးဖြတ်ချက်တခုကို ပိုင်ပိုင်နိုင်နိုင်ကြီးချလိုက်ပါ 

တယ်။ 

နောက်ဆုံးတော့ ပီတာဟာ သူတို့ မိသားစု ရှိတဲ့ အရှေ့ လန်ဒန်၊ ဘတ်ကင်းက အိမ်ကြီးကို ပြောင်းရွှေ့ 

လာခဲ့တယ်လို့ The Mirror သတင်းတခုက ဆိုပါတယ်။ အခုဆို မာရီယာက အသက် ၃၃ နှစ်၊ ခင်ပွန်း 

သည် ပေါလ် က အသက်၃၇ နှစ်နဲ့ သူတို့ရဲ့ သားသမီးတွေဖြစ်တဲ့ လော်ရာ ၁၆ နှစ်၊ အေမီ ၁၂ တို့နဲ့ အတူ 

မာရီယာရဲ့ ချစ်သူ အသက် ၃၆ နှစ်ရှိ ပီတာတို့ ဟာ အတူတူ ပျော်ပျော်ရွှင်ရွှင်နဲ့ မာရီယာတို့ ရဲ့ အိမ် ကြီး 

မှာ နေကြပါတယ်။ 




“လူတွေကတော့ ဒါကို ရူးကြောင်ကြောင်လို့ ထင်ချင် ထင်ကြလိမ့်မယ်။ ဒါပေမယ့် ကျမက ဒီလူ ၂ ယောက် 

လုံးကို ချစ်တယ်။ သူတို့ ၂ ယောက်ထဲက တယောက်ယောက်ကို ရွေးပါဆိုရင် ကျမ မရွေးနိုင်ပါဘူး” လို့ 

အိုးအိမ် ဆက်သွယ်ရေး အရာရှိ တဦးလည်းဖြစ်တဲ့ မာရီယာက ဆိုပါတယ်။ 

“ပေါလ် ထွက်သွားတဲ့အချိန်ဆို ကျမဘ၀က ဟာတာတာကြီးဖြစ်တယ်။ တခါ ပီတာကို မမြင်ရပြန်တော့

လ ည်း ကျမ အသဲ ကွဲရပြန်တယ်။ ဒါကြောင့် သူတို့ ၂ ယောက်လုံးနဲ့ အတူတူနေတဲ့ လမ်းပဲ ရှိတယ်လေ”

 လို့ မာရီယာက ပြောပါတယ်။ 


ဒါကို ခင်ပွန်းသည် ပေါလ်နဲ့ ချစ်သူ ပီတာတို့က လက်ခံသဘောတူခဲ့ကြတာပါတဲ့။ သူတို့ကလည်း မာရီယာ 

ရဲ့ အချစ်ကို ခွဲဝေပေးတယ်လို့လည်း မခံစားရသလို တယောက်ကိုတယောက်လည်း မနာလို မရှုစိမ့် မဖြစ် 

ကြ ပါဘူးလို့ သူတို့က ပြောပါ တယ်။ 

အိပ်ချိန်တွေမှာလည်း တလှည့်စီ အဆင်ပြေသလို အိပ်ကြပါတယ်တဲ့။ 

မာရီယာနဲ့ ပေါလ် တို့ လက်ထပ်ကြချိန်က မြင်ကွင်း

မာရီယာ အသက် ၁၅ သမီး ဘ၀က ပေါလ်နဲ့ ကျောင်းမှာ တွေ့ကြပြီး နောက် ၂ နှစ်လောက်အကြာ 

ချိန်းတွေ့ကြတယ်တဲ့။ 

ဒီနောက်ပိုင်း မမျှော်လင့်ပဲ ကိုယ်ဝန်ရှိလာပြီး ပေါလ်က လက်ထပ်ခွင့်တောင်းလို့ လက်ထပ်ဖြစ်ခဲ့တာလို့ 

ဆိုပါတယ်။ အဲဒီမှာ လော်ရာလေး မွေးပါတယ်။ လော်ရာမွေးပြီး နောက် ၄ နှစ်လောက်မှာ အေမီလေး 

ထပ်မွေးခဲ့ပါတယ်။ 

ဒါပေမယ့် လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်လောက်က သူတို့ အိမ်ထောင်ရေးလည်း အတော်အဆင်မပြေဖြစ် လာခဲ့ 

တယ်။ ပေါလ်က လည်း အလုပ် မရှိ ဖြစ်တာက ၆ လလောက်ကြာတယ်။ 

ဒီမှာ ပေါလ်နဲ့ မာရီယာတို့က လင်မယားပုံစံထက် မောင်နှမ ပုံစံ ဆက်ဆံရေးမျိုးဖြစ်လာတယ်လို့ ဆိုတယ်။ 

ဒီနောက်ပိုင်း စိတ်ဖိစီးမှုတွေနဲ့ မာရီယာကိုလည်း အပြုံးလှတဲ့ ပီတာနဲ့ မိတ်ဆက်ပေးရာက သိကျွမ်းလာပြီး 

တိတ်တဆိတ် ငြိစွန်းလာကြရင်း အရမ်းချစ်သွားကြတာတဲ့။ 

အစပိုင်းတော့ မာရီယာအနေနဲ့ တယောက်ယောက်ကို လမ်းခွဲဖို့ ခင်ပွန်းသည်နဲ့ ချစ်သူတို့ရဲ့ တိုက်တွန်းမှု 

ရှိခဲ့ပါတယ်တဲ့။ ဒါပေမယ့်နောက်ပိုင်းကျ မိသားစု တကွဲတပြားဖြစ်ရတဲ့ ခံစားမှု၊ ချစ်သူနဲ့ ဝေးရတဲ့ ခံစားမှု

တွေ ဆင့်ဆင့် ရောက်လာတော့ အခုလို အကောင်းဆုံး ဖြစ်တဲ့ ခင်ပွန်းနဲ့ရော ချစ်သူနဲ့ရော အတူနေဖြစ် 

သွားဖို့ အားလုံးက ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေး နွေးကြရင်း ဒီလို ထူးခြားတဲ့ မိသားစုမျိုးဖြစ်လာရတာလို့ 

သိရပါတယ်။ 


အိမ့်သံစဉ် ~

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.