Clean iPhone Cases

Posted by Black Magic | Posted in | Posted on 6:33 PM

နာမည်ကြီး iPhone 5s နဲ့ 5c တွေရဲ့ Official Phone cases တွေကို ဘယ်လို သန့်ရှင်းရေး လုပ်သင့်လဲ။ သန့်ရှင်းရေး လုပ်တဲ့ အခါမှာ ရှောင်ရန်၊ ဆောင်ရန် တွေကို ဖတ်ကြည့်ပါဦး။
အဆိုပါ iPhone နှစ်လုံးရဲ့ ဖုန်း case အမျိုးအစားကို ပြောရရင် Leather အမျိုးအစား iPhone 5s case နဲ့ပိုပြီးဈေးသက်သာတဲ့ ရိုးရိုး iPhone 5c case ဆိုပြီး နှစ်မျိုးနှစ်စား ပေါ်မူတည်ပြီး အရောင် အမျိုးမျိုး ရှိပါတယ်။ ဒီဖုန်း case နှစ်မျိုးထဲကမှ အထူးသဖြင့် Leather အမျိုးအစား iPhone 5s case ဟာတစ်ပတ် လောက် သုံးပြီးတာနဲ့ ညစ်ပတ် သလိုမျိုး ခံစားရ နိုင်ပါတယ်။ ဒီနေရာမှာ မေးခွန်းပေါ် လာတာ ကတော့ ဒီဖုန်း case တွေကို မပျက်စီး စေဘဲ ဘယ်လို သန့်ရှင်းရေး လုပ်မလဲ ဆိုတာပါပဲ။

Clean your iphone case 

Apple ကုမ္ပဏီ ကလည်း ဒီအဖြစ်အပျက်ကို ရိပ်မိ တာကြောင့် ဒီဖုန်း case တွေကို ဘယ်လိုသန့်ရှင်းရေး လုပ်သင့်ပြီး ဘာတွေကို ရှောင်သင့် တယ် ဆိုတာကို သူ့ရဲ့ ကုမ္ပဏီ Website မှာမကြာသေး ခင်ကပဲ တင်ပေးခဲ့ ပါတယ်။ ဒီ Phone case တွေကို သန့်ရှင်းရေး လုပ်ရင် ပထမဆုံး လုပ်ရမှာက ဖုန်းနဲ့ case ကိုသီးခြားစီ ဖြစ်အောင် ခွာလိုက် ရမှာပါ။ နောက်ပြီး အမွှေးဖွားတွေ မထွက်နိုင်တဲ့ ပိတ်စ ခပ်သေးသေးကို ရေနည်း နည်း စွတ်ပြီး Phone case ရဲ့အပြင်၊ အတွင်း သန့်ရှင်းရေး လုပ်ရမှာပါ။ သတိထား ရမှာက သန့်ရှင်းရေး လုပ်တဲ့အခါ ပြတင်းပေါက် မှန် တိုက်တဲ့ Spray တွေ၊ အရက်ပြန်၊ အိမ်သုံး ဆပ်ပြာရည် စတဲ့ အထွေထွေ သန့်ရှင်းရေး အတွက် ထုတ်ထားတဲ့ အရည်တွေကို လုံးဝ မသုံးသင့် ကြောင်း မှတ်ထား ရမှာပါ။

Clean your iphone case

နောက်ထပ် မှတ်သား ထားရမှာ ကတော့ နေရောင် တိုက်ရိုက်ကျတဲ့၊ အပူချိန် ပြင်းတဲ့ နေရာတွေမှာ Phone case ကိုထားတာ၊ အပူနဲ့ ရေငွေ့ တွေကို ထိတွေ့ စေခြင်းဟာ အထူးသဖြင့် iPhone 5s Leather case ကိုကာလတိုပဲ သုံးရအောင် လုပ်တာပါပဲ။ ဒါ့အပြင် ရေ၊ဆီတွေနဲ့ ထိတွေ့ တာ ရှောင်သင့် တဲ့အပြင် Jeans လိုမျိုး အ၀တ်စမျိုးနဲ့ ပွတ်တိုက် မိတာလည်း iPhone Leather case ကိုပျက်စီးစေမှာ ဖြစ်ပါတယ်။ iPhone 5s နဲ့ 5c သုံးစွဲတဲ့ စာဖတ်သူများ အနေနဲ့ ကိုယ့် iPhone case နဲ့ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်တွေ သိရှိသွား မယ်လို့ ထင်ပါတယ်။ ပျက် စီးသွားရင် အသစ် ၀ယ်လို့ ရတယ် ဆိုပေမယ့် ဘယ်ပစ္စည်း မဆို ကြာကြာ သုံးလို့ ရအောင် လုပ်တတ်တာက အရည်အချင်း တစ်မျိုးပါလို့ အ သိပေးလိုက်ရ ပါတယ်ဗျာ။

Clean your iphone case
 

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.