Posted by Black Magic | Posted in Website အညွှန်း | Posted on 5:32 PM
အရသာရှိတာတွေကိုပဲ ရှာစားကြရအောင်ဗျာ!
ဘာပါလိမ့်လို့ စာဖတ်သူတွေးနေလောက်ပါပြီ။ အဟမ်း..ဒီလိုပါ။ ကျွန်တော်တို့ အွန်လိုင်းမှာ တစ်ခုခုရှာတဲ့အခါ ရတာမလို၊ လိုတာမရ ဖြစ်တတ်တာ သိတဲ့အတိုင်းပဲ မဟုတ်လား။ တခါတလေ အကောင်းဆုံးတွေဟာ Google မှာ ပေါ်မလာတတ်ဘူး။ တခါတလေ ကျတော့လည်း Google ကြီးက ကျွန်တော်တို့ တကယ် ဘာလိုချင် နေတာလည်း မသိဘူး။ အဲ ဘယ်သိမှာလဲဗျာ။ Google ရဲ့ Index Database ကြီးက Bot တွေက ဆောက်ထားတာကိုး။ လူတွေမှ မဟုတ်ပဲ။ ဒါကြောင့် Google က ထွက်လာသမျှ result တွေက ကျွန်တော်တို့ စိတ်တိုင်းကျ မဖြစ်တာပါပဲ။
တကယ်တော့ဗျာ ခင်ဗျားရော ကျွန်တော်ရော သူငယ်ချင်းတစ်ယောက် ယောက်က အဲဒီ site က ကောင်းတယ် လို့ပြောရင် ၀င်ကြည့်လိုက်တာပဲ မဟုတ်လား။ Site တစ်ခု၊ ဒါမှမဟုတ် Blog တစ်ခုဟာ အရမ်းကောင်း တယ်ဆိုရင် ကျွန်တော်တို့ ဘာလုပ်တတ်ကြသလဲ။ သူငယ်ချင်းတွေကို ပြောမယ်၊ ပြီးတော့ bookmark လုပ်လိုက်တယ်။ ကောင်းလို့ bookmark လုပ်တာပေါ့။ ဒီနေရာမှာတော့ နည်းနည်းကွာသွားပြီ။ တချို့က bookmark ကို စာအုပ်ထဲမှာ လုပ်တယ်။ တချို့က Blog ပေါ်မှာ လုပ်တယ်။ တချို့က bookmark တွေကို သိမ်းဆည်းပေးတဲ့ site တွေမှာ လုပ်ကြတယ်။
del.icio.us ဟာ ကောင်းတဲ့ site လေးတွေတွေ့ရင် လိပ်စာမေ့မသွားအောင် သွားမှတ်လို့ရတဲ့ site တစ်ခုပါ။ အကောင်းဆုံးကတော့ သူများတွေက ကောင်းတယ်ကွဆိုပြီး bookmark လုပ်ထားတဲ့ site တွေကို ကိုယ်က ရှာဖွေနိုင်ခြင်းပါပဲ။ တွေးကြည့်ဗျာ။ Google မှာရှိတာက လူမဟုတ်တဲ့ bot တွေထည့်တာတဲ့ဟာ။ del.icio.us မှာ ရှိတာက လူတွေက စုဆောင်းထားတဲ့ ဟာတွေ။ ကဲဗျာ ဘယ်ဟာရွေးမလဲ။
ဒါကြောင့်ပြောတာပေါ့။ အရသာရှိတာတွေပဲ ရွေးစားကြအောင်လို့။ အဲ မှတ်ထားဦးဗျ delicious (အရသာရှိသော) ကို del.icio.us ဆိုပြီး Website လိပ်စာ လုပ်ထားတာ။ တတ်လည်းတတ်နိုင်တဲ့ လူတွေဗျာ။
Share From IT MEN
Comments (0)
Post a Comment