Posted by Black Magic | Posted in Hacking | Posted on 2:46 PM
DOMAIN NAME HIJACKING
ဒီပို့စ်မှာ Domain Name Hijacking အကြောင်းအကျဉ်းချုပ်ရှင်းပြပါမယ်။ ကျွန်တော်တို့ domain name
တစ်ခုဝယ်လိုက်တဲ့အခါ အဲဒီ Domain ပေါ်မှာ full access ရဖို့ admin panel ပါလာပြီးသားပါ။ အဲဒီ
domain ကို hosting server တစ်ခုခုဆီမှာ ညွန်းပြီးတော့ ဆိုဒ်တွေကို လည်ပတ်ပေးရပါတယ်။
တကယ်လို့များ အဲဒီ admin panel သာအဖောက်ခံရရင် ကိုယ်ရဲ့ domain ဟာလည်း hijack
လုပ်ခံရမှာပါပဲ။ ဥပမာ ကျွန်တော်က www.abc.com ဆိုတဲ့ဒိုမိန်းတစ်ခုဝယ်ထားပြီး
www.hostgator.com မှာ တင်ထားတယ်ဆိုကြပါစို့။ ကဲ domain hijack ကဘယ်လိုဖြစ်လာမှာလဲ?
domain hijack လုပ်ဖို့ ကျွန်တော်တို့ domain name control panel ကို access ရဖို့လိုအပ်ပါတယ်။
ဆိုပါစို့ Attacker အောင်နက်ဆိုတဲ့သူက www.abc.com ကို target ထားတယ်ဆိုပါစို့။ :P ဒီတော့
သူ့အနေနဲ့ abc.com နဲ့ဆိုင်တဲ့ info တွေကိုလိုက်ရှာတယ်။ ဒီလိုလိုက်ရှာဖို့
အရမ်းလွယ်ပါတယ်။http://whois.domaintools.com မှာသွားပြီး အဲဒီ ဒိုမိန်းလိပ်စာကို
ရိုက်ထည့်ပြီးရှာရုံပါပဲ။ ဒါဆိုရင် အဲဒီဒိုမိန်းနဲ့သက်ဆိုင်တဲ့ administrative info တွေကိုတွေ့ရမှာပါ။
ဒိုမိန်းကို Register လုပ်ထားတဲ့ date, domain expire date, admin email ဘာညာတွေပေါ့။ ဟုတ်ကဲ့
ဒါဆို သူ့အနေနဲ့ ဘာတွေလုပ်နိုင်မလဲ ခန်းမှန်းလို့ရနေပါပြီ။ admin email ကိုတနည်းနည်းနဲ့ရအောင်
လုပ်မယ်။ ဒီနေရာမှာတော့ email account hack ဖို့နည်းတွေကတော့ အများကြီးရှိနိုင်ပါတယ်။ Security
sense သိပ်မရှိတဲ့ admin ဟာ SE နဲ့ဖြစ်ဖြစ် password အခိုးခံရနိုင်ပါတယ်။ မေးလ်အခိုးခံရပြီဆိုတာနဲ့
attacker ဟာ အဲဒီ domain control panel ရဲ့ password ကို reset ချလို့ရပါပြီ။ အိုကေ။ နောက် သူက
control panel ကနေ သူတင်ထားတဲ့ web server မှာ ကိုယ့်ဒိုမိန်းကို point out လုပ်ရုံပါပဲ။ ဒိုမိန်း name
ကတော့ hostgator.com မှာရှိနေအုံးမှာပါ။ ဒါပေမယ့် attacker က လုပ်ထားတဲ့ hosting server
(webhost.com လို့ဆိုကြပါစို့) မှာ Configure လုပ်ထားမယ်ပေါ့။ ဟိုတလောက www.google.br က
ဒီလိုနည်းနဲ့ hijack လုပ်ခံရတယ်လို့ ဖတ်လိုက်ရပါတယ်။ ဒါဆို ဘယ်လို ကာကွယ်မလဲ။ မိမိ email
password ကိုအခိုးမခံရအောင် လုပ်ထားရပါမယ်။ လွယ်တယ်နော်။ :D နောက် domain register
မျိုးနဲ့ကာကွယ်သင့်ပါတယ်။ ဒီလောက်ဆိုရင် Domain Name Hijacking အကြောင်း
အကြမ်းဖြင်းနားလည်လိမ့်မယ်လို့ ထင်ပါတယ်။
ကျွန်တော်တော့ ကောင်းကောင်းနားမလည်ပါဘူး...၊ ဗဟုသုတအနေနဲ့ တင်ပေးလိုက်တာပါ...၊
သိချင်ရင်တော့ SoeSoe(Diary) မှာသွားလေ့လာကြည့်လိုက်ပါ...၊
Ref: gohacking.com












Myanmar Kyat Converter
Comments (0)
Post a Comment