Posted by Black Magic | Posted in Computer Softwares , Website အညွှန်း , နည်းလမ်းများ | Posted on 8:44 PM
အောက်ကကျွန်တော်တင်ထားတဲ့ နည်းလမ်းလေးတွေ Website ညွှန်းလေးတွေ ၊ Software လေးတွေက ကိုဇော်သူရိန်ထွန်း Blog ကိုသွားပြီးတော့ ကောင်းမယ်ထင်တာလေးတွေကို စုပေးထားတာပါ...၊
ကိုဇော်သူရိန်ထွန်း (IT MEN) ကို Credit ပေးပါတယ်ခင်ဗျာ...၊
အားလုံးအဆင်ပြေကြပါစေ...။
Black Magic
Windows XP Folder Icon တွေလိုချင်ရင်
Windows XP မှာပါတဲ့ Folder တွေရဲ့ icon တွေကို ကြည့်ရတာကြာလို့ ရိုးသွားပြီဆိုရင် တခြား icon လေးတွေ ပြောင်းကြည့်ပါလား။ ပထမဆုံး www.iconspedia.com ကနေ ကိုယ်ကြိုက်တဲ့ icon package လေးတွေကို download လုပ်ပါ။ ကိုယ် icon ပြောင်းချင်တဲ့ folder ပေါ်မှာ Right Click နှိပ်ပါ။ Properties ကို ရွေးပါ။ Customize tab ကို နှိပ်ပါ။ Change Icon ကို နှိပ်ပါ။ Browse ကိုနှိပ်ပြီး download လုပ်ထားတဲ့ icon ကိုရွေးပါ။ Open ကိုနှိပ်ပါ။ OK..OK နှိပ်ပါ။ ဒါဆိုရင် သင့်ရဲ့ Folder icon လှလှလေးကို မြင်တွေ့နိုင်ပါပြီ။
အရွယ်ငယ်ပေမဲ့ အစွမ်းထက်တဲ့ HijackThis
ကွန်ပျူတာကိုဖွင့်လိုက်တယ်။ Desktop တော့မြင်နေရပြီ။ ဒါပေမဲ့ pointer က သဲနာရီနဲ့ Busy ဖြစ်နေတယ်။ Screen ညာဘက်အောက်ထောင့်က System Tray area မှာ startup program လေးတွေက တစ်ခုပြီးတစ်ခု ပေါ်လို့ မဆုံးနိုင်ဘူး။ စောင့်ရတာလည်း စိတ်မရှည်တော့ဘူး။ ကဲ..ဘာလုပ်မလဲ။
အဲဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ Hijack This ဆိုတဲ့ program လေးရှိပါတယ်။ install လုပ်စရာမလိုဘူး။ တန်းသုံးရုံပဲ။ သူက ကွန်ပျူတာဖွင့်ဖွင့်ချင်း run တဲ့ program တွေ၊ Browser တွေမှာ အပိုဖြစ်နေတဲ့ Toolbar သို့မဟုတ် BHO (Browser Helper Object) တွေကို ရှင်းလင်းပေးပါတယ်။ တကယ်ကောင်းပါတယ်။
သုံးနည်းကတော့ သူ့ကို ဖွင့်ပါ။ Scan ကိုနှိပ်ပါ။ ထွက်လာတဲ့ list တွေထဲမှာ မလိုအပ်ဘူးထင်တာတွေကို အမှန်ခြစ်ပေးပါ။ ပြီးရင် Fixed Checked ကို နှိပ်ပါ။
ကွန်ပျူတာကို restart လုပ်ပါ။ အရင်တုန်းကလောက်တော့ မစောင့်ရတော့ဘူးပေါ့။
Click Here To Dowload HijackThis.exe
iRepairMan
ကွန်ပျူတာလေး ဗိုင်းရပ်စ်ကူးနေတယ်ဆိုလို့ ဗိုင်းရပ်စ်တော့ သတ်လိုက်ပါရဲ့။ ဒါပေမဲ့ Task Manager ခေါ်လို့မရ၊ Folder Option လည်း ဘယ်နေမှန်းမသိတော့၊ Hidden Files တွေလည်း မမြင်ရတော့ဘူး။ နားလည်တဲ့သူ မေးကြည့်တော့ Registry ကို ၀င်ပြင်မှရမှာတဲ့။
အဲဒီလိုအဖြစ်မျိုး စာဖတ်သူကြုံနေပြီဆိုရင် အခုပဲ http://isoft.ygn.cc
ကို သွားပြီး iRepairMan ဆိုတဲ့ Program လေးကို download လုပ်လိုက်ပါ။ ကွန်ပျူတာတက္ကသိုလ်က ကျောင်းသား ကိုထိန်လင်းထူး ရေးထားတာဖြစ်ပါတယ်။ လက်တွေ့စမ်းသပ်မှုအရ တကယ်လည်း ပြန်ဖော်ပေးနိုင်ပါတယ်။
Gtalk Profile

Gtalk Profile Website ဟာ ကမ္ဘာတစ်ဝန်းမှာရှိနေတဲ့ Gtalk အသုံးပြုတဲ့သူတွေရဲ့ Profile တွေကို ရှာပေးနိုင်ပါတယ်။ Profile မှာ ကိုယ်ရေးအချက်အလက် အနည်းအကျဉ်းနဲ့ Email လိပ်စာ ပါဝင်ပါတယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင် Profile တစ်ခုကိုလဲ ဖန်တီးလို့ရပါတယ်။ Online မိတ်ဆွေ ပေါသထက် ပေါလိုသူများ ၀င်ရောက်ကြည့်ပါကုန်။
လိပ်စာက www.gtalkprofile.com ဖြစ်ပါတယ်။
လိပ်စာက www.gtalkprofile.com ဖြစ်ပါတယ်။
Portable Applications
Portable application ဆိုတာက portable device တွေမှာ သုံးလို့ရတဲ့ application ကိုပြောတာပါ။ ဥပမာ- ခင်ဗျားရဲ့ MP3 Player, Memory Stick ထဲမှာပေါ့။ Install လုပ်စရာမလိုဘူး။ ချက်ချင်းသုံးရုံပဲ။ ဘယ်လောက်ဟန်ကျသလဲ။ ကိုယ်ထည့်ချင်တဲ့ application တွေထည့်၊ သွားလေရာသယ်သွားရုံပဲ။ခင်ဗျားတို့လည်းတွေ့မှာပါ။ ကွန်ပျူတာဂျာနယ်နောက်ကျောဖုံးမှာ စီဒီဖိုရမ်ကကြော်ငြာကိုလေ။ အဲဒီထဲမှာ USB Drive ကနေတိုက်ရိုက်သုံးလို့ရတဲ့ AutoCAD တွေဘာတွေ စသည်ဖြင့်ရေးထားတာလေ။ အဲဒါ portable application တွေပဲ။ အခုနောက်ပိုင်း ဗိုင်းရပ်စ်တွေဆိုးရွားလာတော့ ကျွန်တော်က ကျွန်တော့် Memory Stick ထဲ Antivirus Software လေးထည့်ထားလိုက်တယ်။ ဗိုင်းရပ်စ်ရှိတဲ့စက်ထိုးလည်း ကိစ္စမရှိဘူး။ Automatic ကာကွယ်ပြီးသားပဲ။ကဲ..ကဲ ကျွန်တော်ဒီလောက်ညွှန်းနေမှတော့ သုံးချင်လာပြီနဲ့တူတယ်။ အလကားရတယ်နော်။ ဘယ်မှာလဲဆိုတော့ www.portableapps.com
Zawgyi-one Web Text Editor
ကျွန်တော် အရင်က Blog ရေးပြီးတင်တဲ့အခါ Cybercafe ကိုသွားပြီးတင်ပါ
တယ်။ အဲဒီမှာ ဒုက္ခတွေ့ရတာက ဆိုင်ကတစ်ချို့စက်တွေမှာက Unicode တင်မထားဘူး။ အဲဒီတော့ဘာမှရေးမရတော့ဘူးလေ။ အဲဒါနဲ့ လှည့်ပတ်ရှာရင်းနဲ့ Zawgyi-One Web Text Editior ကိုတွေ့သွားပါတယ်။ မဆိုးဘူးဗျ။ Unicode တင်မထားလည်း သူ့ထဲမှာစာရိုက်လို့ရတယ်။ စာရိုက်ပြီးရင် Copy လုပ်၊ ပြီးတော့ blogger ထဲ paste လုပ်ပြီးblog တင်လိုက်ရုံပဲ။ link ကတော့

Google Chrome Add-ons
Firefox user တွေ Google Chrome Browser (GC) ကို သုံးကြည့်ပြီး အလိုအပ်ဆုံးက addons ဖြစ်နေပါတယ်။ Toolsbar မပါ addon မရှိလို့ အခက်တွေ့နေရင် ဒီက ယူသုံးလိုက်ပေါ့ဗျာ။ လွယ်သလား မမေးနဲ့ GC bookmarks bar ပေါ် drag and drop ဆွဲထည့်လိုက်ပါ။ သုံးနေကျ တွေမို့ ရှင်းပြနေဖို့ မလိုတော့ပါဘူးနော့.........
1.Adblock+
2.Stumble it
3.Socialize
4.Google Pagerank
5.Video downloader
6.Twitter now
7.Tumblelog
8.Dictionary
9.Translate
10. Reference
11.Gmail This
12.Google Apps Mail
13.Linkify
14.Thesauru
s
Google Chrome Add-ons
1.Adblock+
2.Stumble it
3.Socialize
4.Google Pagerank
5.Video downloader
6.Twitter now
7.Tumblelog
8.Dictionary
9.Translate
10. Reference
11.Gmail This
12.Google Apps Mail
13.Linkify
14.Thesauru
s
Comments (0)
Post a Comment