Posted by Black Magic | Posted in Google , နည်းလမ်းများ | Posted on 1:02 AM
ကျွန်တော်တို
့ တစ်ခုခု သိချင်တယ်ဆို ဂူးဂဲမှာပဲရှာကြတာ များပါတယ်
ဥပမာပေါ့ မင်းခိုက်စိုးစန် ၀တ္တုတွေ ကြိုက်လို့  လိုချင်တယ်ဆို အင်တာနက်ရဲ့
ဘယ်ချောင်ထဲ သွားနှိုက်ရမယ်မှန်း မသိပါဘူး ဟီး အဲ့ခါကျ
ဂူးဂဲကိုသာမေးလိုက် သူက အင်တာနက်ကြီးထဲက ရှိသမျှ ၀က်ဆိုက်တွေကနေ
နှိုက်နှိုက် ချွတ်ချွတ်
လိုက်ရှာပေးလိမ့်မယ်…. အဲ့ဒီနည်းနဲ့ ပဲ ကျွန်တော့်မှာ မင်းခိုက်စိုးစန်
စာအုပ်တွေ တစ်ပုံကြီးပဲ
:D ဂူးဂဲကေ တ်ာတော်လေးကို အသုံးဝင်ပါတယ်…. ခေါင်းထဲ ဂူးဂဲအသုံးချပုံလေး
ပိုမြင်သွားအောင်
နောက်ထပ် ဥပမာတစ်ခုပြောရရင် ကျွန်တော်က SQL injection ကိုလေ့လာချင်တယ်
ဆိုပါတော့ ဒါဆိုအလွယ်ဆုံး ဒီလိုလေးသာရေးပေးပြီး ဂူးဂဲမှာရှာလိုက်
“SQL injection”…. တစ်နေလုံး ဖတ်မကုန်အောင် sql injection ကျူတိုတွေ
ရလာလိမ့်မယ်…. ဒီလောက်ဆို မျက်လုံးထဲလင်းခနဲ
ဖြစ်သွားပြီထင်တယ် ဘယ်လိုရှာရမလည်း ဆိုတာကို ဆက်လေ့လာကြပါမယ်…. Hacking
Google ဆိုတဲ့
ဦးမျိုးသူရရေးတဲ့ စာအုပ်လေးထဲက ကောက်နှုတ် ပြပါ့မယ် ကျွန်တော်လည်း
အဲ့ဒါလေးတွေ သဘောကျလို
့ ထုတ်ထားတာပါ သူ့ စာအုပ်ထဲကအကုန်လုံးကျ မသိချင်တော့ဘူးဟီးများကြီးပဲ….
“ + “ ဒါလေးကိုလိုချင်တဲ့ စာလုံးရဲ့ အရှေ့မှာရေးပေးရပါမယ်…. အဲ့စာလုံးပါကိုပါရမယ်လို့  ဆိုလိုတာပါ ဥပမာပေါ့ hack ရယ် keyloggerရယ် အဲ့ နှစ်လုံးပါကိုပါတဲ့ ကျူတိုလိုချင်ရင် ဒီလိုလေးရေးလိုက်ပါ +hack+keylogger ဒါဆို အဲ့နှစ်လုံးစလုံးပါတဲ့ ဟာတွေပဲ ပြမှာပါ….“ – “ ဒါလေးကို မလိုချင်တဲ့ စာလုံးရဲ့ ရှေ့မှာရေးပေးရပါတယ်…. အဲ့စာလုံး လုံးဝ မပါတဲ့ဟာကို ပြလို့  ဆိုလိုတာပါ…. ဥပမာ +hack+gmail-software အဲ့လိုရှာလိုက်ရင် Hack gmail စာလုံးနှစ်လုံးလုံးပါပြီး software ဆိုတဲ့ စာလုံး လုံးဝ မပါတဲ့ web page တွေကိုရှာပေးမှာပါ….“ “” “ အဲ့ဒီမျက်တောင် အဖွင့်အပိတ်လေးတွေကို စကားစုတစ်စုကို ရှာချင်ရင် သုံးရပါတယ်… ဥပမာ We are MHU အဲ့လို စကားစုအတိုင်း တိတိကျကျ ပါတဲ့ ၀က်ပေ့ခ်ျတွေ လိုချင်ရင် “We are MHU” အဲ့လို မျက်တောင်လေးတွေနဲ့  ရိုက်ရှာလိုက်ပါ….“ intitle: “၀က်ဆိုက်တွေရဲ့ title တွေမှာပဲ ရှာခိုင်းလိုက်တာပါ.... ဥပမာ intitle:RAT ဒါဆိုခေါင်းစဉ်မှာ RAT စာလုံးပါတာတွေပဲ ပြမှာပါ.... နှစ်လုံးသုံးလုံးပါတာ လိုချင်ရင် allintitle: ကိုသုံးနိုင်ပါတယ် ဥပမာ allintitle:RAT tutorial“ intext: “ ဒါကလည်း အပေါ်က intitle: လိုပါပဲ ၀က်ဆိုက်တွေရဲ့ အတွင်းစာသားတွေမှာပဲ ရှာခိုင်းတာပါ ခေါင်းစဉ်တို့  ဘာတို့ မှာမရှာပါဘူး... ဥပမာ intext:SQLi ဆိုအတွင်းစာသားမှာ SQLi ပါတဲ့ ၀က်ပေ့ခ်ျတွေ ပြမှာပါ ဒီကောင်လည်း allintext: နဲ့ သုံးလို့  ရပါတယ်….“ inurl: “ ဒါလည်း အပေါ်ကဟာတွေ လိုပါပဲ URL မှာပဲရှာခိုင်းတာပါ... ဟီးဟီး web hacker ကြီးတွေဆို ဒါကိုကောင်းကောင်း သိပါတယ်… ဥပမာ inurl:index.php?id= ဒါမျိုးရှာခိုင်းရင် URL မှာ index.php?id= ပါတာတွေပဲ ပြမှာပါ … သူလည်း allinurl: ရှိပါတယ်“ site: “ ဒါကတော့ ဆိုက်တစ်ခုခုမှာ ရှာချင်ရင်သုံးတာပါ.... mediafire ဆိုက်မှာ Batch file programming ဆိုတဲ့ စာအုပ် လိုချင် ဒီလိုလေးရှာလို့  ရပါတယ်…. site:www.mediafire.com "Batch File Programming" သူ့ ကို inurl: နဲ့  ဒီလိုလေးတွဲသုံးလို့  ရပါတယ် site:www.target.com inurl:id= အဲ့လိုသာ ရှာလိုက်ရင် SQL ပေါက်တဲ့ လင့်တွေ အလွယ် ရှာနိုင်ပါလိမ့်မယ် လျောက်ထောက်ပြီး စမ်းနေတာထက်တော့ စမက်ကျပါလယ်….
“ filetype: “ extension နဲ့  ရှာခိုင်းတာပါ ဥပမာ pdf ဖိုင်တွေပဲ လိုချင်တယ်ဆိုရင် filetype:pdf လို့  သာရိုက်လိုက်ပါ စာအုပ်တွေချည်း ပြပါလိမ့်မယ် ဒါမျိုးပေါ့ filetype:pdf SQLi ဒါဆိုSQLi နဲ့ ပတ်သတ်တဲ့ စာအုပ်တွေချည်းရပါလိမ့်မယ်… ဒီ tips လေးတွေကို ကျင်ကျင်လည်လည် သုံးနိုင်ကြပါစေ ဟီး အားလုံးအဆင်ပြေကြပါစေ….Credit ဘူတာ
Comments (0)
Post a Comment