ကမ္ဘာကြီးကိုပြောင်းလဲသွားစေခဲ့တဲ့ HipHop လှုပ်ရှားမှုကြီးများ (Part 1 + 2)

Posted by Black Magic | Posted in , | Posted on 12:57 PM


ကမ္ဘာကြီးကိုပြောင်းလဲသွားစေခဲ့တဲ့ HipHop လှုပ်ရှားမှုကြီးများ (အပိုင်း ၁)

ဟစ်ပ်ဟော့ပ် ဟာ လူမဲလူငယ်တွေနဲ့ လက်တင်အမေရိက ခေါ် တောင်အမေရိကသားလူငယ်တွေ နေထိုင်တဲ့ မြို့အတွင်းမှာ ပေါက်ဖွားလာခဲ့တာဖြစ်တယ်လို့ ဟစ်ပ်ဟော့ပ်သမိုင်းမှာရော လူမဲသမိုင်းမှာရော ဖွင့်ဆိုထားပါတယ်။ ဟစ်ပ်ဟော့ပ် ယဉ်ကျေးမှုဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ပေါ်လာခဲ့တာ ဖြစ်တဲ့အတွက် ဟစ်ပ်ဟော့ပ် လှုပ်ရှားမှုကြီးတွေဟာလည်း နှစ်၄၀အတွင်း အများကြီးရှိခဲ့ပါတယ်။ ဒီလို သမိုင်းကြောင်းတွေ ဖြစ်ထွန်းလာခဲ့တဲ့ အချိန်တွေအတွင်းမှာ ကမ္ဘာတစ်ဝှမ်းကလူတွေက လူမဲယဉ်ကျေးမှုကို ပိုပိုပြီး အူလိုက်သဲလှိုက် သိမြင်လာကြတော့တာပါပဲ။

၁။ ရှင်သန်လာတယ်။
DJ Kool Herc
ဒီဂျေ ကူးဟာ့စ်ဟာ ဓါတ်ပြားနှစ်ချပ်ကို အသုံးပြုပြီး ဂီတဆိုင်ရာ အဖြတ်အတောက်တွေကို ကွန့်ညွန့်တဲ့ နည်းပညာကို စတင်တီထွင်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၇၃ခုနှစ် သြဂုတ်လ ၁၁ရက် မှာ ဒီဂျေ ကူးဟာ့စ် ဟာ သူ့ညီမ ဖြစ်သူ စင်ဒီ ရှိရာကျောင်းရဲ့ နားနေခန်း ကိုရောက်လာခဲ့ပြီး ကျောင်းပါတီပွဲကို ကူညီကျင်းပပေးခဲ့ပါတယ်။ စင်ဒီဟာ နယူးယောက်ပြည်နယ် ဘရော့န်စ်မြို့မှာ ကျောင်းတက်နေတာပါ။ အဲ့ဒီ့လို ပါတီပွဲကျင်းပတဲ့ညတွေ မှာပဲ ဟစ်ပ်ဟော့ပ်ဂီတ ဟာ ပေါက်ဖွားလာခဲ့ပါတော့တယ်။
၂။ ဒီဂျေစက်ကို စတင်တီထွင် ခုံမင်လာခြင်း။
Grand Wizard Theodore
Grand Master Flash ရဲ့တပည့်တစ်ယောက်ဖြစ်တဲ့ Grand Wizard Theodore ဟာ ၁၉၇၇ခုနှစ်မှာ အသံညှိုစက်ရဲ့ လှည့်ခလုတ်တွေနဲ့ စတင်လေ့ကျင့် ဖြစ်ခဲ့ပါတယ်။ အိမ်မှာနေနေတုန်း သူ့အမေက သူ့ကို ဖွင့်ထားတဲ့ သီချင်းသံတိုးခိုင်း တဲ့အခါမှာ အဲ့ဒီ့လိုလုပ်ကြည့်ဖို့ အကြံရလာခဲ့တာပါ။ ဓါတ်ပြားကို ရှေ့တိုးလိုက် နောက်ဆုတ်လိုက် လှုပ်ရှားကြည့်လိုက်တဲ့အခိုက်မှာ သူတစ်ခုခုကို သိရှိနားလည်လာခဲ့တယ်။ ဒီလိုနဲ့ပဲ Scratch လို့ခေါ်တဲ့ ကုတ်ခြစ်ရတဲ့ ဒီဂျေစက်ကို တီထွင်လိုက်တော့တယ်။ DJ’ing ဟာ ဘာနဲ့မှ နှိုင်းယှဉ်လို့မရအောင် ကောင်းတဲ့ ဂီတနည်းပညာ တစ်ရပ်ပါ။ ကျေးဇူးတင်ပါတယ် Grand Wizard Theodore ရေ။
၃။ ကျေနပ်စရာ ကောင်းလောက်တဲ့ ဓါတ်ပြားအရောင်းနှုန်း။
Chic Band
၁၉၇၉ ခုနှစ်မှာ The Sugar Hill Gang ဟာ Rapper’s Delight ဆိုတဲ့ဓါတ်ပြား ထုတ်ခဲ့ပါတယ်။ အဲ့ဒီဓါတ်ပြားဟာ ငွေးကြေးယူပြီး ရောင်းချတဲ့ဓါတ်ပြားတွေထဲက ပထမဆုံး Rap ဓါတ်ပြားပါ Chic (band) အဖွဲ့သားများဖြစ်တဲ့ Wonder Mike, Big Bank Hank နဲ့ Master Gee တို့ဟာ Good Times ဆိုတဲ့သီချင်းဓါတ်ပြားနဲ့ လူသိနည်းတဲ့ ဟစ်ပ်ဟော့ပ်အဖွဲ့လေးကို နိုင်ငံကျော်အဆင့်ထိ ဖြစ်အောင် ဓါတ်ပြားတွေရောင်းချနိုင်ခဲ့တယ်။ သန်းနဲ့ချီပြီး ရောင်းရတဲ့ rap ဓါတ်ပြားတွေထဲမှာ Good Times က ပထမဦးဆုံးဓါတ်ပြားပါ။
၎။ Grammy ဆု။
ီDJ Jazzy Jeff နဲ့ The Fresh Prince
Run-DMC ရဲ့ အယ်လ်ဘမ် ဖြစ်တဲ့ Raising Hell ဟာ ၁၉၈၆ခုနှစ်မှာ အကောင်းဆုံး R&B အဆိုတင်ဆက်မှု ဆုကို ရရှိဖို့ လျာထားခြင်းခံခဲ့ရပါတယ်။ နောက်သုံးနှစ်တိုင်တဲ့ အထိ Hip-Hop ဟာ ကိုယ်ပိုင် Hip-Hop အမျိုးအစားဆု ပေးအပ်ခြင်းမရှိခဲ့ပါဘူး။ ၁၉၈၉ခုနှစ်မှာတော့ DJ Jazzy Jeff နဲ့ The Fresh Prince တို့ဟာ Parents Just Don’t Understand ဆိုတဲ့သီချင်းနဲ့ အကောင်းဆုံး rap တင်ဆက်မှု ဆုကို ရရှိခဲ့ပါတယ်။
၅။ ဥက္ကဋ္ဌအဖြစ် လျာထားခြင်းခံခဲ့ရတဲ့ DJ တစ်ဦး။
Eric B.နဲ့ Rakim
၁၉၈၆ခုနှစ်မှာ Eric B. နဲ့ Rakim တို့က Eric. B. is President ဆိုတဲ့သီချင်းကို ထုတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ လုံးဝပြောင်းလဲပစ်လိုက်တဲ့ ကာရံအသံနေအသံထားတွေနဲ့ အကွေ့အကောက် ကာရံ အစဉ်တွေကို ရပ်ပ် အဆိုတော်တွေဟာ စီမံကိန်းချစဉ်းစားရမယ့် အရာတွေအဖြစ်နဲ့ အသေအချာစဉ်းစား လာခဲ့ကြပါတယ်။ National of Gods and Earths အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ The R  ဟာ ရပ်ပ်ဆိုပေါက် တွေကို အဆင့်မြှင့်ခဲ့ပြီး ခေတ်သစ်တစ်ရပ် ကိုခရီးဦးကြိုခဲ့ပါတယ်။
၆။ John Brown အဖွဲ့ကထုတ်တဲ့ The Source မဂ္ဂဇင်း ထွက်ပေါ်လာခြင်း။
၁၉၈၈ခုနှစ်မှာ ဟားဗတ်တက္ကသိုလ်မှာ ဘော်ဒါတွေဖြစ်ကြတဲ့ Dave Mays နဲ့ Jon Shecter launch တို့ဟာ ဟစ်ပ်ဟော့ပ် အသိဉာဏ်၊ ဂီတ နဲ့ ယဉ်ကျေးမှုတွေကို ရေးသားတဲ့ သတင်းစာတစ်စောင်ကို စတင်ထုတ်ဝေခဲ့ကြ ပါတယ်။ ၁၉၉၇ ခုနှစ်မှာတော့ John Brown အဖွဲ့ရဲ့ တစ်လနှစ်ကြိမ်ထုတ် Source မဂ္ဂဇင်းဟာ Rolling Stone မဂ္ဂဇင်းထက် အရောင်းနှုန်းမြင့် ခဲ့ပါတယ်။ နောက်ပိုင်းမှာ အပြိုင်ထုတ်ဝေလာခဲ့ကြတဲ့ XXL နဲ့ Vibe တို့ပေါ်လာပြီး ၀ရုန်းသုန်းကား ကာလတွေနဲ့ရင်ဆိုင်ခဲ့ရ ပေမယ့် The Source မဂ္ဂဇင်းကတော့ HipHop အကြောင်းပဲ တစိုက်မတ်မတ်  ရေးသားထုတ်ဝေခဲ့ပါတယ်။
၇။ Rap MTV တွေထွက်ပေါ်လာခြင်း။
၁၉၈၈ ခုနှစ် သြဂုတ်လ ၆ ရက်နေ့မှာ ပွဲဦးထွက် Rap MTV တွေကို အမေရိကန်နဲ့ ကမ္ဘာအနှံ့က ပရိတ်သတ်ထံ အရောက်ပို့ နိုင်ခဲ့ပါတယ်။
၈။ ရပ်ပ် မင်းသား။      
The Fresh Prince
၁၉၉၀ ခုနှစ် စက်တင်ဘာလမှာ The Fresh Prince of Bel-Air ဟာ အမေရိကန်အမျိုးသား ရုပ်သံလွှင့်ကော်ပိုရေးရှင်း NBC မှာ ပွဲဦးထွက်အနေနဲ့ ပါဝင်ခဲ့ပါတယ်။ N.W.A, Geto Boys နဲ့ Will Smith (The Fresh Prince)တို့လို့ gangsta rap ပုံစံမဟုတ်ဘဲ ဆန့်ကျင်ဘက်ပုံစံကို ဆိုတဲ့ သူတွေဟာ ကမ္ဘာမှာ နာမည်ကောင်းရခဲ့ပါတယ်။
၉။Boyz N Da Hood ရုပ်ရှင်ဇာတ်ကား။
Boyz N Da Hood (Film)
၁၉၉၁ခုနှစ် ဂျူလိုင်လမှာ hip hop မျိုးဆက်ထဲက ဒါရိုက်တာတစ်ယောက်က ဦးစီးပြီး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဟာ ပထမဆုံးရုပ်ရှင် မဟုတ်ပေမယ့် John Singleton က အင်္ကျီပွ၊ဘောင်းဘီဂွကျ တဲ့ လူမဲဒါရိုက်တာတွေကို အသိအမှတ်ပြုခဲ့ပါတယ်။ အဲ့ဒီ့ ရုပ်ရှင်ထွက်လာပြီးတဲ့ နောက်မှာထွက်ရှိလာခဲ့ကြတဲ့ CB4, Menace II Society, Friday စတဲ့ရုပ်ရှင် ဇာတ်ကားတွေဟာလည်း Boyz N Da Hood ရုပ်ရှင်ဇာတ်ကား ရဲ့ တန်းကိုမှီ ခဲ့ကြပါတယ်။
၁၀။ Biz ကို တရားနိုင်လိုက်တဲ့ တစ်ယောက်။
Gilbert O'Sullivan                                                                                        Biz Marike
၁၉၉၁ခုနှစ် ဒီဇင်ဘာလမှာ Gilbert O’Sullivan ဟာ သူရဲ့ Alone Again အမည်ရှိ သီချင်းမူကြမ်းကို အခွင့်မရှိဘဲ ယူသုံးမှုနဲ့ Biz Markie ကို တရားစွဲခဲ့ပါတယ်။ တရားရုံးချုပ်က  O’Sullivanကို တရားအနိုင်ပေးခဲ့ပါတယ်။ သီချင်းမူကြမ်း တွေကိုတောင် ယူသုံးချင်တယ်ဆိုရင် အသုံးမပြုခင်မှာ ရှင်းရှင်းလင်းလင်း ဖြစ်အောင်လုပ်ထားရမှာ ဖြစ်ပြီး မရှင်းထားရင်တော့ တရားစွဲခံရမှာပါ။ နောက်ပိုင်းမှာ HipHopတွေ ကိုယ်ပိုင်သံစဉ်တွေပဲ လုပ်လာရတဲ့အကြောင်းအရင်းကို မေးစရာတောင် လိုတော့မယ်မထင်ပါဘူး။ 
ကမ္ဘာကြီးကို ပြောင်းလဲသွားစေခဲ့တဲ့ ဟစ်ပ်ဟော့ပ်လှုပ်ရှားမှုကြီးများ (အပိုင်း၂)

ဟစ်ပ်ဟော့ပ် ဟာ လူမဲလူငယ်တွေနဲ့ လက်တင်အမေရိက ခေါ် တောင်အမေရိကသားလူငယ်တွေ နေထိုင်တဲ့ မြို့အတွင်းမှာ ပေါက်ဖွားလာခဲ့တာဖြစ်တယ်လို့ ဟစ်ပ်ဟော့ပ်သမိုင်းမှာရော လူမဲသမိုင်းမှာရော ဖွင့်ဆိုထားပါတယ်။ ဟစ်ပ်ဟော့ပ် ယဉ်ကျေးမှုဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ပေါ်လာခဲ့တာ ဖြစ်တဲ့အတွက် ဟစ်ပ်ဟော့ပ် လှုပ်ရှားမှုကြီးတွေဟာလည်း နှစ်၄၀အတွင်းမှာ အများကြီးရှိခဲ့ပါတယ်။ ဒီလို သမိုင်းကြောင်းတွေ ဖြစ်ထွန်းလာခဲ့တဲ့ အချိန်တွေအတွင်းမှာ ကမ္ဘာတစ်ဝှမ်းကလူတွေက လူမဲယဉ်ကျေးမှုကို ပိုပိုပြီး အူလိုက်သဲလှိုက် သိမြင်လာကြတော့တာပါပဲ။ 
၁၁။ ရှေ့ပြေးအဖွဲ့။
ဉာဏ်ကြီးရှင် RZA ဦးဆောင်ခဲ့ပြီး Wu-Tang အဖွဲ့ဟာ ပွဲဦးထွက် အယ်လ်ဘမ်ဖြစ်တဲ့ Enter the Wu-Tang (36Chambers) ကို ၁၉၉၃ခုနှစ် နိုဝင်ဘာလမှာထုတ်ဝေခဲ့ပါတယ်။ Wu-Tang’s အဖွဲ့နဲ့ Loud တေးထုတ်လုပ်ရေးနဲ့ လက်တွဲလုပ်ဆောင်မှုဟာ တစ်ဦးချင်း စာချုပ်ရေးထိုးမှုတွေကိုလည်း ဖြစ်လာစေ ပါတယ်။ ဒါဟာ ဟစ်ပ်ဟော့ပ် underground ဘ၀ကနေ တက်လာပြီး ဓါတ်ပြားထုတ်လုပ်ရေး လုပ်ငန်းတွေဖြစ် လာစေဖို့ စံနမူနာသစ်ဖြစ်ခဲ့ပါတယ်။
၁၂။ Tupac အသတ်ခံရခြင်း။
 Tupac Amaru Shakur (160671 - 130996) 
၁၉၉၆ခုနှစ် စက်တင်ဘာလ ၁၃ရက် Las Vegas မှာကျင်းပခဲ့တဲ့ Mike Tyson ရဲ့လက်ဝှေ့ပွဲကအပြန် Tupac Amaru Shakur ဟာ သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။ အားမာန်တက်ကြွလှတဲ့ gangsta rapper ဖြစ်သူ Tupac ဟာ ဟစ်ပ်ဟော့ပ်လောကရဲ့ ပထမဆုံးသော အာဇာနည် ဖြစ်လာခဲ့ပါတယ်။ Tupac ကွယ်လွန်ပြီးနောက် ကျန်ရစ်ခဲ့တဲ့ အယ်လ်ဘမ်တွေ၊ မှတ်တမ်းတွေ နဲ့ ချစ်ပရိသတ်တွေရဲ့ကျေးဇူးနဲ့ Tupac ဟာ ယနေ့ထက်တိုင် ဟစ်ပ်ဟော့ပ် လောကကို အလွှမ်းမိုးဆုံး အနုပညာရှင် တွေထဲက တစ်ယောက်ဖြစ်နေပါသေးတယ်။ Tupac အသတ်ခံရမှုကို ခုထိ အဖြေမရှာ နိုင်သေးပါဘူး။
၁၃။ The Notorious B.I.G အသတ်ခံရခြင်း။
Christopher George Latore Wallace (210572-090397)
၁၉၉၇ခုနှစ် မတ်လ ၉ရက် မှာ The Notorious BIG ဟာ Vibe မဂ္ဂဇင်းပါတီကအပြန် သေနတ်အပစ်ခံခဲ့ ရပါတယ်။ သူအသတ်ခံရပြီးတဲ့ နောက်မှာ East Coast နဲ့ West Coast တစ်ခွင် ညည်းတွားမှုတွေက ပွက်လောညံခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ Hip-Hop လောကမှာ အာဇာနည်နောက်တစ်ဦး ထွက်ပေါ် လာခဲ့ပါတယ်။
၁၄။ L Boogie ရဲ့ကြီးစိုးမှု။
အမျိုးသမီး ရပ်ပ်အဆိုတော် Lauryn Hill ကို L Boogie လို့လည်း ခေါ်ကြပါတယ်။ ၁၉၉၈ခုနှစ် သြဂုတ်လမှာ Lauryn Hill ရဲ့ ပွဲဦးထွက် အယ်လ်ဘမ် ‘The Miseducation of Lauryn Hill’ ဟာ ဂရမ်မီဆုရရှိဖို့ လျာထားခြင်းခံခဲ့ရပြီး ၁၉၉၉ခုနှစ် ဂရမ်မီဆုပေးပွဲမှာ နှစ်တစ်နှစ်ရဲ့အကောင်းဆုံးတေး အယ်လ်ဘမ်ဆု အပြင် ဂရမ်မီဆု ၅ဆု ရရှိခဲ့ပါတယ်။ အမျိုးသမီး ရပ်ပ် အဆိုတော်ဖြစ်တဲ့အတွက် ရပ်ပ်အဆိုတော်တွေကြားမှာ အထင်ကရဖြစ်ခဲ့ပါတယ်။
၁၅။ Flavor Flav အောင်မြင်ကျော်ကြားလာမှု။
၂၀၀၄ခုနှစ် စက်တင်ဘာလမှာ Public Enemy တေးဂီတအဖွဲ့ဝင် Flavor Flav ဟာ VH1 အမေရိကန် တီဗွီလိုင်းထုတ်လွှင့်မှုမှာ ပါလာပါတယ်။ ဟစ်ပ်ဟော့ပ် လောကရဲ့ အကြီးစိုးဆုံးသော ဟစ်ပ်ဟော့ပ် နောက်ခံအဆိုတော်ဟာ  တီဗွီလိုင်းမှာ pop ယဉ်ကျေးမှုထက်ကို နေရာရလာခဲ့ပါတယ်။ Flav ဟာ လက်တွေ့ဘ၀မှာလည်း အထက်တန်း အောင်မြင်ခဲ့ပြီး သူ့ကိုယ်သူ အဖတ်ဆယ်နိုင်ခဲ့ပါတယ်။
၁၆။ Jay-Z အလုပ်ရခြင်း။
မကြာသေးမီကမှ အလုပ်နားခဲ့တဲ့ Jay-Z ဟာ ၂၀၀၄ခုနှစ်၊ ဒီဇင်ဘာလမှာ Def Jam တေးထုတ်လုပ်ရေးရဲ့ ဥက္ကဋ္ဌဖြစ်လာပါတယ်။ မူးယစ်ဆေးရောင်းတဲ့ ဘ၀ကနေ တဆင့် အောင်မြင်ကျော်ကြားတဲ့ ရပ်ပ်အဆိုတော် တစ်ဦးအဖြစ်၊ ဂီတအကျော်အမော်တစ်ဦးအဖြစ်ကို ရောက်ရှိခဲ့တာပါ။
၁၇။ Kanye West က သမ္မတ Bush ကိုစိန်ခေါ်ခြင်း။
အမေရိကန်မှာ အဆိုးရွားဆုံးဖြစ်ခဲ့တဲ့ ဟာရီကိန်း ကက်ထရီးနား ရဲ့ဘေးဒုက္ခသည် တွေအတွက် ရန်ပုံငွေရှိုးပွဲ live ကို NBC(အမျိုးသားရုပ်သံကော်ပိုရေးရှင်း) ကတဆင့် ၂၀၀၅ခုနှစ် စက်တင်ဘာလ မှာ ပြသခဲ့ပါတယ်။ အဲ့ဒီ့မှာ ဟစ်ပ်ဟော့ပ်အဆိုတော် Kanye West ဟာ ‘George Bush က ငါတို့လူမဲတွေအကြောင်း ဂရုမစိုက်ဘူး။’ လို့ မဆင်မခြင်နဲ့ ပြောခဲ့ပါတယ်။ Kanye က Dubya( Bush ရဲ့နာမည်ပြောင်) ကိုတောင်းပန်ခဲ့ရတယ်။ ဒါဟာ ဟစ်ပ်ဟော့ပ် လောကရဲ့တကယ့် အဖြစ်အပျက်တစ်ခုပါ။
၁၈။ DJ Drama ထောင်ကျလုနီးပါး ဖြစ်ခြင်း။
DJ Drama ဟာ Atlantaမြို့မှာ တရားမ၀င် mixtapes တွေရောင်းချမှုနဲ့ ပတ်သက်ပြီး သူ့ရဲ့ရုံးတွေကို ဗဟိုအစိုးရရဲတပ်ဖွဲ့က ၂၀၀၅ခုနှစ် စက်တင်ဘာလမှာ ၀င်ရောက်စီးနင်းခဲ့ပါတယ်။ တကယ်တော့ အဲ့ဒီ့တရားမ၀င် အယ်လ်ဘမ်တွေဟာ အဆိုတော်တွေ ကိုယ်တိုင်က အရောင်းမြှင့်တင်တဲ့ အနေနဲ့ ပေးခဲ့တာပါ။

၁၉။ ဟစ်ပ်ဟော့ပ်ဂီတရဲ့ လှုပ်ခါနိုင်စွမ်း။
Grandmaster Flash & Furious Five အဖွဲ့ဟာ လူတွေရဲ့ အသည်းနှလုံးကို လှုပ်ခါနိုင်ခဲ့ပြီး နာမည်ကျော် စာရင်းဝင်တွေဖြစ်ခဲ့ပါတယ်။ ၁၉၈၃ခုနှစ်မှာ ကနေစတင်တည်ထောင်ပြီး ၁၉၈၆ ခုနှစ်မှာ ပထမတန်းနေရာ ရောက်ခဲ့ပါတယ်။ သူတို့ဟာ ဟစ်ဟော့ပ်လောကမှာ အချိန်ကြာကြာ လွှမ်းမိုးနိုင်တဲ့ အဖွဲ့ပါပဲ။

၂၀။ ပြိုင်ဘက်ကို ခေါက်ထားနိုင်ခဲ့တဲ့ အမေရိကန်သမ္မတ Obama
၂၀၀၈ခုနှစ် ဧပြီလဟာ အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် စည်းရုံးလှုံ့ဆော်နေကြတဲ့ အချိန်ဖြစ်ပါတယ်။ ဒီမိုကရက်တစ်ပါတီဝင် ကိုယ်စားလှယ်လောင်း Hillary Clinton က သမ္မတလောင်းဖြစ်သူ Obama ကို တစ်ဖက်ကသမ္မတလောင်းနဲ့ယှဉ်ပြိုင်ရာမှာ သုံးဖို့ အကြံတစ်ရပ်ပေးခဲ့ပါတယ်။ ခေါက်ထားလိုက် လို့အဓိပ္ပါယ်ရတဲ့ စကားတစ်ခွန်းပါပဲ။ Obama ကလည်း တစ်ဖက်လူကို ခေါက်ထားနိုင်ခဲ့ပါတယ်။ Jay-Zရဲ့ သီချင်းစာသား ‘Dirt Off Your Shoulder’ ဟာလည်း ခေါက်ထားလိုက်(sဂရုကိုမစိုက်တာ)ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ သမ္မတ Obama ဟာ နိုင်ငံရေးနဲ့ ဟစ်ဟော့ပ်ကို ပေါင်းစပ်ထားတဲ့ ယဉ်ကျေးမှု အသိုင်းအ၀ိုင်းကနေ ပေါက်ဖွားလာသူ တစ်ယောက်ပါပဲ။
(Ref:theboombox)

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.