Posted by Black Magic | Posted in Website အညွှန်း | Posted on 8:39 PM
software တွေ တော်တော်များများကို တင်လိုက်၊ ဖြုတ်လိုက် လုပ်လာရင်းနဲ့ သတိထားမိတာက သူတို့တွေရဲ့ Installer တွေက ပုံစံတွေ တူနေတာကို သတိထားမိပါတယ်။ Wizard မှာလည်း InstallShield ဆိုတာ ပါလာလေ့ရှိတယ်။ အဲဒါနဲ့ InstallShield ဆိုတာ Installer လုပ်တဲ့ Software ပဲလို့ ယူဆပြီး ခွေဆိုင်ရောက်တော့ InstallShield ကို ရှာဝယ်ပြီး စမ်းခဲ့ဖူးပါတယ်။ ဒါပေမဲ့ သုံးရတာနှေးတာရယ်၊ ရှုပ်ထွေးတာရယ်ကြောင့် မသုံးဖြစ်တော့ဘူး။ ပြီးတော့ Package ထုတ်စရာလည်း သိပ်မရှိဘူးလေ။
ဟိုတစ်လောကစပြီး ခေါင်းထဲမှာ အကြံတစ်ခုရတယ်။ Myanmar3 Unicode ရယ်၊ သင်တန်းမှာသုံးတဲ့ Mouse Lesson Game တစ်ခုဖြစ်တဲ့ VCop2 ရယ်၊ နောက် မြန်မာ Typing Tutor တစ်ခုဖြစ်တဲ့ TypingXP တွေဟာ Install လုပ်ရတာ နည်းနည်းလက်ဝင်တယ်လေ။ Program Files အောက် သွားထည့်ရတာနဲ့၊ Desktop ပေါ်မှာ Shortcut ကိုယ့်ဘာသာကို တင်ရတာနဲ့ဆိုတော့ အတော်လေး အချိန်ပေးရတယ်။ အဲဒါနဲ့ အဲဒါတွေအတွက် ကိုယ့်ဘာသာကိုယ် Installer တွေ လုပ်ကြည့်မယ်ဆိုပြီး ဆုံးဖြတ်လိုက်ပါတယ်။
အခုအချိန်မှာ တော်တော်များများက WinRAR self extracting archive ကိုပဲ Installer အနေနဲ့ လုပ်နေကြတာကိုလည်း သိပ်မကြိုက်ဘူး။ ပြီးတော့ InstallShield ကိုလည်း မသုံးချင်ဘူး။ သူက Free ပေးတာမဟုတ်ဘူးလေ။ Crack ဖြည်တိုင်း စိတ်ထဲမှာ ခိုးသုံးနေရတယ်ဆိုတဲ့ အသိကြီး ရောက်လာတာကိုက မကောင်းဘူး။ အဲဒါနဲ့ Free ပေးတာတွေ လိုက်ရှာတော့ Inno Setup Compiler ဆိုတာကို တွေ့ပါတယ်။ အတော်လေး ကောင်းပါတယ်။ ဒါပေမဲ့ သုံးရတာ အလွယ်တကူကြီး မဟုတ်ဘူး။ Script တွေရေးရတယ်။ Compile လုပ်ရတယ်။ ပြီးတော့ Output အနေနဲ့ Installer Package တစ်ခု ထွက်လာပါတယ်။ စိတ်ဝင်စားစရာကောင်းတယ်။ ပညာပါတယ်။ နောက်ရက်တွေမှာလည်း ကျွန်တော်လုပ်ထားတဲ့ Installer လေးတွေကို Share လုပ်သွားပါဦးမယ်။
Inno ကိုစမ်းသပ်လိုသူများ www.innosetup.com သို့ သွားကြပါကုန်။
ှShare From IT MEN
Comments (0)
Post a Comment