အမေရိကန်စစ်တပ်က Iron Man ဝတ်စုံများဖန်တီးတော့မည်

Posted by Black Magic | Posted in , | Posted on 9:37 PM

Photo: အမေရိကန်စစ်တပ်က Iron Man ဝတ်စုံများဖန်တီးတော့မည်

==================================
ခွန်နေ(AMMG)

အမေရိကန် စစ်တပ်ကနေပြီးတော့ အရင်တုန်းက သူ့ရဲ့စစ်သည်တော်တွေ အတွက် စွမ်းဆောင်ရည် ပိုမိုမြင့်မားစေခဲ့တဲ့ Exoskeleton စနစ်ကို တည်ထွင်ခဲ့လို့အပြီး ယခု တစ်ခါမှာတော့ Iron Man စတိုင်လ် နည်းပညာစစ် ဝတ်စုံတွေကို မကြာမီဖန်တီးတော့မယ်လို့ဆိုပါတယ်။

အဆိုပါ စစ်ဝတ်စုံတွေကို အမေရိကန်အစိုးရရဲ့ သုတေသနအဖွဲ့နှင့် နည်းပညာကုမ္ပဏီ အချို့နဲ့ပူးပေါင်းကာထုတ်လုပ်သွားဖွယ် ရှိတယ်လို့ သိရပါတယ်။ ယခင်က စမ်းသပ်ထားတဲ့ Exoskeleton ထက်ယခုဖန်တီးမယ့် Tactical Assault Light Operator Suite မှာတော့ အာရုံခံကိရိယာတွေ အပြင် ခေတ်မှီနည်းပညာ အစိတ်အပိုင်းများကိုပါ ထည့်သွင်းတည်ဆောက် သွားမယ်လို့ဆိုပါတယ်။ 

အဆိုပါစစ်ဝတ်စုံအနေနဲ့ အပိုဝန်ပိုများကိုသယ်ဆောင်နိုင်စေရန် Hydraulics စနစ်တွေကို ထည့်သွင်းတည်ဆောက်ထားတဲ့အပြင် စစ်သည်ရဲ့ ကိုယ်အပူ
ချိန်၊ နှလုံးခုန်နှုန်း၊ ရေဓာတ်ခမ်းခြောက်မှု အစရှိတဲ့ စံနှုန်းများကိုလည်း အာရုံ
ခံစနစ်က တိုင်းတာအသိပေးသွားမှာဖြစ်ပါတယ်။ ပြီးတော့ အဆိုပါ ဝတ်စုံဟာ
လူမှုကွန်ယက်တွေနဲ့ ချိတ်ဆက်နိုင်မယ့်အပြင် Google Glass လိုတပ်ဆင်နိုင်
မယ့် ကွန်ပျူတာငယ်များကိုပါ ထည့်သွင်းတည်ဆောက် သွားမယ်လို့သိရပါ
တယ်။

အဆိုပါစီမံကိန်းကို ပညာရှင်တွေက သုံးနှစ်အချိန်ယူ စမ်းသပ်သွားမှာဖြစ်
ကြောင်း ပြောဆိုထားပါတယ်။

Ref:Arena

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free

Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.