ပန်းရောင် Lamborghini စီးဖို့ ဆန္ဒပြည့်သွားတဲ့ ကလေးငယ်

Posted by Black Magic | Posted in , | Posted on 8:47 PM


lam
Emilia Palmer လို့အမည်ရတဲ့ အင်္ဂလန်နိုင်ငံ အသက် ၈ နှစ်အရွယ် ကလေးမလေး တစ်ဦးပါ။ ဘယ်သူမှ မဖြစ်တဲ့ အသဲနဲ့
ဆက်စပ် ရောဂါ တစ်မျိုး ဖြစ်ပွားပြီး တမလွန်ကို ခရီးသွားဖို့ သေချာနေပြီဖြစ်တဲ့ ကလေး မလေး တစ်ဦး ဖြစ်ပါတယ်။ သူမရဲ့  နောက်ဆုံး ဆန္ဒ တစ်ခုက ဘာလဲ လို့ မေးလိုက်တော့ ပန်းရောင် Lamborghini ပြိုင်ကားပေါ်မှာ တစ်ပတ် လိုက်စီးရရင် တော်ပါပြီတဲ့။

သူ့ဆန္ဒ ပြည့်အောင် ဖြည့်ဆည်းပေးလိုက်သူများကတော့ Rays of Sunshine လို့ အမည်ရတဲ့ ဗြိတိန်အခြေဆိုက် ပရဟိတ အဖွဲ့တစ်ခု ဖြစ် ပါတယ်။ Make A Wish Foundation အဖွဲ့လိုပဲ ကုမရနိုင်တဲ့ ရောဂါ အမျိုးမျိုးကြောင့် ကွယ်လွန်တော့မယ့် ကလေးငယ်များကို ဆန္ဒ လိုက်လံ ဖြည့်ဆည်းပေးနေတဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်ပါတယ်။ Rays of Sunshine က ယင်းဆန္ဒကို ဖြည့်ဆည်းပေး ဖို့အတွက် ကားတစ်စီး လှူဒါန်းမှုကို လက်ခံ ရရှိခဲ့ ပါတယ်။ ကားကို ရရှိတုန်းက Lamborghini Aventador အဖြူရောင်ပါ။ ဒီတော့ ပန်းရောင် ဖြစ်အောင် ဝေပ်ရှော့ တစ်ခုမှာ ပြန်လည် ဆေးမှုတ် ပြင်ဆင်ရပါသေးတယ်။
ပြီးတာနဲ့ ကလေးငယ်လေးရဲ့  အိမ်ကို သွားပြီး ကားတစ်ပတ်လိုက်စီး ဖို့ ခေါ်ခဲ့ပါတယ်။ ဒီတော့ ငွေကုန်ကြေးကျ အကုန်ခံပြီး အလုပ်မရှိ လုပ်နေ တယ်လို့ အချို့ က စဉ်းစားပါလိမ့်မယ်။ အမှန်ကတော့ ဒီလို အသက် မသေသင့်ပဲနဲ့ သေဆုံးရမယ့် ကလေးငယ်များ၊ လူသားများကို ကမ္ဘာက ပိုမိုအာရုံစိုက်လာရန်လည်း ပါဝင်ပါတယ်။ သူတို့လေးအတွက် လိုအပ်ချက်က လက်ဆောင်ပစ္စည်းမဟုတ်ပါဘူး။ အမှန်တကယ်က ဆေးဝါးနှင့် ကုသမှု နည်းပညာ ဖြစ်ပါတယ်။ ဒါကို တစ်ကမ္ဘာလုံးက သိရှိလာပြီး စာနာ သနားမှု စိတ်ဓာတ် အပြည့်နဲ့ လှူဒါန်းမှုများ၊ ဖြေဆေး ရှာဖွေဖော်ထုတ်မှု များ ဖြစ်ပေါ် လာစေရန် ဖြစ်ပါတယ်။
Lamborghini Aventador ပန်းရောင်ပေါ်မှာ ပျော်ရွှင်နေတဲ့ ကလေးရဲ့  ဟန်ပန်အမူအရာများကို အောက်ပါ ဗီဒီယိုမှာ လေ့လာ နိုင်ပါတယ်။





.
http://youtu.be/G2XqNMuY0qY

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.